“ ဆန်ချိုက ဒေါ့မွန်အသင်းမှာ ဆက်လက်သွားမယ်ဆိုတာ နောက်ဆုံးဆုံးဖြတ်ချက် ဖြစ်တယ် ” ဒေါ့မွန်အသင်း အရာရှိ မိုက်ကယ် ဇောရဲ့ ပြောစကား

0
298

 

ယခုနှစ် နွေရာသီပြောင်းရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်က ခေါ်ယူနိုင်ဖို့ လိုက်နေတဲ့ ဆန်ချိုဟာ နောက်နှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းမှာပဲ ဆက်လက် ကစားသွားမှာ ဖြစ်ကြောင်း ဒေါ့မွန်အသင်းရဲ့ အရာရှိ မိုက်ကယ်ဇောက ပြောကြားလိုက်ပါတယ်။

ဇောက “ ကွျန်တော်တို့တွေရဲ့ အစီအစဉ်တွေဟ ဆန်ချိုနဲ့ အတူရှိနေပါတယ်။ သူက ကွျန်တော်နဲ့ နောက်နှစ် ဘောလုံးရာသီအတွက် ကစားသွားပါလိမ့်မယ်။ ဒီဆုံးဖြတ်ချက်ဟာ နောက်ဆုံးပါပဲ။ ဒီအရာက မေးခွန်း တွေအားလုံးအတွက် အဖြေဖြစ်မယ်လို့ ကွျန်တော်ထင်ပါတယ် ” လို့ ပြောပါတယ်။

ဂျာမနီဘွန်ဒက်စ်လီဂါရဲ့ ပြောင်းရွှေ့ကာလနောက်ဆုံးရက်ဖြစ်တဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်ကို ဆန်ချိုပြောင်းရွှေ့ဖို့ အလားအလာရှိတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ ပြီးဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ တနင်္လာနေ့က ရာသီကြိုစခန်းသွင်းလေ့ကျင့်မှု အစီအစဉ်အဖြစ် ဆွစ်ဇာလန်နိုင်ငံကို သွားရောက် လေ့ကျင့်တဲ့ခရီးစဉ်မှာ ဆန်ချိုကလည်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဆန်ချိုကို ခေါ်ယူချင်တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ မျှော်လင့်ချက် အရောင်မှိန်ခဲ့သလို ဒေါ့မွန်အသင်း ကလည်း ဆန်ချိုကို နောက်ထပ်စာချုပ်သက်တမ်းတိုးသွားဖို့ ရည်ရွယ်ထားပါတယ်။

မန်ချက်စတာယူနိုက်တက်က ဆန်ချိုကို ခေါ်ယူဖို့ မဖြစ်တော့တဲ့အတွက် ဂျူဗင်တပ်စ်အသင်း ကစား သမား ဒေါက်ကလပ် ကော်စတာနဲ့ ဘိုင်ယန်မြူးနစ် ကစားသမား ကိုးမန်းတို့ကို ယခုနှစ် နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဆန်ချိုဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားသလို ဒေါ့မွန်အသင်းအတွက် ယခုနှစ်မှာ ၁၇ ဂိုး သွင်းယူထားပြီး ၁၇ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပြီး ဥရောပမှာ နာမည်ကျော်နေတဲ့ ကစား သမားတစ်ဦး ဖြစ်နေပါတယ်။

Zawgyi

“ ဆန္ခ်ိဳက ေဒါ့မြန္အသင္းမွာ ဆက္လက္သြားမယ္ဆိုတာ ေနာက္ဆုံးဆုံးျဖတ္ခ်က္ ျဖစ္တယ္ ” ေဒါ့မြန္အသင္း အရာရွိ မိုက္ကယ္ ေဇာရဲ့ ေျပာစကား

