ဆီဗီလာနဲ့ပွဲမှာ ဝါရင့်ကစားသမားကြီးတွေနဲ့ ပွဲထွက်သွားမှာဖြစ်ကြောင်း ဆိုးရှား ပြောကြား

0
408

 

တနင်္ဂနွေနေ့မှာ ကစားမဲ့ ဆီဗီလာနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမှာ အသင်းရဲ့ အဓိကကစားသမားတွေနဲ့ ပွဲထွက်သွားဖို့ရှိကြောင်း မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဆိုးရှားက ပြောကြားလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၆-၁၇ ခုနှစ် နောက်ပိုင်း ယူရိုပါလိဂ်ဖိုင်နယ်ကို တက်ရောက်ခွင့်ရဖို့ အခွင့်အရေး တစ်ရပ် ဖြစ်နေပါတယ်။

ဆိုးရှားက “ ဆီမီးဖိုင်နယ်ကိုတက်ရောက်လာခဲ့ပြီး ဆိုတော့ မင်းလည်း အဓိကကစားသမားတွေနဲ့ ပွဲထွက်သွားရမယ်ဆိုတာ မင်းသိမှာပါ။ ဒီအချိန်ဟာ အဓိကပွဲစဉ်တစ်ခုဖြစ်နေတော့ အဓိကကစားသမားတွေကို ပွဲထုတ်ရမှာပါပဲ။ မင်းမှာက ရာနှုန်းပြည့် အာရုံစူးစိုက်ထားမှု ရှိရပါမယ်။ ဘာကြောင့်လဲဆိုရင် အချိန်တိုလေး အတွင်းမှာ ပြိုင်ပွဲကို ပြောင်းလဲပစ်နိုင်လို့ပါပဲ။ ကွျန်တော်တို့တွေမှာ ဆီမီးဖိုင်နယ်ပွဲတွေကနေ နာကျင်စရာ များစွာကို သင်ယူခဲ့ကြလို့ပါ ” လို့ ပြောပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနှစ်မှာ လိဂ်ဖလားနဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ပေမဲ့ ဖိုင်နယ်အဆင့်ကို မတက်ရောက်နိုင်ခဲ့ဘဲ ရှုံးပွဲတွေ့ခဲ့ရပါတယ်။ ဆိုးရှားအနေနဲ့ လည်း နောက်ဆုံးအောင်မြင်မှုအဖြစ် ၂၀၁၃ ခုနှစ်က နော်ဝေကလပ် မိုလ်ဒီအသင်းနဲ့ ဖလားရရှိခဲ့ပြီးနောက် ဖလားရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

ဆက်လက်ပြီး ဆိုးရှားက “ ကွျန်တော်တို့တွေမှာ ရှုံးခဲ့တဲ့ ဆီမီးဖိုင်နယ်နှစ်ပွဲကို ပြန်လည်ကုစားဖို့နဲ့ ပြင်ဆင်သွားဖို့ကြ အခုချိန်မှာ ရက်အနည်းငယ် ရှိနေပါတယ်။ ကွျန်တော်တို့တွေ ဒီနှစ်မှာ ဆီမီးဖိုင်နယ်ကို နှစ်ကြိမ် တက်ရောက်ခဲ့ကြတယ်။ ဒါပေမဲ့ ကွျန်တော်တို့တွေ ပျော်ရွှင်မှုတွေနဲ့ ဝေးခဲ့ရသလို မကျေနပ်စရာတွေပဲ ရရှိခဲ့တယ် ” လို့ ပြောပါတယ်။

ဆိုးရှားအနေနဲ့ ၁၉ ဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားတဲ့ ဆီဗီလာအသင်းကို ကျော်ဖြတ်နိုင်မလားဆိုပြီး မေးမြန်းချိန်မှာ ၎င်းက “ သူတို့အသင်းထက် ကွျန်တော်တို့အသင်းက ပိုပြီးသွင်းယူခဲ့ကြပါတယ်။ သူတို့အသင်းကို ကျော်ဖြတ်ဖို့ဆိုတာ လွယ်လွယ်နဲ့တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့အသင်းက အနိုင်ရလိုစိတ်ပြင်းထန်နေကြ သလို သူတို့အသင်းမှာတစ်ဦးကောင်းတစ်ယောက်ကောင်း စွမ်းဆောင်နိုင်တဲ့ ကစားသမားတွေရှိပါတယ်။ ကွျန်တော်တို့တွေက ပွဲကောင်းတစ်ပွဲဖြစ်လာအောင် ဘောလုံးကို ထိန်းထားပြီး ကစားသွားနိုင်ဖို့ လိုအပ်ပါတယ်။ အဓိကပွဲတစ်ပွဲဖြစ်နေလို့ ဖန်တီးပေးပို့တဲ့နေရာမှာလည်း လိမ္မာပါးနပ်ဖို့ လိုအပ်ပါတယ်။ နောက်ဆုံးပေးပို့လိုက်တာ တွေကို အဆုံးသတ်နိုင်ဖို့လည်း လိုအပ်တယ် ” လို့ ပြောပါတယ်။

Zawgyi

ဆီဗီလာနဲ႔ပြဲမွာ ဝါရင့္ကစားသမားႀကီးေတြနဲ႔ ပြဲထြက္သြားမွာျဖစ္ေၾကာင္း ဆိုးရွား ေျပာၾကား

