ဆေးလ်ဗား ဆိုစီဒက်ကို ရောက်ရှိသွားလို့ လာဇီယိုအသင်း အားကစားဒါရိုက်တာ ဒေါသထွက်နေ

0
289

 

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ကွင်းလယ်ကစားသမား ဆေးလ်ဗားက ဆိုစီဒက်အသင်းကို ပြောင်းရွှေ့ကစားသွားပါတယ်။ ဒါပေမဲ့ ဆေးလ်ဗားကို ရရှိနိုင်ဖို့ မျှော်လင့်နေတဲ့ စီးရီးအေ ကလပ်တစ်ခုဖြစ်တဲ့ လာဇီယိုအသင်းကတော့ ခေါ်ယူခွင့်ရဖို့ နီးစပ်ခဲ့ပေမဲ့ မရလိုက်ရလို့ ဒေါသထွက်နေပါတယ်။ ဆေးလ်ဗားကို လာဇီယိုအသင်းက သုံးနှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပြီး အသက် ၃၄ နှစ်အရွယ် ဆေးလ်ဗားက ဆိုစီဒက်အသင်းကို နှစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

107

“ ဆေးလ်ဗား ဆိုစီဒက်ကို ပြောင်းရွှေ့ခြင်းအကြောင်းနဲ့ ပတ်သက်ပြီး သင်ယူစရာတွေများစွာ ရရှိခဲ့ပါတယ်။ ကွျန်တော်က ကစားသမားတွေအပေါ်မှာ လေးစားမှုကြီးမားစွာ ရှိသူပါ။ ဒါပေမဲ့ လူတိုင်းအတွက် မဟုတ်ခဲ့ဘူး ” လို့ လာဇီယိုအသင်းရဲ့ အားကစားဒါရိုက်တာ တာရီက ဆိုပါတယ်။

ဆေးလ်ဗားဟာ မန်စီးတီးအသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ စနေနေ့က လိုင်ယွန်အသင်းနဲ့ ပွဲစဉ်အပြီးမှာ အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းဟာ မန်စီးတီးအသင်းနဲ့ ၄၃၆ ပွဲ ပါဝင်ကစားခဲ့သလို ဖလား ၁၄ လုံးရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဆေးလ်ဗားက ဗလင်စီယာအသင်းမှာ ခြောက်နှစ်ကြာကစားခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ယင်းနောက်မှာတော့ အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

ဆေးလ်ဗားရဲ့ ဖခင်ဖြစ်သူက “ ကွျန်တော်တို့က လာဇီယိုအသင်းနဲ့ ပြောဆိုထားတာတွေကို ဆိုစီဒက် အသင်းကို ပြောပြတဲ့အခါမှာ သူတို့က လာဇီယိုဘက်က ဘာမှ သေချာမှုဖြစ်အောင် ပြုလုပ်မထားဘူးလို့ တစ်ဖက်က ဆိုပါတယ်။ ဒီနေရာမှာ ဆေးလ်ဗားကို လာဇီယိုက ဆက်သွယ်သလို ဆိုစီဒက်ကလည်း ဆက်သွယ်ပါ တယ်။ ပြီးတော့ အခြားသော အသင်းတွေလည်း ရှိပါတယ်။ ကွျန်တော့်သားက ဆိုစီဒက်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ပါတယ်။ ဒီနေရာမှာ ဘယ်အသင်းကိုမှ သူက ပြောင်းရွှေ့ဖို့ နီးစပ်နေတာတွေ မရှိခဲ့ပါဘူး။ သူလိုချင်တာကိုပဲ သူဆုံးဖြတ်ခဲ့တာပါ။ လာဇီယိုက သူ့ရဲ့ အေးဂျင်နဲ့ပဲ ပြောခဲ့တာပါ။ ဆေးလ်ဗားနဲ့ ပြောခဲ့တာ မဟုတ်ပါဘူး။ ဘာကြောင့် လာဇီယိုက ပြီးပြည့်စုံမှု မရှိခဲ့ဘဲနဲ့ သူ့ကို ခေါ်ယူချင်တယ်လို့ ပြောနေတာကို နားမလည်နိုင်ပါဘူး။ သူကလည်း လာဇီယိုနဲ့ ဘာမှ သေချာပြောဆိုထားတာ မရှိပါဘူး။ အခြားသော အသင်းတေွ ကပဲ သူ့ကို ခေါ်ယူဖို့ပြောဆိုတာတွေ ရှိတာပါ ” လို့ ဆေးလ်ဗားဘက်က ကာကွယ်ပြောဆိုပါတယ်။

