နက်စတာကို လက်ထောက်နည်းပြအဖြစ် ဂျူဗင်တပ်အသင်းမန်နေဂျာ ပီယာလို ခေါ်ယူဖို့ အလိုရှိနေ

0
310

 

ဂျူဗင်တပ်စ်အသင်း မန်နေဂျာအဖြစ်ရောက်ရှိနေတဲ့ ပီယာလိုက အီတလီလက်ရွေးစင်အသင်းဖော် ဟောင်း ဖြစ်သူ ခံစစ်ကစားသမား နက်စတာကို လက်ထောက်မန်နေဂျာအဖြစ် ခေါ်ယူလိုနေတယ်လို့ သိရပါ တယ်။ ပီယာလိုနဲ့ နက်စတာတို့ဟာ အီတလီလက်ရွေးစင်အသင်းမှာ အတူကစားခဲ့ကြသလို အေစီမီလန် အသင်းမှာလည်း အတူအလုပ်လုပ်ခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ ပီယာလိုက သူငယ်ချင်းဟောင်းဖြစ်သူ နက်စတာကို တစ်ကျော့ပြန် ပြန်လည်လက်တွဲရန် ရှာဖွေနေပါတယ်။

117

လက်ရှိအချိန်မှာ နက်စတာက အီတလီစီးရီး-ဘီကလပ် ဖြစ်တဲ့ ဖရိုဆင်ဝမ်းအသင်း မန်နေဂျာအဖြစ် ၂၀၁၉ ခုနှစ်က စတင်ပြီး တာဝန်ယူထားပါတယ်။ သတင်းတွေအရ ပီယာလိုက နက်စတာကို ပုဂ္ဂိုလ်ရေးအရ ဖုန်းဆက်ပြီး အကြောင်းကြားပြောဆိုတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း နက်စတာရဲ့ အသင်းက စီးရီးဘီရဲ့ ရှုံးထွက်ပွဲစဉ်တွေ ကစားဖို့ ကျန်ရှိနေသေးတဲ့အတွက် ပီယာလိုကို အကြောင်းမပြန်နိုင်သေးဘဲ ဖြစ်နေပါတယ်။ ယခုအချိန်မှာ စိတ်ပိုင်းဖြတ်တာရှိနေမှာ ဖြစ်သလို ဆုံးဖြတ်ချက်တွေ ကိုလည်း အမြန်ဆုံး ပြုလုပ်သွားပါလိမ့်မယ်။ နက်စတာရဲ့ ဖရိုဆင်ဝမ်းအသင်းဟာ စပီဇီအာအသင်းကို ၁-၀ နဲ့ ရှုံးထားလို့ ဒုတိယအကျော့ အဆုံးအဖြတ် ပွဲစဉ်ကစားဖို့ ကျန်ရှိနေပါတယ်။

118

ပီယာလိုအတွက် အီတလီအသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ရော်ဘတ်တို ဘာရိုနီယိုနဲ့ ဂါဂလီအာဒီတို့က ပွဲစဉ်သုံးသပ်သူတွေအဖြစ် ရောက်ရှိနေကြသလို လက်ထောက်နည်းစနစ်ဒါရိုက်တာကိုလည်း အသင်းရဲ့ ဘုတ်အဖွဲ့က ခန့်အပ်သွားဖို့ ရှိနေပါတယ်။ ပါအိုလို ဘာတယ်လီကိုလည်း ကြံ့ခိုင်မှုလေ့ကျင့်ပေးသူအဖြစ် ခန့်အပ် ထားပါတယ်။

Zawgyi

နက္စတာကို လက္ေထာက္နည္းျပအျဖစ္ ဂ်ဴဗင္တပ္အသင္းမန္ေနဂ်ာ ပီယာလို ေခၚယူဖို႔ အလိုရွိေန

ဂ်ဴဗင္တပ္စ္အသင္း မန္ေနဂ်ာအျဖစ္ေရာက္ရွိေနတဲ့ ပီယာလိုက အီတလီလက္ေရြးစင္အသင္းေဖာ္ ေဟာင္း ျဖစ္သူ ခံစစ္ကစားသမား နက္စတာကို လက္ေထာက္မန္ေနဂ်ာအျဖစ္ ေခၚယူလိုေနတယ္လို႔ သိရပါ တယ္။ ပီယာလိုနဲ႔ နက္စတာတို႔ဟာ အီတလီလက္ေရြးစင္အသင္းမွာ အတူကစားခဲ့ၾကသလို ေအစီမီလန္ အသင္းမွာလည္း အတူအလုပ္လုပ္ခဲ့ၾကပါတယ္။ ယခုအခ်ိန္မွာေတာ့ ပီယာလိုက သူငယ္ခ်င္းေဟာင္းျဖစ္သူ နက္စတာကို တစ္ေက်ာ့ျပန္ ျပန္လည္လက္တြဲရန္ ရွာေဖြေနပါတယ္။
လက္ရွိအခ်ိန္မွာ နက္စတာက အီတလီစီးရီး-ဘီကလပ္ ျဖစ္တဲ့ ဖရိုဆင္ဝမ္းအသင္း မန္ေနဂ်ာအျဖစ္ ၂၀၁၉ ခုႏွစ္က စတင္ၿပီး တာဝန္ယူထားပါတယ္။ သတင္းေတြအရ ပီယာလိုက နက္စတာကို ပုဂၢိဳလ္ေရးအရ ဖုန္းဆက္ၿပီး အေၾကာင္းၾကားေျပာဆိုတာေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ဒါေပမဲ့လည္း နက္စတာရဲ့ အသင္းက စီးရီးဘီရဲ့ ရႈံးထြက္ပြဲစဥ္ေတြ ကစားဖို႔ က်န္ရွိေနေသးတဲ့အတြက္ ပီယာလိုကို အေၾကာင္းမျပန္နိုင္ေသးဘဲ ျဖစ္ေနပါတယ္။ ယခုအခ်ိန္မွာ စိတ္ပိုင္းျဖတ္တာရွိေနမွာ ျဖစ္သလို ဆုံးျဖတ္ခ်က္ေတြ ကိုလည္း အျမန္ဆုံး ျပဳလုပ္သြားပါလိမ့္မယ္။ နက္စတာရဲ့ ဖရိုဆင္ဝမ္းအသင္းဟာ စပီဇီအာအသင္းကို ၁-၀ နဲ႔ ရႈံးထားလို႔ ဒုတိယအေက်ာ့ အဆုံးအျဖတ္ ပြဲစဥ္ကစားဖို႔ က်န္ရွိေနပါတယ္။
ပီယာလိုအတြက္ အီတလီအသင္းေဖာ္ေဟာင္းေတြ ျဖစ္တဲ့ ေရာ္ဘတ္တို ဘာရိုနီယိုနဲ႔ ဂါဂလီအာဒီတို႔က ပြဲစဥ္သုံးသပ္သူေတြအျဖစ္ ေရာက္ရွိေနၾကသလို လက္ေထာက္နည္းစနစ္ဒါရိုက္တာကိုလည္း အသင္းရဲ့ ဘုတ္အဖြဲ႕က ခန႔္အပ္သြားဖို႔ ရွိေနပါတယ္။ ပါအိုလို ဘာတယ္လီကိုလည္း ႀကံ့ခိုင္မႈေလ့က်င့္ေပးသူအျဖစ္ ခန႔္အပ္ ထားပါတယ္။