“ စျေးများတဲ့ မက်ဆီက လီဗာပူးလ်အသင်းအတွက် မဟုတ်ပါ ” ဆိုပြီး ပြောကြားလိုက်တဲ့ ကလော့ပ်

0
309

 

ယခုနှစ် နွေရာသီမှာ မက်ဆီကို ခေါ်ယူသွားဖို့ပြုလုပ်မှာ မဟုတ်ဘူးလို့ ကလော့ပ်က ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ယူရိုသန်း ၇၀၀ ဆိုတာ များပြားတဲ့ ပြောင်းရွှေ့ကြေးတစ်ခုဖြစ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကလော့ပ် သူတို့အသင်းအတွက် ချစ်စရာကောင်းတဲ့ တိုက်စစ်ကစားသမားကို လိုချင်ပေမဲ့ တောင်းဆိုတဲ့ကြေးက အသင်းရဲ့ ငွေကြေးအတိုင်းအတာနဲ့ မဖြစ်နိုင်ဘူးလို့ ဝန်ခံပြောပါတယ်။

ကွန်မြူနတီဒိုင်းပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန်မှာ ဘာစီလိုနာက ထွက်ခွာဖို့ ရှိတဲ့ မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားလားဆိုပြီး သတင်းထောက်တွေက မေးမြန်းချိန်မှာ ကလော့ပ်က “ စိတ်ဝင်စားလား ဆိုရင်တော့ စိတ်ဝင်စားတယ်ပေါ့။ ဘယ်သူမှာလည်း မက်ဆီကို သူတို့အသင်းတွေအတွက် ရလိုတယ် ခေါ်ယူဖို့ မပြုလုပ်ကြဘူး။ အခွင့်အရေးလည်း မရှိကြဘူး။ ဒီစျေးနှုန်းက အပြည့်အ၀ကို ကွျန်တော်တို့ အတွက် မဟုတ်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ကစားသမားကောင်းပါ ” လို့ ဆိုပါတယ်။

185

မက်ဆီကို ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကခေါ်ယူနိုင်ဖို့ ဖြစ်လာနိုင်တယ်ဆိုပေမဲ့ ဒါကလည်း ပြောင်းရွှေ့ အလွတ်ဖြစ်မှသာ ဖြစ်လာမယ်ဆိုတာ မက်ဆီက ယုံကြည်ထားပါတယ်။ ဘာစီလိုနာအသင်းဘက်ကလည်း မက်ဆီရဲ့ စာချုပ်သက်တမ်းမပြီးဆုံးဘဲ ခေါ်ယူခဲ့ရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ခုကို ပေးဆောင်သွားရမယ် ဆိုတာ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒါအပြင် ယူရိုသန်း ၇၀၀ ပေါင် ၆၂၉ သန်းဆိုတာ ဖီဖာက ချမှတ်ထားတဲ့ သတ်မှတ်ကြေးတဲ့ ကျောလွန်နေတဲ့အတွက် ဂွါဒီယိုလာကို မျက်နှာသာ မပေးတဲ့ ကိစ္စတစ်ခု ဖြစ်နေပါတယ်။

ဒါပေမဲ့လည်း မက်ဆီကို မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီ၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် အသင်းတွေက ခေါ်ယူနိုင်ဖို့ အပြိုင်စိတ်ဝင်စားနေကြောင်း ပြသခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမား သီယာဂို အယ်ကန်တာရာကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေပေမဲ့ သေချာမှု တစ်ခုစီကို မရောက်သေးဘဲ ဖြစ်နေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရှုံးခဲ့ပြီးနောက် မက်ဆီရဲ့ အနာဂတ်ဟာ ဘာစီလိုနာမှာ မသေချာတော့ဘူးဆိုတာ ဖြစ်ပေါ်လာသလို အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ယခုလ အတွင်းမှာ အဆင်မပြေမှုတွေ ဖြစ်လာပါတယ်။ ဘာစီလိုနာက ယခင်မန်နေဂျာ ဆက်တီယမ်ရဲ့ လက်ထက်မှာ ဖလားတစ်လုံးမှာ မရရှိခဲ့လို့ ကိုးမန်းကို အစားထိုးခန့်အပ်ခဲ့ပါတယ်။ အသင်း မန်နေဂျာအသစ် ကိုးမန်းက မက်ဆီနဲ့ အနီးစပ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ဆွာရတ်ဇ်ကို မက်ဆီရဲ့ အနာဂတ်ဟာ ဘာစီလိုနာမှာ ရှိမနေဘူးလို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Zawgyi

“ ေစ်းမ်ားတဲ့ မက္ဆီက လီဗာပူးလ္အသင္းအတြက္ မဟုတ္ပါ ” ဆိုၿပီး ေျပာၾကားလိုက္တဲ့ ကေလာ့ပ္

