တောင်ပံခံစစ်ကစားသမား ချီဝဲလ်ကို ချဲလ်ဆီးအသင်း ငါးနှစ်စာချုပ်နဲ့ ခေါ်ယူ

0
372

 

 

လက်စတာစီးတီးအသင်းရဲ့ ဘယ်တောင်ပံခံစစ်ကစားသမား ဖြစ်တဲ့ ချီဝဲလ်ကို ချဲလ်ဆီးအသင်းက ငါးနှစ် စာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့  သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ယခုနှစ် နွေရာသီပြောင်းရွှေ့ကာမှာ လိုက်ပ်ဇစ်အသင်းက ဝါနာနဲ့ အေးဂျက်အသင်းကနေ ဇီယက်ချ်တို့ကို ခေါ်ယူပြီးနောက် တတိယမြောက် ခေါ်ယူလိုက်တဲ့ ကစားသမားဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် လက်စတာအကယ်ဒမီထွက် အင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့ ချီဝဲလ်ဟာ လက်စတာ အသင်းအတွက် ၂၀၁၅ ခုနှစ်မှာ စတင်ကစားခဲ့ပြီး ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ခြေဖဝါးဒဏ်ရာကြောင့် လက်စတာအသင်းရဲ့ နောက်ဆုံးပြိုင်ပွဲ ငါးပွဲ ကစားခွင့် မရခဲ့ပါဘူး။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ကို လက်စတာစီးတီးအသင်းနဲ့ ကစားခဲ့ပြီး ထိပ်တန်းလေးသင်း စာရင်းဝင်ရောက်ခဲ့ကာ ချန်ပီယံလိဂ် ကစားသွားဖို့ ရှိနေပါတယ်။

ချီဝဲလ်က “ ရှေ့ဆက်ပြီးတော့ ကွျန်တော်က လမ်းပတ်ရဲ့ လူငယ်ကစားသမားတွေကို နေရာပေးထားတဲ့ အသင်းမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ နောက်လာမဲ့ ဘောလုံးရာသီအတွက် လမ်းပတ်ရဲ့ စိန်ခေါ်မှုလည်း ကြောက်မက်ဖွယ် ကောင်းစေပါတယ် ” လို့ ဆိုပါတယ်။

ချီဝဲလ်ဟာ လက်စတာစီးတီးအသင်းနဲ့ ၁၂၃ ပွဲ ပါဝင်ကစားထားပြီး လေးဂိုးသွင်းယူထားကာ ပြီးခဲ့တဲ့ ဘောလုံးရာသီက သုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အားကစားဒါရိုက်တာက “ ကွျန်တော်တို့ဟာ ယုံကြည်မှုရှိရှိနဲ့ ချီဝဲလ်ကို ချဲလ်ဆီးကစားသမားအဖြစ် ပေါင်းထည့်နိုင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ၂၀၂၀-၂၁ ဘောလုံးရာသီက အလုပ်ရှုပ်စေမဲ့ ဘောလုံးရာသီတစ်ခုလည်း ဖြစ်လာမှာပါ။ ကွျန်တော်တို့ရဲ့ ထိတ်လန့်စရာ စိန်ခေါ်မှုတွေအတွက် လိုအပ်နေတဲ့နေရာမှာ သူ့ကို ပေါင်းထည့်လိုက်ခြင်းလည်း ဖြစ်ပါတယ် ” လို့ ပြောပါတယ်။

Zawgyi

ေတာင္ပံခံစစ္ကစားသမား ခ်ီဝဲလ္ကို ခ်ဲလ္ဆီးအသင္း ငါးႏွစ္စာခ်ဳပ္နဲ႔ ေခၚယူ

လက္စတာစီးတီးအသင္းရဲ့ ဘယ္ေတာင္ပံခံစစ္ကစားသမား ျဖစ္တဲ့ ခ်ီဝဲလ္ကို ခ်ဲလ္ဆီးအသင္းက ငါးႏွစ္ စာခ်ဳပ္နဲ႔ ေခၚယူလိုက္တယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ယခုႏွစ္ ေႏြရာသီေျပာင္းေရႊ႕ကာမွာ လိုက္ပ္ဇစ္အသင္းက ဝါနာနဲ႔ ေအးဂ်က္အသင္းကေန ဇီယက္ခ်္တို႔ကို ေခၚယူၿပီးေနာက္ တတိယေျမာက္ ေခၚယူလိုက္တဲ့ ကစားသမားျဖစ္ပါတယ္။
အသက္ ၂၃ ႏွစ္အရြယ္ လက္စတာအကယ္ဒမီထြက္ အဂၤလန္လက္ေရြးစင္ျဖစ္တဲ့ ခ်ီဝဲလ္ဟာ လက္စတာ အသင္းအတြက္ ၂၀၁၅ ခုႏွစ္မွာ စတင္ကစားခဲ့ၿပီး ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနသူ ျဖစ္ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ေျခဖဝါးဒဏ္ရာေၾကာင့္ လက္စတာအသင္းရဲ့ ေနာက္ဆုံးၿပိဳင္ပြဲ ငါးပြဲ ကစားခြင့္ မရခဲ့ပါဘူး။ ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲစဥ္ကို လက္စတာစီးတီးအသင္းနဲ႔ ကစားခဲ့ၿပီး ထိပ္တန္းေလးသင္း စာရင္းဝင္ေရာက္ခဲ့ကာ ခ်န္ပီယံလိဂ္ ကစားသြားဖို႔ ရွိေနပါတယ္။
ခ်ီဝဲလ္က “ ေရွ႕ဆက္ၿပီးေတာ့ ကြ်န္ေတာ္က လမ္းပတ္ရဲ့ လူငယ္ကစားသမားေတြကို ေနရာေပးထားတဲ့ အသင္းမွာ အစိတ္အပိုင္းတစ္ခုအေနနဲ႔ ပါဝင္ေနပါတယ္။ ေနာက္လာမဲ့ ေဘာလုံးရာသီအတြက္ လမ္းပတ္ရဲ့ စိန္ေခၚမႈလည္း ေၾကာက္မက္ဖြယ္ ေကာင္းေစပါတယ္ ” လို႔ ဆိုပါတယ္။
ခ်ီဝဲလ္ဟာ လက္စတာစီးတီးအသင္းနဲ႔ ၁၂၃ ပြဲ ပါဝင္ကစားထားၿပီး ေလးဂိုးသြင္းယူထားကာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက သုံးဂိုးသြင္းယူနိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ့ အားကစားဒါရိုက္တာက “ ကြ်န္ေတာ္တို႔ဟာ ယုံၾကည္မႈရွိရွိနဲ႔ ခ်ီဝဲလ္ကို ခ်ဲလ္ဆီးကစားသမားအျဖစ္ ေပါင္းထည့္နိုင္ခဲ့ပါတယ္။ အထူးသျဖင့္ေတာ့ ၂၀၂၀-၂၁ ေဘာလုံးရာသီက အလုပ္ရႈပ္ေစမဲ့ ေဘာလုံးရာသီတစ္ခုလည္း ျဖစ္လာမွာပါ။ ကြ်န္ေတာ္တို႔ရဲ့ ထိတ္လန႔္စရာ စိန္ေခၚမႈေတြအတြက္ လိုအပ္ေနတဲ့ေနရာမွာ သူ႔ကို ေပါင္းထည့္လိုက္ျခင္းလည္း ျဖစ္ပါတယ္ ” လို႔ ေျပာပါတယ္။