တနဂၤေႏြေန႔မွာ ကစားမဲ့ ဆီဗီလာနဲ႔ ယူရိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲမွာ အသင္းရဲ့ အဓိကကစားသမားေတြနဲ႔ ပြဲထြက္သြားဖို႔ရွိေၾကာင္း မန္ခ်က္စတာယူနိုက္တက္ မန္ေနဂ်ာ ဆိုးရွားက ေျပာၾကားလိုက္ပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္အသင္းအေနနဲ႔ ၂၀၁၆-၁၇ ခုႏွစ္ ေနာက္ပိုင္း ယူရိုပါလိဂ္ဖိုင္နယ္ကို တက္ေရာက္ခြင့္ရဖို႔ အခြင့္အေရး တစ္ရပ္ ျဖစ္ေနပါတယ္။
ဆိုးရွားက “ ဆီမီးဖိုင္နယ္ကိုတက္ေရာက္လာခဲ့ၿပီး ဆိုေတာ့ မင္းလည္း အဓိကကစားသမားေတြနဲ႔ ပြဲထြက္သြားရမယ္ဆိုတာ မင္းသိမွာပါ။ ဒီအခ်ိန္ဟာ အဓိကပြဲစဥ္တစ္ခုျဖစ္ေနေတာ့ အဓိကကစားသမားေတြကို ပြဲထုတ္ရမွာပါပဲ။ မင္းမွာက ရာႏႈန္းျပည့္ အာ႐ုံစူးစိုက္ထားမႈ ရွိရပါမယ္။ ဘာေၾကာင့္လဲဆိုရင္ အခ်ိန္တိုေလး အတြင္းမွာ ၿပိဳင္ပြဲကို ေျပာင္းလဲပစ္နိုင္လို႔ပါပဲ။ ကြ်န္ေတာ္တို႔ေတြမွာ ဆီမီးဖိုင္နယ္ပြဲေတြကေန နာက်င္စရာ မ်ားစြာကို သင္ယူခဲ့ၾကလို႔ပါ ” လို႔ ေျပာပါတယ္။
မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယခုႏွစ္မွာ လိဂ္ဖလားနဲ႔ အက္ဖ္ေအဖလားၿပိဳင္ပြဲေတြမွာ ဆီမီးဖိုင္နယ္ကို ေရာက္ရွိခဲ့ေပမဲ့ ဖိုင္နယ္အဆင့္ကို မတက္ေရာက္နိုင္ခဲ့ဘဲ ရႈံးပြဲေတြ႕ခဲ့ရပါတယ္။ ဆိုးရွားအေနနဲ႔ လည္း ေနာက္ဆုံးေအာင္ျမင္မႈအျဖစ္ ၂၀၁၃ ခုႏွစ္က ေနာ္ေဝကလပ္ မိုလ္ဒီအသင္းနဲ႔ ဖလားရရွိခဲ့ၿပီးေနာက္ ဖလားရယူနိုင္ျခင္း မရွိခဲ့ပါဘူး။
ဆက္လက္ၿပီး ဆိုးရွားက “ ကြ်န္ေတာ္တို႔ေတြမွာ ရႈံးခဲ့တဲ့ ဆီမီးဖိုင္နယ္ႏွစ္ပြဲကို ျပန္လည္ကုစားဖို႔နဲ႔ ျပင္ဆင္သြားဖို႔ၾက အခုခ်ိန္မွာ ရက္အနည္းငယ္ ရွိေနပါတယ္။ ကြ်န္ေတာ္တို႔ေတြ ဒီႏွစ္မွာ ဆီမီးဖိုင္နယ္ကို ႏွစ္ႀကိမ္ တက္ေရာက္ခဲ့ၾကတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ေတြ ေပ်ာ္ရႊင္မႈေတြနဲ႔ ေဝးခဲ့ရသလို မေက်နပ္စရာေတြပဲ ရရွိခဲ့တယ္ ” လို႔ ေျပာပါတယ္။
ဆိုးရွားအေနနဲ႔ ၁၉ ဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားတဲ့ ဆီဗီလာအသင္းကို ေက်ာ္ျဖတ္နိုင္မလားဆိုၿပီး ေမးျမန္းခ်ိန္မွာ ၎က “ သူတို႔အသင္းထက္ ကြ်န္ေတာ္တို႔အသင္းက ပိုၿပီးသြင္းယူခဲ့ၾကပါတယ္။ သူတို႔အသင္းကို ေက်ာ္ျဖတ္ဖို႔ဆိုတာ လြယ္လြယ္နဲ႔ေတာ့ ျဖစ္လာမွာ မဟုတ္ပါဘူး။ သူတို႔အသင္းက အနိုင္ရလိုစိတ္ျပင္းထန္ေနၾက သလို သူတို႔အသင္းမွာတစ္ဦးေကာင္းတစ္ေယာက္ေကာင္း စြမ္းေဆာင္နိုင္တဲ့ ကစားသမားေတြရွိပါတယ္။ ကြ်န္ေတာ္တို႔ေတြက ပြဲေကာင္းတစ္ပြဲျဖစ္လာေအာင္ ေဘာလုံးကို ထိန္းထားၿပီး ကစားသြားနိုင္ဖို႔ လိုအပ္ပါတယ္။ အဓိကပြဲတစ္ပြဲျဖစ္ေနလို႔ ဖန္တီးေပးပို႔တဲ့ေနရာမွာလည္း လိမၼာပါးနပ္ဖို႔ လိုအပ္ပါတယ္။ ေနာက္ဆုံးေပးပို႔လိုက္တာ ေတြကို အဆုံးသတ္နိုင္ဖို႔လည္း လိုအပ္တယ္ ” လို႔ ေျပာပါတယ္။