ယခုႏွစ္ ေႏြရာသီမွာ မက္ဆီကို ေခၚယူသြားဖို႔ျပဳလုပ္မွာ မဟုတ္ဘူးလို႔ ကေလာ့ပ္က ဆိုပါတယ္။ ဘာေၾကာင့္လဲဆိုရင္ေတာ့ ယူရိုသန္း ၇၀၀ ဆိုတာ မ်ားျပားတဲ့ ေျပာင္းေရႊ႕ေၾကးတစ္ခုျဖစ္ေနတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ကေလာ့ပ္ သူတို႔အသင္းအတြက္ ခ်စ္စရာေကာင္းတဲ့ တိုက္စစ္ကစားသမားကို လိုခ်င္ေပမဲ့ ေတာင္းဆိုတဲ့ေၾကးက အသင္းရဲ့ ေငြေၾကးအတိုင္းအတာနဲ႔ မျဖစ္နိုင္ဘူးလို႔ ဝန္ခံေျပာပါတယ္။

ကြန္ျမဴနတီဒိုင္းပြဲစဥ္အတြက္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခ်ိန္မွာ ဘာစီလိုနာက ထြက္ခြာဖို႔ ရွိတဲ့ မက္ဆီကို ေခၚယူဖို႔ စိတ္ဝင္စားလားဆိုၿပီး သတင္းေထာက္ေတြက ေမးျမန္းခ်ိန္မွာ ကေလာ့ပ္က “ စိတ္ဝင္စားလား ဆိုရင္ေတာ့ စိတ္ဝင္စားတယ္ေပါ့။ ဘယ္သူမွာလည္း မက္ဆီကို သူတို႔အသင္းေတြအတြက္ ရလိုတယ္ ေခၚယူဖို႔ မျပဳလုပ္ၾကဘူး။ အခြင့္အေရးလည္း မရွိၾကဘူး။ ဒီေစ်းႏႈန္းက အျပည့္အ၀ကို ကြ်န္ေတာ္တို႔ အတြက္ မဟုတ္ဘူးျဖစ္ေနတယ္။ ဒါေပမဲ့ ကစားသမားေကာင္းပါ ” လို႔ ဆိုပါတယ္။
မက္ဆီကို ဂြါဒီယိုလာရဲ့ မန္စီးတီးအသင္းကေခၚယူနိုင္ဖို႔ ျဖစ္လာနိုင္တယ္ဆိုေပမဲ့ ဒါကလည္း ေျပာင္းေရႊ႕ အလြတ္ျဖစ္မွသာ ျဖစ္လာမယ္ဆိုတာ မက္ဆီက ယုံၾကည္ထားပါတယ္။ ဘာစီလိုနာအသင္းဘက္ကလည္း မက္ဆီရဲ့ စာခ်ဳပ္သက္တမ္းမၿပီးဆုံးဘဲ ေခၚယူခဲ့ရင္ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးတစ္ခုကို ေပးေဆာင္သြားရမယ္ ဆိုတာ ထုတ္ျပန္ထားၿပီးျဖစ္ပါတယ္။ ဒါအျပင္ ယူရိုသန္း ၇၀၀ ေပါင္ ၆၂၉ သန္းဆိုတာ ဖီဖာက ခ်မွတ္ထားတဲ့ သတ္မွတ္ေၾကးတဲ့ ေက်ာလြန္ေနတဲ့အတြက္ ဂြါဒီယိုလာကို မ်က္ႏွာသာ မေပးတဲ့ ကိစၥတစ္ခု ျဖစ္ေနပါတယ္။
ဒါေပမဲ့လည္း မက္ဆီကို မန္စီးတီး၊ မန္ခ်က္စတာယူနိုက္တက္၊ ပီအက္စ္ဂ်ီ၊ အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္စ္ အသင္းေတြက ေခၚယူနိုင္ဖို႔ အၿပိဳင္စိတ္ဝင္စားေနေၾကာင္း ျပသခဲ့ၾကပါတယ္။ လီဗာပူးလ္အသင္းက ဘိုင္ယန္ျမဴးနစ္အသင္းရဲ့ ကြင္းလယ္ကစားသမား သီယာဂို အယ္ကန္တာရာကို ေခၚယူနိုင္ဖို႔ ခ်ိတ္ဆက္ေနေပမဲ့ ေသခ်ာမႈ တစ္ခုစီကို မေရာက္ေသးဘဲ ျဖစ္ေနပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းကို ၈-၂ နဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ရႈံးခဲ့ၿပီးေနာက္ မက္ဆီရဲ့ အနာဂတ္ဟာ ဘာစီလိုနာမွာ မေသခ်ာေတာ့ဘူးဆိုတာ ျဖစ္ေပၚလာသလို အသင္းရဲ့ ဘုတ္အဖြဲ႕ဝင္ေတြနဲ႔ ယခုလ အတြင္းမွာ အဆင္မေျပမႈေတြ ျဖစ္လာပါတယ္။ ဘာစီလိုနာက ယခင္မန္ေနဂ်ာ ဆက္တီယမ္ရဲ့ လက္ထက္မွာ ဖလားတစ္လုံးမွာ မရရွိခဲ့လို႔ ကိုးမန္းကို အစားထိုးခန႔္အပ္ခဲ့ပါတယ္။ အသင္း မန္ေနဂ်ာအသစ္ ကိုးမန္းက မက္ဆီနဲ႔ အနီးစပ္ဆုံး သူငယ္ခ်င္းျဖစ္တဲ့ ဆြာရတ္ဇ္ကို မက္ဆီရဲ့ အနာဂတ္ဟာ ဘာစီလိုနာမွာ ရွိမေနဘူးလို႔ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။