နေမာထက် အမ်ဘက်ပီကို ပိုသဘောကျနေတဲ့ ရိုနယ်ဒို

0
440

ရီးရဲလ်မက်ဒရစ်အသင်း ဂန္ထဝင် ကစားသမား ရိုနယ်ဒိုက အသင်းဟောင်းအနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ ထက် သူ့အသင်းဖော် အမ်ဘက်ပီကို ပိုမိုခေါ်ယူသင့်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပြင်သစ်သား တစ်ဦးဖြစ်တဲ့ အမ်ဘက်ပီဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပစ်မှတ်ထားမှုကို ကစားသမားဘဝတချို့မှာ ခံခဲ့ရဖူးပြီး ၂၀၂၁ ရာသီအတွက်လည်း ပစ်မှတ်ထားခံနေရတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဘာစီလိုနာ ကစားသမားဟောင်း နေမာကလည်း ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ အရင်တုန်းက သတင်းတွေ ပြေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘရာဇီးဂန္ထဝင် ရိုနယ်ဒိုကတော့ တစ်နိုင်ငံတည်းသား နေမာထက် အမ်ဘက်ပီကို ရီးရဲလ်အသင်း ပိုခေါ်သင့်တယ်လို့ ယူဆထားပါတယ်။

၂၀ဝ၂-ဝ၃ ရာသီမှာ ရီးရဲလ်အသင်းနဲ့အတူ ဆုဖလားရခဲ့ဖူးတဲ့ ရိုနယ်ဒိုက “ လက်ရှိအချိန်မှာတော့ ဘယ်သူက ဘယ်သူ့ထက်ပိုကောင်းတယ်ဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်မယ်ဆိုရင်တော့ အနာဂတ်ကိုစဉ်းစားပြီး ပြုလုပ်သင့်ပါတယ်။ နေမာက အခု ၂၈ နှစ်ရှိနေပြီဖြစ်ပြီး အမ်ဘက် ပီက ၂၂ နှစ်ပဲ ရှိသေးတယ်လေ။ ရင်းနှီးမြုပ်နှံမှုတစ်ခုမှာ လူငယ်တွေကိုပဲ ပိုပြီးခေါ်ယူသင့်ပါတယ်” လို့ ပြောသွား ခဲ့တာဖြစ်ပါတယ်။

(zawgyi)

ေနမာထက္ အမ္ဘက္ပီကို ပိုသေဘာက်ေနတဲ့ ရိုနယ္ဒို

ရီးရဲလ္မက္ဒရစ္အသင္း ဂႏၳ၀င္ ကစားသမား ရိုနယ္ဒိုက အသင္းေဟာင္းအေနနဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ေနမာ ထက္ သူ႕အသင္းေဖာ္ အမ္ဘက္ပီကို ပိုမိုေခၚယူသင့္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ျပင္သစ္သား တစ္ဦးျဖစ္တဲ့ အမ္ဘက္ပီဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ပစ္မွတ္ထားမႈကို ကစားသမားဘ၀တခ်ဳိ႕မွာ ခံခဲ့ရဖူးၿပီး ၂၀၂၁ ရာသီအတြက္လည္း ပစ္မွတ္ထားခံေနရတာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္မွာ ပီအက္စ္ဂ်ီအသင္းကို ကမၻာ့စံခ်ိန္တင္ေၾကး ယူရို ၂၂၂ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ ဘာစီလိုနာ ကစားသမားေဟာင္း ေနမာကလည္း ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖြယ္ရွိတယ္လို႔ အရင္တုန္းက သတင္းေတြ ေျပးခဲ့ဖူးပါတယ္။ ဒါေပမဲ့ ဘရာဇီးဂႏၳ၀င္ ရိုနယ္ဒိုကေတာ့ တစ္ႏုိင္ငံတည္းသား ေနမာထက္ အမ္ဘက္ပီကို ရီးရဲလ္အသင္း ပိုေခၚသင့္တယ္လို႔ ယူဆထားပါတယ္။

၂၀၀၂-၀၃ ရာသီမွာ ရီးရဲလ္အသင္းနဲ႔အတူ ဆုဖလားရခဲ့ဖူးတဲ့ ရိုနယ္ဒိုက “ လက္ရွိအခ်ိန္မွာေတာ့ ဘယ္သူက ဘယ္သူ႕ထက္ပိုေကာင္းတယ္ဆိုတာမ်ဳိး မရွိပါဘူး။ ဒါေပမဲ့ ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္မယ္ဆိုရင္ေတာ့ အနာဂတ္ကိုစဥ္းစားၿပီး ျပဳလုပ္သင့္ပါတယ္။ ေနမာက အခု ၂၈ ႏွစ္ရွိေနၿပီျဖစ္ၿပီး အမ္ဘက္ ပီက ၂၂ ႏွစ္ပဲ ရွိေသးတယ္ေလ။ ရင္းႏွီးျမဳပ္ႏွံမႈတစ္ခုမွာ လူငယ္ေတြကိုပဲ ပိုၿပီးေခၚယူသင့္ပါတယ္” လို႔ ေျပာသြား ခဲ့တာျဖစ္ပါတယ္။