ဆိုးရှားရဲ့ အမိန့်ပေးသံတွေ အောက်မှာ ကိုယ်ပိုင်ဗီဇတွေကို ဖျောက်ဖျက်ဖို့ အတော်လေး ရုန်းကန်ခဲ့ရကြောင်း ဖာနန်ဒက် ပြောကြား

0
702

 

မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒက်က အသင်း မန်နေဂျာ ဆိုးရှားရဲ့ အမိန်ပေးသံတွေ ကြားထဲမှာ ၎င်းရဲ့ ပင်ကိုယ်ဗီဇ ကစားဟန်တွေကို ဖျောက်ဖျက်ပစ်ဖို့ အတော်လေး ရုန်းကန်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဖာနန်ဒက်ဟာ မန်ချက်စတာ ယူနိုက်တက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ရောက်ရှိခဲ့တာ ဖြစ်ပေမဲ့ အသင်းနဲ့ အမြန်ဆုံးအထိုင်ကျပြီး အသင်းရဲ့ အဓိကကစားသမား တစ်ဦးဖြစ်လာခဲ့ပါတယ်။

ဖာနန်ဒက်အနေနဲ့ ဆိုးရှားပြောဆိုအကြံပေးတာတွေကို နားထောင်ရင်း တချို့သောအသင်းနဲ့ အံ့မကိုက်တဲ့ ၎င်းရဲ့ ကစားဟန်တွေနဲ့ ပြေးနှုန်းတွေကိုလည်း လျော့ချခဲ့ရတယ်လို့ ဝန်ခံပြောပါတယ်။ ဆိုးရှားပြောတာတွေ နားထောင်ပြီး မိမိကိုယ်ကို ပြန်လည်ရှာဖွေကာ ပုံမှန်နေရာရဖို့ ကြိုးစားနေပါတယ်။

ဖာနန်ဒက်က “ တချို့သောအချိန်တွေမှာ မင်းက အဆမတန်ပြေးနေပေမဲ့ အဲဒီလို ပြေးနေတာတွေက မင်းအလုပ်မဟုတ်ဘူး။ မင်းလိုအပ်တာက တစ်စုံတစ်ယောက်ပြေးသွားဖို့ အော်ပြောရမှာပါ။ ဘာကြောင့်လဲဆိုရင် မင်းက ဘောလုံးကို ကြိုးစားသယ်ဆောင်လာတဲ့ အချိန်ဖြစ်နေလို့ပါပဲ။ ဒါကြောင့် မင်းမှာ လန်းဆန်းတက်ကြွ နေတာတွေ ရှိနေမှာ မဟုတ်ဘူး။ အဲလိုမျိုး ဆိုးရှားက ကွျန်တော့်ကို အချိန်ပြည့်ပြောတယ်။ ဒါက ပင်ကိုယ် စရိုက်တွေ ပါဝင်နေတဲ့ ကွျန်တော်ကစားတဲ့ ပွဲတစ်ပွဲရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ဒါကို ကွျန်တော်က မထိန်းချုပ်နိုင်ခဲ့ဘူး။ ကွျန်တော်ကလည်း ဒီလို ကစားရတာ နှစ်သက်ပြီး အသင်းကို အချိန်တိုင်း ကူညီပေးသွား လိုတယ်။ ပြိုင်ပွဲထဲမှာ မင်းကပြေးနေတာ ငါ့အတွက်လားဆိုပြီး တွေးမိမှာ မဟုတ်ပါဘူး။ အရေးကြီးဆုံးအရာက အသင်းကို ကူညီပေးနိုင်ဖို့ ဖြစ်တယ်လို့ ကွျန်တော်ထင်ပါတယ်။ တကယ်လို့ မင်းက အသင်းကို ကူညီမယ်ဆိုရင် ဒါက အကောင်းဆုံးပါပဲ ” လို့ အသင်း ဝက်ဆိုဒ်ကနေ ပြောပါတယ်။

ဖာနန်ဒက်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီကြိုလေ့ကျင့်မှုအစီအစဉ်တွေအတွက် အသင်းကို ပြန်လာရတော့မှာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် မက်ဂူရီကလည်း ဂရိနိုင်ငံမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့သလို ကွင်းလယ်ကစားသမား ပေါ့ဘာမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေရှိနေတာတွေ ရှိနေလို့ ဆိုးရှားအနေနဲ့ အသင်းကို ထိန်းကြောင်းနိုင်ဖို့ ပြုလုပ်ရတော့မှာဖြစ်ပါတယ်။

Zawgyi

ဆိုးရွားရဲ့ အမိန႔္ေပးသံေတြ ေအာက္မွာ ကိုယ္ပိုင္ဗီဇေတြကို ေဖ်ာက္ဖ်က္ဖို႔ အေတာ္ေလး ႐ုန္းကန္ခဲ့ရေၾကာင္း ဖာနန္ဒက္ ေျပာၾကား

မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ေျခစြမ္းျပေနတဲ့ ကြင္းလယ္ကစားသမား ဖာနန္ဒက္က အသင္း မန္ေနဂ်ာ ဆိုးရွားရဲ့ အမိန္ေပးသံေတြ ၾကားထဲမွာ ၎ရဲ့ ပင္ကိုယ္ဗီဇ ကစားဟန္ေတြကို ေဖ်ာက္ဖ်က္ပစ္ဖို႔ အေတာ္ေလး ႐ုန္းကန္ခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဒါေပမဲ့ ဖာနန္ဒက္ဟာ မန္ခ်က္စတာ ယူနိုက္တက္ကို ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ေရာက္ရွိခဲ့တာ ျဖစ္ေပမဲ့ အသင္းနဲ႔ အျမန္ဆုံးအထိုင္က်ၿပီး အသင္းရဲ့ အဓိကကစားသမား တစ္ဦးျဖစ္လာခဲ့ပါတယ္။
ဖာနန္ဒက္အေနနဲ႔ ဆိုးရွားေျပာဆိုအႀကံေပးတာေတြကို နားေထာင္ရင္း တခ်ိဳ႕ေသာအသင္းနဲ႔ အံ့မကိုက္တဲ့ ၎ရဲ့ ကစားဟန္ေတြနဲ႔ ေျပးႏႈန္းေတြကိုလည္း ေလ်ာ့ခ်ခဲ့ရတယ္လို႔ ဝန္ခံေျပာပါတယ္။ ဆိုးရွားေျပာတာေတြ နားေထာင္ၿပီး မိမိကိုယ္ကို ျပန္လည္ရွာေဖြကာ ပုံမွန္ေနရာရဖို႔ ႀကိဳးစားေနပါတယ္။
ဖာနန္ဒက္က “ တခ်ိဳ႕ေသာအခ်ိန္ေတြမွာ မင္းက အဆမတန္ေျပးေနေပမဲ့ အဲဒီလို ေျပးေနတာေတြက မင္းအလုပ္မဟုတ္ဘူး။ မင္းလိုအပ္တာက တစ္စုံတစ္ေယာက္ေျပးသြားဖို႔ ေအာ္ေျပာရမွာပါ။ ဘာေၾကာင့္လဲဆိုရင္ မင္းက ေဘာလုံးကို ႀကိဳးစားသယ္ေဆာင္လာတဲ့ အခ်ိန္ျဖစ္ေနလို႔ပါပဲ။ ဒါေၾကာင့္ မင္းမွာ လန္းဆန္းတက္ႂကြ ေနတာေတြ ရွိေနမွာ မဟုတ္ဘူး။ အဲလိုမ်ိဳး ဆိုးရွားက ကြ်န္ေတာ့္ကို အခ်ိန္ျပည့္ေျပာတယ္။ ဒါက ပင္ကိုယ္ စရိုက္ေတြ ပါဝင္ေနတဲ့ ကြ်န္ေတာ္ကစားတဲ့ ပြဲတစ္ပြဲရဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္တယ္။ ဒါကို ကြ်န္ေတာ္က မထိန္းခ်ဳပ္နိုင္ခဲ့ဘူး။ ကြ်န္ေတာ္ကလည္း ဒီလို ကစားရတာ ႏွစ္သက္ၿပီး အသင္းကို အခ်ိန္တိုင္း ကူညီေပးသြား လိုတယ္။ ၿပိဳင္ပြဲထဲမွာ မင္းကေျပးေနတာ ငါ့အတြက္လားဆိုၿပီး ေတြးမိမွာ မဟုတ္ပါဘူး။ အေရးႀကီးဆုံးအရာက အသင္းကို ကူညီေပးနိုင္ဖို႔ ျဖစ္တယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ တကယ္လို႔ မင္းက အသင္းကို ကူညီမယ္ဆိုရင္ ဒါက အေကာင္းဆုံးပါပဲ ” လို႔ အသင္း ဝက္ဆိုဒ္ကေန ေျပာပါတယ္။
ဖာနန္ဒက္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ရာသီႀကိဳေလ့က်င့္မႈအစီအစဥ္ေတြအတြက္ အသင္းကို ျပန္လာရေတာ့မွာ ျဖစ္ပါတယ္။ အသင္းေခါင္းေဆာင္ မက္ဂူရီကလည္း ဂရိနိုင္ငံမွာ တိုက္ခိုက္မႈေတြ ျဖစ္ခဲ့သလို ကြင္းလယ္ကစားသမား ေပါ့ဘာမွာလည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ စစ္ေဆးေတြရွိေနတာေတြ ရွိေနလို႔ ဆိုးရွားအေနနဲ႔ အသင္းကို ထိန္းေၾကာင္းနိုင္ဖို႔ ျပဳလုပ္ရေတာ့မွာျဖစ္ပါတယ္။