ဇာဗီနဲ့ ကာတာကလပ် အယ်ဆပ်အသင်းမှာ အတူလက်တွဲလိုက်တဲ့ ကာဇိုလာ

0
311

 

စပိန်ကစားသမားဖြစ်တဲ့ ကာဇိုလာဟာ စပိန်ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဇာဗီကိုင်တွယ်နေတဲ့ ကာတာကလပ် အယ်ဆပ်အသင်းကို ပြောင်းရွှေ့ကစားခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ကာဇိုလာဟာ အာဆင်နယ်ကနေ ဗီလာရီးရဲလ်ကို ပြောင်းရွှေ့ကစားခဲ့ပြီး ဗီလာရီးရဲလ်နဲ့ ယခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဇာဗီကိုင်တွယ်နေတဲ့ အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ကာဇိုလာဟာ အာဆင်နယ်အသင်းမှာ အာတီတာနဲ့ တွဲဖက်ပြီး နည်းပြအဖွဲ့မှာ ပါဝင်ဖို့ ကမ်းလှမ်းတာတွေ ရှိခဲ့ပေမဲ့ ၎င်းက ဇာဗီရဲ့ အသင်းမှာ ကစားသမားအဖြစ် ဆက်လက်ကစားသွားဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ကာဇိုလာက “ ကာတာမှာ ရှိတဲ့ ကြီးမားတဲ့ထိပ်တန်းကလပ်တစ်ခုကို ပြောင်းရွှေ့ခွင့်ရတာ ထိတ်လန့် စရာဖြစ်ရပ်ပါပဲ။ ဇာဗီကလည်း ကွျန်တော်ကာတာမှာပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ များစွာကူညီ ပေးခဲ့ပါတယ်။ သူက ကွျန်တော့်ရဲ့ အားကျရသူတစ်ဦးဖြစ်ခဲ့ပါတယ်။ ကွျန်တော်ကစားသမားအဖြစ်နဲ့ ကစားချိန် ကာလအတွင်းမှာ သူက နမူနာယူစရာသူတစ်ဦးဖြစ်ခဲ့လို ကွျန်တော့်အတွက် နည်းပြလည်း ဖြစ်ခဲ့တယ်။ ကွျန်တော့်ရဲ့ ရည်မှန်းချက်က အယ်ဆပ်အသင်းမှာ အရာတိုင်းကို အောင်မြင်မှု ရယူနိုင်ဖို့ပါပဲ။ အသင်းကို အားပေးထောက်ပံ့နေတဲ့ တစ်ဦးစီတိုင်းကို ကွျန်တော်ကျေးဇူးတင်ပါတယ်။ အသင်းကို အောင်မြင်မှုတွေ ဒီထက်ပိုပြီး ရရှိဖို့ နေ့တိုင်းကူညီပေးသွားမှာပါ ” လို့ အသင်းရဲ့ ဝက်ဆိုဒ်ကနေ ပြောပါတယ်။

32

ဇာဗီနဲ့ ကာဇိုလာတို့ဟာ စပိန်လက်ရွေးစင်အသင်းမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ အတူကစားခဲ့ပြီး ဥရောပချန်ပီယံဖလားကို ရယူနိုင်ခဲ့ကြပါတယ်။ ဇာဗီက ၂၀၁၅ ခုနှစ်က ဘာစီလိုနာကစားသမား အဖြစ်ကနေ အနားယူခဲ့ပြီးနောက် ကာတာကလပ်ကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၉ မေလမှာ ကာတာကလပ် အသင်းမန်နေဂျာ ဖြစ်ခဲ့ပါတယ်။ ဇာဗီက ဘာစီလိုနာမှာ ရှိခဲ့တဲ့ ကာလတွေမှာ ၇၆၇ ပွဲကစားအပြီး ဖလား ၂၅ လုံး ရယူနိုင်ခဲ့ပါတယ်။

ကာဇိုလာဟာ အာဆင်နယ်ကထွက်ခွာပြီးနောက် ဗီလာရီးရဲလ်မှာ နှစ်နှစ် ကစားခဲ့ပြီး ကာတာကလပ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ပွဲ ၁၈၀ ကစားအပြီး ၂၉ ဂိုးသွင်းယူနိုင်ခဲ့သလို ၂၀၁၄၊ ၂၀၁၅ ခုနှစ် တွေမှာ အက်ဖ်အေဖလား နှစ်ကြိမ်ဆက် ရယူနိုင်ခဲ့ပါတယ်။

