ငွေကြေးသုံးပြီး ကစားသမားအင်းအားဖြည့်ထားတဲ့ ချဲလ်ဆီး အောင်မြင်မှုတွေဆီ နောက်တစ်ဖန် ဦးတည်သွားမှာလား

0
288

 

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရလို့ ကစားသမား ခေါ်ယူခွင့်မရခဲ့သလို ရှိတဲ့ ကစားသမားတွေနဲ့ အသင်းကို လမ်းပတ်က အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပါတယ်။ ယခုနှစ် နွေရာသီမှာတော့ ချဲလ်ဆီးအသင်းအတွက် ပြုပြင်ပြောင်းလဲမှုတွေအတွက် ငွေကြေးများစွာ သုံးစွဲခဲ့သလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခြားအသင်းတွေ ငြိမ်သက်နေချိန်မှာ ချဲလ်ဆီးကတော့ ကစားသမားသစ်တွေ ခေါ်ယူဖို့ အလုပ်ရှုပ်နေပါတယ်။

ချဲလ်ဆီးက ပထမဆုံးအနေနဲ့ ဇီယက်ချ်ကို အေဂျက်အသင်းကနေ ပေါင် ၃၈ သန်းနဲ့ စတင်ခေါ်ယူခဲ့ ပါတယ်။ ယင်းနောက်မှာ ပရီးမီးယားလိဂ် ချန်ပီယံလီဗာပူးလ်နဲ့အပြိုင် လိုက်ပ်ဇစ် ကစားသမား ဝါနာကို ပေါင် ၅၃ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ နောက်ထပ်ပြီး လီဗာကူဆင်ရဲ့ ကစားသမား ဟာဗက်ဇ်ကိုလည်း ပေါင်သန်း ၉၀ နဲ့ ခေါ်ယူဖို့ သေချာမှုတွေ ဖြစ်လာဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးက လက်စတာခံစစ်ကစားသမား ချီဝဲလ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့သလို ခံစစ်ပိုင်းအတွက် နောက်ထပ်ပြီး ပီအက်စ်ဂျီကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ဆေးလ်ဗားကို ခေါ်ယူသလို နိုက်အသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်ဖြစ်နေတဲ့ လူငယ်ခံစစ်ကစားသမား ဆာကိုလည်း ထပ်မံခေါ်ယူလိုက်ပါတယ်။ ဒါ့အပြင် အေဂျက်အသင်းရဲ့ ဂိုးသမား အိုနာနာကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ ရှိနေပြီး လက်ရှိဂိုးသမား အာရီဇာဘာလာဂါရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ပြင်ဆင်နေပါတယ်။

တကယ်လို့ ချဲလ်ဆီးအသင်းက နောက်ထပ်ခေါ်ယူမဲ့ ကစားသမားခေါ်ယူစရိတ်တွေကို ပေါင်းလိုက်မယ် ဆိုရင် ပေါင်သန်း ၂၅၀ ဝန်းကျင်ကုန်ကျသွားမှာပါ။ ဒါကြောင့် ပေါင်သန်း ၂၅၀ ရင်းနှီးပြီးနောက်မှာ ချဲလ်ဆီးရဲ့ ချန်ပီယံဖြစ်ခွင့် စိန်ခေါ်မှုက အထမြောက်သွားမလားဆိုတာ စဉ်းစားစရာ တစ်ခုဖြစ်စေပါတယ်။

187

ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင် လမ်းပတ်အခုလို ခေါ်ယူခြင်းကလည်း အသင်းရဲ့ ကစားသမား ရှစ်ယောက်က သီးသန်းခွဲထားပြီးနောက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးချိန်မှာ ကစားသမားခြောက်ယောက်မှာ ရောဂါပိုးကူးစက်ခံထားရပါတယ်။ ဒါကြောင့် ရာသီကြိုခြေစမ်းပွဲတွေမှာ လမ်းပတ်အတွက် အကြပ်အတည်း တစ်ခုဖြစ်စေခဲ့ပါတယ်။

