နည်းပြဆက်တီယန်ကို ဘာစီလိုနာအသင်း ထုတ်ပယ်

0
375

ဘာစီလိုနာအသင်းဟာ သောကြာနေ့ညက ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၈-၂ ဂိုးနဲ့ အရှက်ရဖွယ် ရှုံးပွဲကြုံခဲ့ရပြီးနောက် သူတို့ရဲ့နည်းပြ ဆက်တီယန်ကို ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ လူမှုဝက်ဘ်ဆိုက်မှာ ဆက်တီယန်ကို ကာလရှည်နည်းပြအဖြစ် ဆက် ထားတော့မှာမဟုတ်ဘဲ နောက်ထပ်ခန့်အပ်မယ့် နည်းပြသစ်ကိုလည်း မကြာခင်မှာ ကြေညာပေးသွားမယ်လို့ ထုတ်ဖော်ရေးသားပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ နည်းပြဆက်တီယန်လက်ထက်မှာ လာလီဂါဆုဖလားကိုလည်း လက်လွှတ်ခဲ့ရသလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း ဘိုင်ယန်မြူးနစ်ကို အရှက်ရဖွယ်ရှုံးပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဆက်တီယန်ကို ထုတ်ပယ်တဲ့သတင်းအပြင် ဘာစီလိုနာအသင်းဟာ လာမယ့်နှစ် မတ်လပိုင်းလောက်မှာ အသင်းဥက္ကဋ္ဌသစ် ရွေးချယ်ပွဲကျင်းပသွားမယ့်အကြောင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လတ်တလောမှာတော့ ဘာစီလိုနာနည်းပြသစ်ဖြစ်လာဖို့အတွက် နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းက ရေပန်းစားနေပါတယ်။ ဆက်တီယန်ဟာ ဒီနှစ် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ဘာစီလိုနာနည်းပြဖြစ်လာခဲ့သူဖြစ်ပြီး ၇ လအတွင်းမှာ ၂၅ ပွဲကိုင်တွယ်ခဲ့ကာ လိဂ်ပွဲ ၁၉ ပွဲ၊ ချန်ပီယံလိဂ်ပွဲ ၃ ပွဲနဲ့ စပိန်ဘုရင့်ဖလား ၃ ပွဲတို့ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်တွေမှာ ဆက်တီယန်ဟာ နိုင်ပွဲ ၁၆ ပွဲ၊ သရေပွဲ ၄ ပွဲနဲ့ ရှုံးပွဲ ၅ ပွဲရလဒ်ထွက်အောင် ကိုင်တွယ်ပေးနိုင် ခဲ့ပါတယ်။

(zawgyi)

နည္းျပဆက္တီယန္ကို ဘာစီလိုနာအသင္း ထုတ္ပယ္

ဘာစီလိုနာအသင္းဟာ ေသာၾကာေန႔ညက ကစားခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၈-၂ ဂိုးနဲ႔ အရွက္ရဖြယ္ ရႈံးပြဲႀကဳံခဲ့ရၿပီးေနာက္ သူတို႔ရဲ႕နည္းျပ ဆက္တီယန္ကို ထုတ္ပယ္လိုက္ၿပီလို႔ သိရပါတယ္။ ဘာစီလိုနာအသင္းဟာ သူတို႔ရဲ႕ လူမႈ၀က္ဘ္ဆိုက္မွာ ဆက္တီယန္ကို ကာလရွည္နည္းျပအျဖစ္ ဆက္ ထားေတာ့မွာမဟုတ္ဘဲ ေနာက္ထပ္ခန္႔အပ္မယ့္ နည္းျပသစ္ကိုလည္း မၾကာခင္မွာ ေၾကညာေပးသြားမယ္လို႔ ထုတ္ေဖာ္ေရးသားျပခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ နည္းျပဆက္တီယန္လက္ထက္မွာ လာလီဂါဆုဖလားကိုလည္း လက္လႊတ္ခဲ့ရသလို ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာလည္း ဘိုင္ယန္ျမဴးနစ္ကို အရွက္ရဖြယ္ရႈံးၿပီး ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ ဆက္တီယန္ကို ထုတ္ပယ္တဲ့သတင္းအျပင္ ဘာစီလိုနာအသင္းဟာ လာမယ့္ႏွစ္ မတ္လပိုင္းေလာက္မွာ အသင္းဥကၠ႒သစ္ ေရြးခ်ယ္ပြဲက်င္းပသြားမယ့္အေၾကာင္းကိုလည္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

လတ္တေလာမွာေတာ့ ဘာစီလိုနာနည္းျပသစ္ျဖစ္လာဖို႔အတြက္ နယ္သာလန္နည္းျပ ေရာ္နယ္ကိုးမန္းက ေရပန္းစားေနပါတယ္။ ဆက္တီယန္ဟာ ဒီႏွစ္ ဇန္န၀ါရီ ၁၃ ရက္ေန႔မွာ ဘာစီလိုနာနည္းျပျဖစ္လာခဲ့သူျဖစ္ၿပီး ၇ လအတြင္းမွာ ၂၅ ပြဲကိုင္တြယ္ခဲ့ကာ လိဂ္ပြဲ ၁၉ ပြဲ၊ ခ်န္ပီယံလိဂ္ပြဲ ၃ ပြဲနဲ႔ စပိန္ဘုရင့္ဖလား ၃ ပြဲတို႔ ျဖစ္ပါတယ္။ အဲဒီပြဲစဥ္ေတြမွာ ဆက္တီယန္ဟာ နုိင္ပြဲ ၁၆ ပြဲ၊ သေရပြဲ ၄ ပြဲနဲ႔ ရႈံးပြဲ ၅ ပြဲရလဒ္ထြက္ေအာင္ ကိုင္တြယ္ေပးႏုိင္ ခဲ့ပါတယ္။