Zawgyi

ေဆးလ္ဗား ဆိုစီဒက္ကို ေရာက္ရွိသြားလို႔ လာဇီယိုအသင္း အားကစားဒါရိုက္တာ ေဒါသထြက္ေန

မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးၿပီးေနာက္ ကြင္းလယ္ကစားသမား ေဆးလ္ဗားက ဆိုစီဒက္အသင္းကို ေျပာင္းေရႊ႕ကစားသြားပါတယ္။ ဒါေပမဲ့ ေဆးလ္ဗားကို ရရွိနိုင္ဖို႔ ေမၽွာ္လင့္ေနတဲ့ စီးရီးေအ ကလပ္တစ္ခုျဖစ္တဲ့ လာဇီယိုအသင္းကေတာ့ ေခၚယူခြင့္ရဖို႔ နီးစပ္ခဲ့ေပမဲ့ မရလိုက္ရလို႔ ေဒါသထြက္ေနပါတယ္။ ေဆးလ္ဗားကို လာဇီယိုအသင္းက သုံးႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းခဲ့ၿပီး အသက္ ၃၄ ႏွစ္အရြယ္ ေဆးလ္ဗားက ဆိုစီဒက္အသင္းကို ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခဲ့ပါတယ္။
“ ေဆးလ္ဗား ဆိုစီဒက္ကို ေျပာင္းေရႊ႕ျခင္းအေၾကာင္းနဲ႔ ပတ္သက္ၿပီး သင္ယူစရာေတြမ်ားစြာ ရရွိခဲ့ပါတယ္။ ကြ်န္ေတာ္က ကစားသမားေတြအေပၚမွာ ေလးစားမႈႀကီးမားစြာ ရွိသူပါ။ ဒါေပမဲ့ လူတိုင္းအတြက္ မဟုတ္ခဲ့ဘူး ” လို႔ လာဇီယိုအသင္းရဲ့ အားကစားဒါရိုက္တာ တာရီက ဆိုပါတယ္။
ေဆးလ္ဗားဟာ မန္စီးတီးအသင္းမွာ ၁၀ ႏွစ္ၾကာ ကစားခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ စေနေန႔က လိုင္ယြန္အသင္းနဲ႔ ပြဲစဥ္အၿပီးမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ျပည့္ခဲ့တာ ျဖစ္ပါတယ္။ ၎ဟာ မန္စီးတီးအသင္းနဲ႔ ၄၃၆ ပြဲ ပါဝင္ကစားခဲ့သလို ဖလား ၁၄ လုံးရရွိေအာင္ ကူညီေပးခဲ့ပါတယ္။ ေဆးလ္ဗားက ဗလင္စီယာအသင္းမွာ ေျခာက္ႏွစ္ၾကာကစားခဲ့ၿပီး ၂၀၁၀ ခုႏွစ္မွာ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ခဲ့သူ ျဖစ္ပါတယ္။ ယင္းေနာက္မွာေတာ့ အေကာင္းဆုံးကစားသမားတစ္ဦး ျဖစ္ခဲ့ပါတယ္။
ေဆးလ္ဗားရဲ့ ဖခင္ျဖစ္သူက “ ကြ်န္ေတာ္တို႔က လာဇီယိုအသင္းနဲ႔ ေျပာဆိုထားတာေတြကို ဆိုစီဒက္ အသင္းကို ေျပာျပတဲ့အခါမွာ သူတို႔က လာဇီယိုဘက္က ဘာမွ ေသခ်ာမႈျဖစ္ေအာင္ ျပဳလုပ္မထားဘူးလို႔ တစ္ဖက္က ဆိုပါတယ္။ ဒီေနရာမွာ ေဆးလ္ဗားကို လာဇီယိုက ဆက္သြယ္သလို ဆိုစီဒက္ကလည္း ဆက္သြယ္ပါ တယ္။ ၿပီးေတာ့ အျခားေသာ အသင္းေတြလည္း ရွိပါတယ္။ ကြ်န္ေတာ့္သားက ဆိုစီဒက္ကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ပါတယ္။ ဒီေနရာမွာ ဘယ္အသင္းကိုမွ သူက ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနတာေတြ မရွိခဲ့ပါဘူး။ သူလိုခ်င္တာကိုပဲ သူဆုံးျဖတ္ခဲ့တာပါ။ လာဇီယိုက သူ႔ရဲ့ ေအးဂ်င္နဲ႔ပဲ ေျပာခဲ့တာပါ။ ေဆးလ္ဗားနဲ႔ ေျပာခဲ့တာ မဟုတ္ပါဘူး။ ဘာေၾကာင့္ လာဇီယိုက ၿပီးျပည့္စုံမႈ မရွိခဲ့ဘဲနဲ႔ သူ႔ကို ေခၚယူခ်င္တယ္လို႔ ေျပာေနတာကို နားမလည္နိုင္ပါဘူး။ သူကလည္း လာဇီယိုနဲ႔ ဘာမွ ေသခ်ာေျပာဆိုထားတာ မရွိပါဘူး။ အျခားေသာ အသင္းေတြ ကပဲ သူ႔ကို ေခၚယူဖို႔ေျပာဆိုတာေတြ ရွိတာပါ ” လို႔ ေဆးလ္ဗားဘက္က ကာကြယ္ေျပာဆိုပါတယ္။