ဒီနှစ်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားဖို့ ရှိနေကြောင်း အေဂျက်အသင်းဖော်ကို ဗန်ဒီဘိခ် ရင်ဖွင့်ပြောကြားခဲ့

0
248

 

အေဂျက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘန်ဒီဘိခ်က အသင်းဖော်ဖြစ်သူကို ၎င်းက ယခုနှစ် နွေရာသီ ပြောင်းရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားသွားမှာ ဖြစ်ကြောင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဘန်ဒီဘိခ်ဟာ ဆိုးရှားရဲ့ ၂၀၂၀-၂၁ ခုနှစ် ဘောလုံးရာသီအတွက် အစီအစဉ်တွေမှာ ပါဝင်နေသူ တစ်ယောဖြစ်နေပြီး ယခုနှစ် နွေရာသီပြောင်းရွှေ့ကာလမှာ ရောက်ရှိလာနိုင်ဖွယ် ရှိနေပါတယ်။ ၎င်းကို စပါးလ်အသင်းနဲ့ ဘာစီလိုနာအသင်းတွေက စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက အေဂျက်အသင်းနဲ့ ၃၇ ပွဲကစားအပြီး ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

203

စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဘန်ဒီဘိခ်က ယခုတစ်ပတ်အတွင်းမှာ မန်ချက်စတာယူနိုက်တက်ကို အပြောင်းအရွှေ့ကိစ္စအတွက် သွားရောက်ဖို့ ရှိနေတယ်လို့ ၎င်းရဲ့ အသင်းဖော်ဖြစ်သူကို ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်း မန်နေဂျာဖြစ်တဲ့ နယ်သာလန်နိုင်ငံသား ကိုးမန်းကလည်း နယ်သာလန်ကစားသမားဖြစ်တဲ့ ဘန်ဒီဘိခ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး အေဂျက်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်က ဘန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အဲစတွန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂရီအာလစ်ကိုလည်း ခေါ်ယူဖို့ ပြုလုပ်နေပါတယ်။

အေဂျက်ကစားသမားဖြစ်တဲ့ အဲရစ်တန်ဟက်က “ သူ့အပေါ်ရွေးချယ်မှုက ဘယ်လောက်အထိ နက်ရှိုင်းတယ်ဆိုတာကို စိတ်ဝင်စားနေပြီး ဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာကိုလည်း စိတ်ဝင်စားနေကြ ပါတယ် ” လို့ ပြောပါတယ်။

ဘန်ဒီဘိခ်ဟာ ၂၀၁၅ ခုနှစ်ကတည်းက အေဂျက်အသင်း လူငယ်ကစားသမားအဖြစ်နဲ့ ရှိခဲ့ပြီး ၁၇၅ ပွဲ ပါဝင်ခဲ့ပါတယ်။ ၎င်းဟာ ၂၀၁၉ ခုနှစ်က အေဂျက်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ၁၆ သင်းအဆင့် ပြိုင်ပွဲမှာ ဂိုးသွင်းယူပေးနိုင်ခဲ့သလို ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်ပွဲတွေမှာလည်း ဂိုးတွေ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

Zawgyi

ဒီႏွစ္ေႏြရာသီမွာ မန္ခ်က္စတာယူနိုက္တက္ကို ေျပာင္းေရႊ႕သြားဖို႔ ရွိေနေၾကာင္း ေအဂ်က္အသင္းေဖာ္ကို ဗန္ဒီဘိခ္ ရင္ဖြင့္ေျပာၾကားခဲ့

ေအဂ်က္အသင္းရဲ့ ကြင္းလယ္ကစားသမား ဘန္ဒီဘိခ္က အသင္းေဖာ္ျဖစ္သူကို ၎က ယခုႏွစ္ ေႏြရာသီ ေျပာင္းေရႊ႕ကာလမွာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ေျပာင္းေရႊ႕ကစားသြားမွာ ျဖစ္ေၾကာင္း ေျပာၾကား ခဲ့တယ္လို႔ သိရပါတယ္။
အသက္ ၂၃ ႏွစ္အရြယ္ ဘန္ဒီဘိခ္ဟာ ဆိုးရွားရဲ့ ၂၀၂၀-၂၁ ခုႏွစ္ ေဘာလုံးရာသီအတြက္ အစီအစဥ္ေတြမွာ ပါဝင္ေနသူ တစ္ေယာျဖစ္ေနၿပီး ယခုႏွစ္ ေႏြရာသီေျပာင္းေရႊ႕ကာလမွာ ေရာက္ရွိလာနိုင္ဖြယ္ ရွိေနပါတယ္။ ၎ကို စပါးလ္အသင္းနဲ႔ ဘာစီလိုနာအသင္းေတြက စိတ္ဝင္စားေနၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ေအဂ်က္အသင္းနဲ႔ ၃၇ ပြဲကစားအၿပီး ၁၀ ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။
စပိန္မီဒီယာေတြရဲ့ ေဖာ္ျပခ်က္အရ ဘန္ဒီဘိခ္က ယခုတစ္ပတ္အတြင္းမွာ မန္ခ်က္စတာယူနိုက္တက္ကို အေျပာင္းအေရႊ႕ကိစၥအတြက္ သြားေရာက္ဖို႔ ရွိေနတယ္လို႔ ၎ရဲ့ အသင္းေဖာ္ျဖစ္သူကို ေျပာၾကားခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ဘာစီလိုနာအသင္း မန္ေနဂ်ာျဖစ္တဲ့ နယ္သာလန္နိုင္ငံသား ကိုးမန္းကလည္း နယ္သာလန္ကစားသမားျဖစ္တဲ့ ဘန္ဒီဘိခ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနၿပီး ေအဂ်က္အသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၅၀ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ဘန္ဒီဘိခ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနသလို အဲစတြန္ဗီလာအသင္းရဲ့ ကြင္းလယ္ကစားသမား ဂရီအာလစ္ကိုလည္း ေခၚယူဖို႔ ျပဳလုပ္ေနပါတယ္။
ေအဂ်က္ကစားသမားျဖစ္တဲ့ အဲရစ္တန္ဟက္က “ သူ႔အေပၚေရြးခ်ယ္မႈက ဘယ္ေလာက္အထိ နက္ရွိုင္းတယ္ဆိုတာကို စိတ္ဝင္စားေနၿပီး ဘယ္လိုမ်ိဳးအဆုံးသတ္သြားမလဲဆိုတာကိုလည္း စိတ္ဝင္စားေနၾက ပါတယ္ ” လို႔ ေျပာပါတယ္။
ဘန္ဒီဘိခ္ဟာ ၂၀၁၅ ခုႏွစ္ကတည္းက ေအဂ်က္အသင္း လူငယ္ကစားသမားအျဖစ္နဲ႔ ရွိခဲ့ၿပီး ၁၇၅ ပြဲ ပါဝင္ခဲ့ပါတယ္။ ၎ဟာ ၂၀၁၉ ခုႏွစ္က ေအဂ်က္အသင္းရဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ ၁၆ သင္းအဆင့္ ၿပိဳင္ပြဲမွာ ဂိုးသြင္းယူေပးနိုင္ခဲ့သလို ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္ပြဲေတြမွာလည္း ဂိုးေတြ သြင္းယူနိုင္ခဲ့သူ ျဖစ္ပါတယ္။