ရောဂါပိုးတွေ့ရှိလို့ သီးသန့်ခွဲထားရတဲ့ ကစားသမားတွေက မန်ဆန်မောက်၊ အေဘရာဟင်၊ ပူလီဆစ်၊ တိုမိုရီတို့မှာ တွေ့ရှိခဲ့သလို သူတို့တွေနဲ့အတူ အားလပ်ရက်မှာ ပြန်ခဲ့ကြတဲ့ မိုင်ကိုနော၊ ဘာကလေ၊ ဘက်ရှူဟာရီ၊ ဂျော်ဂျင်ဟိုနဲ့ အီမာဆင်တို့မှာလည်း သီးခြားနေထိုင်နေရပါတယ်။ ဒါတွေက လမ်းပတ်အတွက် ရာသီကြို ပြင်ဆင်မှုလုပ်ဖို့အရေးမှာ ဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။

ဒါပေမဲ့ လမ်းပတ်ရဲ့ စိတ်ကူးပိုင်းမှာ ပူလီဆစ်၊ မန်ဆန်မောက်နဲ့ ရောက်မလာသေးတဲ့ ဟာဗက်ဇ်တို့ သုံးယောက်အတွက်က တိုက်စစ်ကို ဦးဆောင်မဲ့ ဝါနာရဲ့ နောက်မှာ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ် နွေရာသီမှာ ဟာဗက်ဇ် မရောက်ခဲ့ရင် မန်ဆန်မောက်နဲ့ ပူလီဆစ်တို့က ချန်ပီယံဖြစ်ရေးကိုအတွက် လိုက်ပ်ဇစ်မှာ ခြေစွမ်းပြပြီး ၃၄ ဂိုးအထိ သွင်းယူနိုင်တဲ့ ဝါနာကို အကောင်းဆုံးပံ့ပိုးပေးသွားရမှာ ဖြစ်ပါတယ်။ မန်ဆန်မောက်နဲ့ ပူလီဆစ်တို့က လက်ရှိအနေအထားမှာ သီးခြားခွဲပြီး နေထိုင်ရမှာ ဖြစ်လို့ ဘောလုံးရာသီသစ်အတွက် အနည်းဆုံး ၁၀ ရက်လောက်နောက်ကျပြီးမှ အသင်းနဲ့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အသစ်ခေါ်ယူထားတဲ့ ဇီယက်ချ်က ၎င်းတို့ရဲ့ နေရာမှာ အစားထိုးကစားသွားရမှာ ဖြစ်ပါတယ်။

နောက်ထပ်ပြီး လမ်းပတ်ရဲ့ ၄-၂-၃-၁ ကစားကွက်ရဲ့ ကွင်းလယ်ပိုင်းမှာ ကန်တီနဲ့ ကိုဗာဆစ်တို့က လမ်းပတ်စိတ်ကြိုက်ကစားသမား နှစ်ဦးဖြစ်ပြီး လာမဲ့ရာသီမှာလည်း ကွင်းလယ်တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းကို မျှအောင် ကစားသွားဦးမယ်ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

186

ပြီးခဲ့တဲ့ နှစ်က ဘယ်တောင်ပံခံစစ်ပိုင်းမှာ အီမာဆင်ကို အသုံးပြုခဲ့သလို အလွန်ဆိုနဲ့ အလှည့်ကျ ကစားခွင့်ပေးခဲပါတယ်။ ဒါပေမဲ့ ယခုလာမဲ့ ဘောလုံးရာသီမှာတော့ ဘယ်တောင်ပံ ခံစစ်ပိုင်းမှာ ချီဝဲလ်က ပထမ ပွဲထွက်ကစားသမားဖြစ်လာနိုင်သလို ၎င်းက ခံစစ်ပိုင်းနဲ့ တိုက်စစ်ပိုင်း နှစ်နေရာလုံးမှာ အပြည့်အ၀ လိုက်ပါ ကစားနိုင်သူဖြစ်ပါတယ်။

