ဆန်ချိုကို ခေါ်ယူဖို့ နောက်ဆုံးရက်မှာ အဆင်မပြေတော့တဲ့ မန်ချက်စတာယူနိုက်တက် ဒေါက်ကလပ် ကော်စတာကို ပစ်မှတ်ထား

0
370

 

ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ကစားသမား ဆန်ချိုကို မန်ချက်စတာယူနိုက်တက်က ဩဂုတ်လ ၁၀ ရက်နေ့ မှာ ခေါ်ယူနိုင်ဖို့ ပြုလုပ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ လက်လွှတ်ရတော့မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဆန်ချိုကို ခေါ်ယူခွင့်မရခဲ့ရင် ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒေါက်ကလပ် ကော်စတာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်က ဆန်ချိုကို တနင်္လာနေ့ နံနက်ပိုင်းမှာ ခေါ်ယူနိုင်ဖို့ ပြုလုပ်ခဲ့ပေမဲ့ ၎င်းကို ဒေါ့မွန်အသင်းက ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်မဲ့ ရာသီကြိုစခန်းသွင်းလေ့ကျင့်မှုအစီအစဉ်ရဲ့ လူစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ်နွေရာသီမှာ ဆန်ချိုကို အရခေါ်ယူချင်နေတဲ့ ဆိုးရှားရဲ့ စိတ်ကူးတွေ ရပ်တန့်ခဲ့ရပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ တောင်ပံကစားသမား ဒေါက်ကလပ်ကော်စတာက ယခင်မန်နေဂျာဖြစ်တဲ့ ဆာရီရဲ့ လက်အောက်မှာ ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ဆာရီကို ထုတ်ပယ်လိုက်ပြီး ဂန္ထဝင်ကစားသမား ဖြစ်တဲ့ ပီယာရိုကို အစားထိုးခန့်အပ်လိုက်ပြီးနောက် အသင်းကနေ ရောင်းထုတ်ဖို့ ရှိတဲ့ ကစားသမား ငါးဦးစာရင်းမှာ ကော်စတာပါဝင်နေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။ ဒါကြောင့် ကော်စတာကို ယခင်က စိတ်ဝင်စားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အတွက် အခွင့်အရေးဖြစ်စေခဲ့ပါတယ်။

ဂျူဗင်တပ်စ်ကို ရောက်ရှိနေတဲ့ ပီယာရိုက အသင်းကို ပြန်လည်တည်ဆောက်ဖို့ ပြုလုပ်နေပြီး ရောင်းချမဲ့စာရင်းမှာ ကော်စတာအပြင် မက်တူဒီနဲ့ ဆာမီ ကေဟီဒီရာတို့လည်း ပါဝင်နေပါတယ်။ မက်တူဒီက ဒေးဗစ် ဘက်ခမ်းရဲ့ အသင်းဖြစ်တဲ့ အင်တာမီယာမီအသင်းကို ပြောင်းရွှေ့သွားဖို့ ရှိနေပါတယ်။

ကော်စတာဟာ ဂျူဗင်တပ်စ်အသင်းကို ဘိုင်ယန်မြူးနစ်အသင်းကနေ ပေါင် ၃၂ သန်းနဲ့ မပြောင်းရွှေ့ခင့် အငှားကစားအဖြစ် ကနဦးကစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ ၎င်းဟာ ဂျူဗင်တပ်စ် အသင်းမှာ စီးရီးအေသွင်းဂိုး နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ခြောက်ကြိမ် ဖန်တီးမှု ပြုလုပ်ထားခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ် အသင်းမှာ ၇၇ ပွဲကစားအပြီး ၁၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Zawgyi

ဆန္ခ်ိဳကို ေခၚယူဖို႔ ေနာက္ဆုံးရက္မွာ အဆင္မေျပေတာ့တဲ့ မန္ခ်က္စတာယူနိုက္တက္ ေဒါက္ကလပ္ ေကာ္စတာကို ပစ္မွတ္ထား