Zawgyi

ဇာဗီနဲ႔ ကာတာကလပ္ အယ္ဆပ္အသင္းမွာ အတူလက္တြဲလိုက္တဲ့ ကာဇိုလာ

စပိန္ကစားသမားျဖစ္တဲ့ ကာဇိုလာဟာ စပိန္ဂႏၴဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ဇာဗီကိုင္တြယ္ေနတဲ့ ကာတာကလပ္ အယ္ဆပ္အသင္းကို ေျပာင္းေရႊ႕ကစားခဲ့တယ္လို႔ သိရပါတယ္။ အာဆင္နယ္အသင္းရဲ့ ကစားသမားေဟာင္းျဖစ္တဲ့ ကာဇိုလာဟာ အာဆင္နယ္ကေန ဗီလာရီးရဲလ္ကို ေျပာင္းေရႊ႕ကစားခဲ့ၿပီး ဗီလာရီးရဲလ္နဲ႔ ယခုႏွစ္ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ ဇာဗီကိုင္တြယ္ေနတဲ့ အသင္းကို ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ပါတယ္။
အသက္ ၃၅ ႏွစ္အရြယ္ ကာဇိုလာဟာ အာဆင္နယ္အသင္းမွာ အာတီတာနဲ႔ တြဲဖက္ၿပီး နည္းျပအဖြဲ႕မွာ ပါဝင္ဖို႔ ကမ္းလွမ္းတာေတြ ရွိခဲ့ေပမဲ့ ၎က ဇာဗီရဲ့ အသင္းမွာ ကစားသမားအျဖစ္ ဆက္လက္ကစားသြားဖို႔ ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။
ကာဇိုလာက “ ကာတာမွာ ရွိတဲ့ ႀကီးမားတဲ့ထိပ္တန္းကလပ္တစ္ခုကို ေျပာင္းေရႊ႕ခြင့္ရတာ ထိတ္လန္႔ စရာျဖစ္ရပ္ပါပဲ။ ဇာဗီကလည္း ကြ်န္ေတာ္ကာတာမွာေျပာင္းေရႊ႕ကစားဖို႔ ဆုံးျဖတ္ခ်က္ခ်တဲ့ေနရာမွာ မ်ားစြာကူညီ ေပးခဲ့ပါတယ္။ သူက ကြ်န္ေတာ့္ရဲ့ အားက်ရသူတစ္ဦးျဖစ္ခဲ့ပါတယ္။ ကြ်န္ေတာ္ကစားသမားအျဖစ္နဲ႔ ကစားခ်ိန္ ကာလအတြင္းမွာ သူက နမူနာယူစရာသူတစ္ဦးျဖစ္ခဲ့လို ကြ်န္ေတာ့္အတြက္ နည္းျပလည္း ျဖစ္ခဲ့တယ္။ ကြ်န္ေတာ့္ရဲ့ ရည္မွန္းခ်က္က အယ္ဆပ္အသင္းမွာ အရာတိုင္းကို ေအာင္ျမင္မႈ ရယူနိုင္ဖို႔ပါပဲ။ အသင္းကို အားေပးေထာက္ပံ့ေနတဲ့ တစ္ဦးစီတိုင္းကို ကြ်န္ေတာ္ေက်းဇူးတင္ပါတယ္။ အသင္းကို ေအာင္ျမင္မႈေတြ ဒီထက္ပိုၿပီး ရရွိဖို႔ ေန႔တိုင္းကူညီေပးသြားမွာပါ ” လို႔ အသင္းရဲ့ ဝက္ဆိုဒ္ကေန ေျပာပါတယ္။
ဇာဗီနဲ႔ ကာဇိုလာတို႔ဟာ စပိန္လက္ေရြးစင္အသင္းမွာ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္အထိ အတူကစားခဲ့ၿပီး ဥေရာပခ်န္ပီယံဖလားကို ရယူနိုင္ခဲ့ၾကပါတယ္။ ဇာဗီက ၂၀၁၅ ခုႏွစ္က ဘာစီလိုနာကစားသမား အျဖစ္ကေန အနားယူခဲ့ၿပီးေနာက္ ကာတာကလပ္ကို ေျပာင္းေရႊ႕ခဲ့ၿပီး ၂၀၁၉ ေမလမွာ ကာတာကလပ္ အသင္းမန္ေနဂ်ာ ျဖစ္ခဲ့ပါတယ္။ ဇာဗီက ဘာစီလိုနာမွာ ရွိခဲ့တဲ့ ကာလေတြမွာ ၇၆၇ ပြဲကစားအၿပီး ဖလား ၂၅ လုံး ရယူနိုင္ခဲ့ပါတယ္။
ကာဇိုလာဟာ အာဆင္နယ္ကထြက္ခြာၿပီးေနာက္ ဗီလာရီးရဲလ္မွာ ႏွစ္ႏွစ္ ကစားခဲ့ၿပီး ကာတာကလပ္ကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး အာဆင္နယ္အသင္းနဲ႔ ပြဲ ၁၈၀ ကစားအၿပီး ၂၉ ဂိုးသြင္းယူနိုင္ခဲ့သလို ၂၀၁၄၊ ၂၀၁၅ ခုႏွစ္ ေတြမွာ အက္ဖ္ေအဖလား ႏွစ္ႀကိမ္ဆက္ ရယူနိုင္ခဲ့ပါတယ္။