ဗဟိုခံစစ်ပိုင်းမှာ ပီအက်စ်ဂျီကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်လာတဲ့ သီယာဂို ဆေးလ်ဗားက ဦးဆောင်သွားမှာ ဖြစ်သလို အသက်အပိုင်းအခြားအရ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားနိုင်ပါတယ်။ ၎င်းက အတွေ့အကြုံမြင့်မားတဲ့ ကစားသမားတစ်ဦးဖြစ်လို့ လူငယ်ခံစစ်ကစားသမားတွေကိုလည်း အတွေ့အကြုံတွေ ဖလှယ်ပေးသွားနိုင်ပါတယ်။ ခံစစ်ကစားသမား ဇူးမားက ပြီးခဲ့တဲ့နှစ်မှာ အကောင်းဆုံးကစား နိုင်ခဲ့သူ ဖြစ်လို့ ဆေးလ်ဗားနဲ့ တွဲပြီး ခံစစ်ပိုင်းမှာ တာဝန်ယူသွားမှာဖြစ်သလို ဆေးလ်ဗားကလည်း ၎င်းရဲ့ အတွေ့အကြုံတွေနဲ့ ဇူးမားကို ကူညီပေးသွားမှာပါ။ ဇူးမားက အမြင့်ဘောတွေကို ခေါင်းတိုက်ရာမှာ ဆေးလ်ဗားလို ကောင်းမွန်သူ တစ်ဦးဖြစ်ပါတယ်။

ညာတောင်ပံ ခံစစ်ပိုင်းအတွက် ရီစီ ဂျိမ်းကို လာမဲ့နှစ်မှာ နေရာပေးသွားဖို့ ရှိနေပြီး လာမဲ့ ဘောလုံးရာသီဟာ ဂျိမ်း ခြေစွမ်းပြရမဲ့ ချဲလ်ဆီးရဲ့ ခံစစ်ပိုင်းဖြစ်လာနိုင်ပါတယ်။ ဂိုးသမားနေရာမှာတော့ အေဂျက် ဂိုးသမား အိုနာနာကို ခေါ်ယူနိုင်ဖို့ လမ်ပတ်က ကြိုးစားနေပြီး အာရီဇာဘာလာဂါရဲ့ နေရာမှာ အစားထိုးသွားဖို့ ပါတယ်။

ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်အပြင် အခြားပြိုင်ပွဲတွေ ရှိနေလို့ အေဘရာဟင်၊ ဘာကလေတို့ ကလည်း အသင်းအတွက် အသင်ဖြစ်နေမဲ့ ကစားသမားတွေပါ။ ဒါ့အပြင် အိုဒရွိုက်၊ တိုမိုရီတို့လည်း ရှိနေပြီး ဝါရင့် ကစားသမားတွေဖြစ်တဲ့ ရူဒီဂျာ၊ အက်ပလီကျူတာ၊ ဂီရော့တို့လည်း ရှိနေပါတယ်။ နောက်ထပ် နားနေဆောင်အောက်မှာ စောင့်နေမဲ့ကစားသမားတွေက ဂရီမိုအာ၊ လောတက်စ် ချိခ်တို့ကလည်း ကြံ့ခိုင်အပြည့်နဲ့ အသင်းအတွက် စောင့်နေကြမှာပါ။

ဒါကြောင့် လာမဲ့ ဘောလုံးရာသီဟာ ချဲလ်ဆီးရဲ့ နှစ်တစ်နှစ် နောက်တစ်ဖန်ပြန်ဖြစ်လာမလားဆိုတာ စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။

Zawgyi

ေငြေၾကးသုံးၿပီး ကစားသမားအင္းအားျဖည့္ထားတဲ့ ခ်ဲလ္ဆီး ေအာင္ျမင္မႈေတြဆီ ေနာက္တစ္ဖန္ ဦးတည္သြားမွာလား

ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ကစားသမားေခၚယူခြင့္ ပိတ္ပင္ခံထားရလို႔ ကစားသမား ေခၚယူခြင့္မရခဲ့သလို ရွိတဲ့ ကစားသမားေတြနဲ႔ အသင္းကို လမ္းပတ္က အေကာင္းဆုံးဦးေဆာင္နိုင္ခဲ့ပါတယ္။ ယခုႏွစ္ ေႏြရာသီမွာေတာ့ ခ်ဲလ္ဆီးအသင္းအတြက္ ျပဳျပင္ေျပာင္းလဲမႈေတြအတြက္ ေငြေၾကးမ်ားစြာ သုံးစြဲခဲ့သလို ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အျခားအသင္းေတြ ၿငိမ္သက္ေနခ်ိန္မွာ ခ်ဲလ္ဆီးကေတာ့ ကစားသမားသစ္ေတြ ေခၚယူဖို႔ အလုပ္ရႈပ္ေနပါတယ္။
ခ်ဲလ္ဆီးက ပထမဆုံးအေနနဲ႔ ဇီယက္ခ်္ကို ေအဂ်က္အသင္းကေန ေပါင္ ၃၈ သန္းနဲ႔ စတင္ေခၚယူခဲ့ ပါတယ္။ ယင္းေနာက္မွာ ပရီးမီးယားလိဂ္ ခ်န္ပီယံလီဗာပူးလ္နဲ႔အၿပိဳင္ လိုက္ပ္ဇစ္ ကစားသမား ဝါနာကို ေပါင္ ၅၃ သန္းနဲ႔ေခၚယူခဲ့ပါတယ္။ ေနာက္ထပ္ၿပီး လီဗာကူဆင္ရဲ့ ကစားသမား ဟာဗက္ဇ္ကိုလည္း ေပါင္သန္း ၉၀ နဲ႔ ေခၚယူဖို႔ ေသခ်ာမႈေတြ ျဖစ္လာဖို႔ ႀကိဳးစားေနပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးက လက္စတာခံစစ္ကစားသမား ခ်ီဝဲလ္ကို ေပါင္သန္း ၅၀ နဲ႔ ေခၚယူခဲ့သလို ခံစစ္ပိုင္းအတြက္ ေနာက္ထပ္ၿပီး ပီအက္စ္ဂ်ီကေန ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေဆးလ္ဗားကို ေခၚယူသလို နိုက္အသင္းကေန ေျပာင္းေရႊ႕ေၾကးအလြတ္ျဖစ္ေနတဲ့ လူငယ္ခံစစ္ကစားသမား ဆာကိုလည္း ထပ္မံေခၚယူလိုက္ပါတယ္။ ဒါ့အျပင္ ေအဂ်က္အသင္းရဲ့ ဂိုးသမား အိုနာနာကို ေပါင္သန္း ၃၀ ဝန္းက်င္နဲ႔ ေခၚယူဖို႔ ရွိေနၿပီး လက္ရွိဂိုးသမား အာရီဇာဘာလာဂါရဲ့ ေနရာမွာ အစားထိုးနိုင္ဖို႔ ျပင္ဆင္ေနပါတယ္။
တကယ္လို႔ ခ်ဲလ္ဆီးအသင္းက ေနာက္ထပ္ေခၚယူမဲ့ ကစားသမားေခၚယူစရိတ္ေတြကို ေပါင္းလိုက္မယ္ ဆိုရင္ ေပါင္သန္း ၂၅၀ ဝန္းက်င္ကုန္က်သြားမွာပါ။ ဒါေၾကာင့္ ေပါင္သန္း ၂၅၀ ရင္းႏွီးၿပီးေနာက္မွာ ခ်ဲလ္ဆီးရဲ့ ခ်န္ပီယံျဖစ္ခြင့္ စိန္ေခၚမႈက အထေျမာက္သြားမလားဆိုတာ စဥ္းစားစရာ တစ္ခုျဖစ္ေစပါတယ္။