ေဒါ့မြန္အသင္းရဲ့ တိုက္စစ္ကစားသမား ဆန္ခ်ိဳကို မန္ခ်က္စတာယူနိုက္တက္က ဩဂုတ္လ ၁၀ ရက္ေန႔ မွာ ေခၚယူနိုင္ဖို႔ ျပဳလုပ္ခဲ့ေပမဲ့ လက္ရွိအခ်ိန္မွာ လက္လႊတ္ရေတာ့မဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒါေၾကာင့္ ဆန္ခ်ိဳကို ေခၚယူခြင့္မရခဲ့ရင္ ဂ်ဴဗင္တပ္စ္အသင္းရဲ့ တိုက္စစ္ကစားသမား ေဒါက္ကလပ္ ေကာ္စတာကို ေခၚယူဖို႔ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။
မန္ခ်က္စတာယူနိုက္တက္က ဆန္ခ်ိဳကို တနလၤာေန႔ နံနက္ပိုင္းမွာ ေခၚယူနိုင္ဖို႔ ျပဳလုပ္ခဲ့ေပမဲ့ ၎ကို ေဒါ့မြန္အသင္းက ဆြစ္ဇာလန္နိုင္ငံမွာ ျပဳလုပ္မဲ့ ရာသီႀကိဳစခန္းသြင္းေလ့က်င့္မႈအစီအစဥ္ရဲ့ လူစာရင္းမွာ ထည့္သြင္းခဲ့ပါတယ္။ ဒါေၾကာင့္ ယခုႏွစ္ေႏြရာသီမွာ ဆန္ခ်ိဳကို အရေခၚယူခ်င္ေနတဲ့ ဆိုးရွားရဲ့ စိတ္ကူးေတြ ရပ္တန႔္ခဲ့ရပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းရဲ့ ေတာင္ပံကစားသမား ေဒါက္ကလပ္ေကာ္စတာက ယခင္မန္ေနဂ်ာျဖစ္တဲ့ ဆာရီရဲ့ လက္ေအာက္မွာ ပြဲထြက္ခြင့္ ဆုံးရႈံးခဲ့ရသူ တစ္ဦးျဖစ္ပါတယ္။ ဒါေပမဲ့ ဆာရီကို ထုတ္ပယ္လိုက္ၿပီး ဂႏၴဝင္ကစားသမား ျဖစ္တဲ့ ပီယာရိုကို အစားထိုးခန႔္အပ္လိုက္ၿပီးေနာက္ အသင္းကေန ေရာင္းထုတ္ဖို႔ ရွိတဲ့ ကစားသမား ငါးဦးစာရင္းမွာ ေကာ္စတာပါဝင္ေနတယ္လို႔ အီတလီမီဒီယာေတြက ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ေကာ္စတာကို ယခင္က စိတ္ဝင္စားခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္အတြက္ အခြင့္အေရးျဖစ္ေစခဲ့ပါတယ္။
ဂ်ဴဗင္တပ္စ္ကို ေရာက္ရွိေနတဲ့ ပီယာရိုက အသင္းကို ျပန္လည္တည္ေဆာက္ဖို႔ ျပဳလုပ္ေနၿပီး ေရာင္းခ်မဲ့စာရင္းမွာ ေကာ္စတာအျပင္ မက္တူဒီနဲ႔ ဆာမီ ေကဟီဒီရာတို႔လည္း ပါဝင္ေနပါတယ္။ မက္တူဒီက ေဒးဗစ္ ဘက္ခမ္းရဲ့ အသင္းျဖစ္တဲ့ အင္တာမီယာမီအသင္းကို ေျပာင္းေရႊ႕သြားဖို႔ ရွိေနပါတယ္။
ေကာ္စတာဟာ ဂ်ဴဗင္တပ္စ္အသင္းကို ဘိုင္ယန္ျမဴးနစ္အသင္းကေန ေပါင္ ၃၂ သန္းနဲ႔ မေျပာင္းေရႊ႕ခင့္ အငွားကစားအျဖစ္ ကနဦးကစားခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာ အၿပီးသတ္ေျပာင္းေရႊ႕ခဲ့ပါတယ္။ ၎ဟာ ဂ်ဴဗင္တပ္စ္ အသင္းမွာ စီးရီးေအသြင္းဂိုး ႏွစ္ဂိုးသာ သြင္းယူနိုင္ခဲ့ၿပီး ေျခာက္ႀကိမ္ ဖန္တီးမႈ ျပဳလုပ္ထားခဲ့ေပမဲ့ ဘိုင္ယန္ျမဴးနစ္ အသင္းမွာ ၇၇ ပြဲကစားအၿပီး ၁၄ ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။