ယခုႏွစ္ ေႏြရာသီေျပာင္းေရႊ႕ကာလမွာ မန္ခ်က္စတာယူနိုက္တက္က ေခၚယူနိုင္ဖို႔ လိုက္ေနတဲ့ ဆန္ခ်ိဳဟာ ေနာက္ႏွစ္ ေဘာလုံးရာသီမွာ ေဒါ့မြန္အသင္းမွာပဲ ဆက္လက္ ကစားသြားမွာ ျဖစ္ေၾကာင္း ေဒါ့မြန္အသင္းရဲ့ အရာရွိ မိုက္ကယ္ေဇာက ေျပာၾကားလိုက္ပါတယ္။
ေဇာက “ ကြ်န္ေတာ္တို႔ေတြရဲ့ အစီအစဥ္ေတြဟ ဆန္ခ်ိဳနဲ႔ အတူရွိေနပါတယ္။ သူက ကြ်န္ေတာ္နဲ႔ ေနာက္ႏွစ္ ေဘာလုံးရာသီအတြက္ ကစားသြားပါလိမ့္မယ္။ ဒီဆုံးျဖတ္ခ်က္ဟာ ေနာက္ဆုံးပါပဲ။ ဒီအရာက ေမးခြန္း ေတြအားလုံးအတြက္ အေျဖျဖစ္မယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္ ” လို႔ ေျပာပါတယ္။
ဂ်ာမနီဘြန္ဒက္စ္လီဂါရဲ့ ေျပာင္းေရႊ႕ကာလေနာက္ဆုံးရက္ျဖစ္တဲ့ ဩဂုတ္လ ၁၀ ရက္ေန႔မွာ မန္ခ်က္စတာယူနိုက္တက္ကို ဆန္ခ်ိဳေျပာင္းေရႊ႕ဖို႔ အလားအလာရွိတယ္ဆိုၿပီး သတင္းေတြထြက္ခဲ့ေပမဲ့ ယခုအခ်ိန္မွာေတာ့ ၿပီးဆုံးခဲ့ၿပီး ျဖစ္ပါတယ္။ ေဒါ့မြန္အသင္းဟာ တနလၤာေန႔က ရာသီႀကိဳစခန္းသြင္းေလ့က်င့္မႈ အစီအစဥ္အျဖစ္ ဆြစ္ဇာလန္နိုင္ငံကို သြားေရာက္ ေလ့က်င့္တဲ့ခရီးစဥ္မွာ ဆန္ခ်ိဳကလည္း ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဆန္ခ်ိဳကို ေခၚယူခ်င္တဲ့ မန္ခ်က္စတာယူနိုက္တက္ရဲ့ ေမၽွာ္လင့္ခ်က္ အေရာင္မွိန္ခဲ့သလို ေဒါ့မြန္အသင္း ကလည္း ဆန္ခ်ိဳကို ေနာက္ထပ္စာခ်ဳပ္သက္တမ္းတိုးသြားဖို႔ ရည္ရြယ္ထားပါတယ္။
မန္ခ်က္စတာယူနိုက္တက္က ဆန္ခ်ိဳကို ေခၚယူဖို႔ မျဖစ္ေတာ့တဲ့အတြက္ ဂ်ဴဗင္တပ္စ္အသင္း ကစား သမား ေဒါက္ကလပ္ ေကာ္စတာနဲ႔ ဘိုင္ယန္ျမဴးနစ္ ကစားသမား ကိုးမန္းတို႔ကို ယခုႏွစ္ ေႏြရာသီမွာ ေခၚယူနိုင္ဖို႔ ျပင္ဆင္ေနပါတယ္။
ဆန္ခ်ိဳဟာ အဂၤလန္လက္ေရြးစင္အသင္းအတြက္ ၁၁ ပြဲ ပါဝင္ကစားထားသလို ေဒါ့မြန္အသင္းအတြက္ ယခုႏွစ္မွာ ၁၇ ဂိုး သြင္းယူထားၿပီး ၁၇ ႀကိမ္ ဖန္တီးမႈ ျပဳလုပ္ထားနိုင္ၿပီး ဥေရာပမွာ နာမည္ေက်ာ္ေနတဲ့ ကစား သမားတစ္ဦး ျဖစ္ေနပါတယ္။