ဒါေပမဲ့ တစ္ဖက္က ျပန္ၾကည့္ရင္ လမ္းပတ္အခုလို ေခၚယူျခင္းကလည္း အသင္းရဲ့ ကစားသမား ရွစ္ေယာက္က သီးသန္းခြဲထားၿပီးေနာက္ ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးခ်ိန္မွာ ကစားသမားေျခာက္ေယာက္မွာ ေရာဂါပိုးကူးစက္ခံထားရပါတယ္။ ဒါေၾကာင့္ ရာသီႀကိဳေျခစမ္းပြဲေတြမွာ လမ္းပတ္အတြက္ အၾကပ္အတည္း တစ္ခုျဖစ္ေစခဲ့ပါတယ္။
ေရာဂါပိုးေတြ႕ရွိလို႔ သီးသန႔္ခြဲထားရတဲ့ ကစားသမားေတြက မန္ဆန္ေမာက္၊ ေအဘရာဟင္၊ ပူလီဆစ္၊ တိုမိုရီတို႔မွာ ေတြ႕ရွိခဲ့သလို သူတို႔ေတြနဲ႔အတူ အားလပ္ရက္မွာ ျပန္ခဲ့ၾကတဲ့ မိုင္ကိုေနာ၊ ဘာကေလ၊ ဘက္ရႉဟာရီ၊ ေဂ်ာ္ဂ်င္ဟိုနဲ႔ အီမာဆင္တို႔မွာလည္း သီးျခားေနထိုင္ေနရပါတယ္။ ဒါေတြက လမ္းပတ္အတြက္ ရာသီႀကိဳ ျပင္ဆင္မႈလုပ္ဖို႔အေရးမွာ ေဒါသထြက္စရာ ျဖစ္ေစခဲ့ပါတယ္။
ဒါေပမဲ့ လမ္းပတ္ရဲ့ စိတ္ကူးပိုင္းမွာ ပူလီဆစ္၊ မန္ဆန္ေမာက္နဲ႔ ေရာက္မလာေသးတဲ့ ဟာဗက္ဇ္တို႔ သုံးေယာက္အတြက္က တိုက္စစ္ကို ဦးေဆာင္မဲ့ ဝါနာရဲ့ ေနာက္မွာ ရပ္တည္သြားမွာ ျဖစ္ပါတယ္။ ဒီႏွစ္ ေႏြရာသီမွာ ဟာဗက္ဇ္ မေရာက္ခဲ့ရင္ မန္ဆန္ေမာက္နဲ႔ ပူလီဆစ္တို႔က ခ်န္ပီယံျဖစ္ေရးကိုအတြက္ လိုက္ပ္ဇစ္မွာ ေျခစြမ္းျပၿပီး ၃၄ ဂိုးအထိ သြင္းယူနိုင္တဲ့ ဝါနာကို အေကာင္းဆုံးပံ့ပိုးေပးသြားရမွာ ျဖစ္ပါတယ္။ မန္ဆန္ေမာက္နဲ႔ ပူလီဆစ္တို႔က လက္ရွိအေနအထားမွာ သီးျခားခြဲၿပီး ေနထိုင္ရမွာ ျဖစ္လို႔ ေဘာလုံးရာသီသစ္အတြက္ အနည္းဆုံး ၁၀ ရက္ေလာက္ေနာက္က်ၿပီးမွ အသင္းနဲ႔ ပါဝင္နိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အသစ္ေခၚယူထားတဲ့ ဇီယက္ခ်္က ၎တို႔ရဲ့ ေနရာမွာ အစားထိုးကစားသြားရမွာ ျဖစ္ပါတယ္။
ေနာက္ထပ္ၿပီး လမ္းပတ္ရဲ့ ၄-၂-၃-၁ ကစားကြက္ရဲ့ ကြင္းလယ္ပိုင္းမွာ ကန္တီနဲ႔ ကိုဗာဆစ္တို႔က လမ္းပတ္စိတ္ႀကိဳက္ကစားသမား ႏွစ္ဦးျဖစ္ၿပီး လာမဲ့ရာသီမွာလည္း ကြင္းလယ္တိုက္စစ္ပိုင္းနဲ႔ ခံစစ္ပိုင္းကို မၽွေအာင္ ကစားသြားဦးမယ္ဆိုတာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ႏွစ္က ဘယ္ေတာင္ပံခံစစ္ပိုင္းမွာ အီမာဆင္ကို အသုံးျပဳခဲ့သလို အလြန္ဆိုနဲ႔ အလွည့္က် ကစားခြင့္ေပးခဲပါတယ္။ ဒါေပမဲ့ ယခုလာမဲ့ ေဘာလုံးရာသီမွာေတာ့ ဘယ္ေတာင္ပံ ခံစစ္ပိုင္းမွာ ခ်ီဝဲလ္က ပထမ ပြဲထြက္ကစားသမားျဖစ္လာနိုင္သလို ၎က ခံစစ္ပိုင္းနဲ႔ တိုက္စစ္ပိုင္း ႏွစ္ေနရာလုံးမွာ အျပည့္အ၀ လိုက္ပါ ကစားနိုင္သူျဖစ္ပါတယ္။
