နူးကမ့်ဂိတ်မှာ မက်ဆီအတွက် ဆန္ဒပြခဲ့ကြတဲ့ ဘာစီလိုနာပရိသတ်များ

0
419

ဘာစီလိုနာအသင်းကနေ အဓိကတိုက်စစ်မှူး မက်ဆီ ထွက်ခွာဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာပြီးနောက်မှာ အသင်းပရိသတ်အများစုဟာ ဒေါသတကြီးနဲ့ နူးကမ့်ဂိတ်ကို ချီတက်လာကြပြီး ဆန္ဒပြမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒေါသထွက်နေကြတဲ့ ပရိသတ်တွေဟာ အသင်းဘုတ်အဖွဲ့ဝင် တွေနဲ့ ဥက္ကဋ္ဌ ဘာတိုမူကို နုတ်ထွက်စေလိုနေပြီး ဒီဆန္ဒဟာ လာလီဂါဆုဖလားကို အဓိကပြိုင်ဘက် ရီးရဲလ် အသင်းထံ လက်လွှတ်ပေးခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်ကို အရှက်ရဖွယ်ရှုံးခဲ့ပြီးကတည်းက ထွက်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း အဓိကတိုက်စစ်မှူး မက်ဆီက ဒီနွေရာသီကာလမှာ သူ့အနေနဲ့ အလွတ်ပြောင်းရွှေ့ ကြေးနဲ့ အသင်းပြောင်းလိုတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ပရိသတ်တွေဟာ ဒေါသကို မထိန်းနိုင်တော့ ဘဲ နူးကမ့်ကွင်းဂိတ်ကို စုရုံးချီတက်လာခဲ့ကြကာ ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။ လူပေါင်းရာနဲ့ချီတဲ့ ပရိသတ်တွေ ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ နူးကမ့်ကွင်းကို ချီတက်လာကြပြီး မက်ဆီကို ထောက်ခံကြောင်းနဲ့ ဘာတိုမူကို နုတ်ထွက်စေချင်တဲ့အကြောင်းတွေ ဖော်ပြခဲ့ကြပါတယ်။

32428804-8668069-image-a-7_1598479328729

ပရိသတ်တွေဟာ နူးကမ့်ကွင်းအတွင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပြီး ကွင်းလုံခြုံရေးတွေဟာ သူတို့ကို တားမြစ်ဖို့ အင်အားနည်းပါးခဲ့ကြတယ်လို့လည်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ ကွင်းလုံခြုံရေးတစ်ဦးဟာ ပရိသတ်တွေကို တားမြစ်ဖို့ ကြိုးစားခဲ့ပေမဲ့ လူထုကြီးက သူ့ကို တိုးဝှေ့ဖြတ်ကျော်သွားခဲ့ကြတာကို တွေ့ရှိခဲ့ရ ပါတယ်။ တခြားအဖွဲ့တွေကလည်း ကွင်းဂိတ်ပြင်ပကနေပြီး ဘာတိုမူကို နုတ်ထွက်ပေးဖို့အတွက် စာတမ်းတွေ ထောင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

(zawgyi)

ႏူးကမ့္ဂိတ္မွာ မက္ဆီအတြက္ ဆႏၵျပခဲ့ၾကတဲ့ ဘာစီလိုနာပရိသတ္မ်ား

ဘာစီလိုနာအသင္းကေန အဓိကတိုက္စစ္မွဴး မက္ဆီ ထြက္ခြာဖြယ္ရွိတယ္ဆိုတဲ့ သတင္းေတြ ဆက္တုိက္ ထြက္ေပၚလာၿပီးေနာက္မွာ အသင္းပရိသတ္အမ်ားစုဟာ ေဒါသတႀကီးနဲ႔ ႏူးကမ့္ဂိတ္ကို ခ်ီတက္လာၾကၿပီး ဆႏၵျပမႈေတြ လုပ္ခဲ့ၾကတယ္လုိ႔ သိရပါတယ္။ ေဒါသထြက္ေနၾကတဲ့ ပရိသတ္ေတြဟာ အသင္းဘုတ္အဖြဲ႕၀င္ ေတြနဲ႔ ဥကၠ႒ ဘာတုိမူကို ႏုတ္ထြက္ေစလိုေနၿပီး ဒီဆႏၵဟာ လာလီဂါဆုဖလားကို အဓိကၿပိဳင္ဘက္ ရီးရဲလ္ အသင္းထံ လက္လႊတ္ေပးခဲ့ရသလို ခ်န္ပီယံလိဂ္မွာလည္း ဘိုင္ယန္ျမဴးနစ္ကို အရွက္ရဖြယ္ရႈံးခဲ့ၿပီးကတည္းက ထြက္ေပၚေနခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ လက္ရွိမွာလည္း အဓိကတိုက္စစ္မွဴး မက္ဆီက ဒီေႏြရာသီကာလမွာ သူ႕အေနနဲ႔ အလြတ္ေျပာင္းေရႊ႕ ေၾကးနဲ႔ အသင္းေျပာင္းလိုတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ ပရိသတ္ေတြဟာ ေဒါသကို မထိန္းႏုိင္ေတာ့ ဘဲ ႏူးကမ့္ကြင္းဂိတ္ကို စုရုံးခ်ီတက္လာခဲ့ၾကကာ ဆႏၵျပခဲ့ၾကတာပဲျဖစ္ပါတယ္။ လူေပါင္းရာနဲ႔ခ်ီတဲ့ ပရိသတ္ေတြ ဟာ ၿပီးခဲ့တဲ့ အဂၤါေန႔မွာ ႏူးကမ့္ကြင္းကို ခ်ီတက္လာၾကၿပီး မက္ဆီကို ေထာက္ခံေၾကာင္းနဲ႔ ဘာတိုမူကို ႏုတ္ထြက္ေစခ်င္တဲ့အေၾကာင္းေတြ ေဖာ္ျပခဲ့ၾကပါတယ္။

ပရိသတ္ေတြဟာ ႏူးကမ့္ကြင္းအတြင္း ၀င္ေရာက္ဖို႔ ႀကိဳးစားခဲ့ၾကၿပီး ကြင္းလုံၿခဳံေရးေတြဟာ သူတို႔ကို တားျမစ္ဖို႔ အင္အားနည္းပါးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြအရ ကြင္းလုံၿခဳံေရးတစ္ဦးဟာ ပရိသတ္ေတြကို တားျမစ္ဖို႔ ႀကိဳးစားခဲ့ေပမဲ့ လူထုႀကီးက သူ႕ကို တိုးေ၀ွ႕ျဖတ္ေက်ာ္သြားခဲ့ၾကတာကို ေတြ႕ရွိခဲ့ရ ပါတယ္။ တျခားအဖြဲ႕ေတြကလည္း ကြင္းဂိတ္ျပင္ပကေနၿပီး ဘာတိုမူကို ႏုတ္ထြက္ေပးဖို႔အတြက္ စာတမ္းေတြ ေထာင္ျပခဲ့ၾကတယ္လုိ႔ သိရပါတယ္။