ဗဟိုခံစစ္ပိုင္းမွာ ပီအက္စ္ဂ်ီကေန ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေရာက္လာတဲ့ သီယာဂို ေဆးလ္ဗားက ဦးေဆာင္သြားမွာ ျဖစ္သလို အသက္အပိုင္းအျခားအရ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူသြားနိုင္ပါတယ္။ ၎က အေတြ႕အၾကဳံျမင့္မားတဲ့ ကစားသမားတစ္ဦးျဖစ္လို႔ လူငယ္ခံစစ္ကစားသမားေတြကိုလည္း အေတြ႕အၾကဳံေတြ ဖလွယ္ေပးသြားနိုင္ပါတယ္။ ခံစစ္ကစားသမား ဇူးမားက ၿပီးခဲ့တဲ့ႏွစ္မွာ အေကာင္းဆုံးကစား နိုင္ခဲ့သူ ျဖစ္လို႔ ေဆးလ္ဗားနဲ႔ တြဲၿပီး ခံစစ္ပိုင္းမွာ တာဝန္ယူသြားမွာျဖစ္သလို ေဆးလ္ဗားကလည္း ၎ရဲ့ အေတြ႕အၾကဳံေတြနဲ႔ ဇူးမားကို ကူညီေပးသြားမွာပါ။ ဇူးမားက အျမင့္ေဘာေတြကို ေခါင္းတိုက္ရာမွာ ေဆးလ္ဗားလို ေကာင္းမြန္သူ တစ္ဦးျဖစ္ပါတယ္။
ညာေတာင္ပံ ခံစစ္ပိုင္းအတြက္ ရီစီ ဂ်ိမ္းကို လာမဲ့ႏွစ္မွာ ေနရာေပးသြားဖို႔ ရွိေနၿပီး လာမဲ့ ေဘာလုံးရာသီဟာ ဂ်ိမ္း ေျခစြမ္းျပရမဲ့ ခ်ဲလ္ဆီးရဲ့ ခံစစ္ပိုင္းျဖစ္လာနိုင္ပါတယ္။ ဂိုးသမားေနရာမွာေတာ့ ေအဂ်က္ ဂိုးသမား အိုနာနာကို ေခၚယူနိုင္ဖို႔ လမ္ပတ္က ႀကိဳးစားေနၿပီး အာရီဇာဘာလာဂါရဲ့ ေနရာမွာ အစားထိုးသြားဖို႔ ပါတယ္။
ခ်ဲလ္ဆီးအသင္းက ပရီးမီးယားလိဂ္အျပင္ အျခားၿပိဳင္ပြဲေတြ ရွိေနလို႔ ေအဘရာဟင္၊ ဘာကေလတို႔ ကလည္း အသင္းအတြက္ အသင္ျဖစ္ေနမဲ့ ကစားသမားေတြပါ။ ဒါ့အျပင္ အိုဒရြိဳက္၊ တိုမိုရီတို႔လည္း ရွိေနၿပီး ဝါရင့္ ကစားသမားေတြျဖစ္တဲ့ ႐ူဒီဂ်ာ၊ အက္ပလီက်ဴတာ၊ ဂီေရာ့တို႔လည္း ရွိေနပါတယ္။ ေနာက္ထပ္ နားေနေဆာင္ေအာက္မွာ ေစာင့္ေနမဲ့ကစားသမားေတြက ဂရီမိုအာ၊ ေလာတက္စ္ ခ်ိခ္တို႔ကလည္း ႀကံ့ခိုင္အျပည့္နဲ႔ အသင္းအတြက္ ေစာင့္ေနၾကမွာပါ။
ဒါေၾကာင့္ လာမဲ့ ေဘာလုံးရာသီဟာ ခ်ဲလ္ဆီးရဲ့ ႏွစ္တစ္ႏွစ္ ေနာက္တစ္ဖန္ျပန္ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ သြားရမွာ ျဖစ္ပါတယ္။