နောက်ခံကစားသမား ကာလူလူကို အေစီမီလန်အသင်း ခေါ်ယူစာချုပ်

0
328

အေစီမီလန်အသင်းဟာ ပြင်သစ်နောက်ခံကစားသမား ကာလူလူကို ၅ နှစ်စာချုပ်သက်တမ်းနဲ့ ခေါ်ယူစာချုပ် လိုက်တယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ် ဒီကစားသမားဟာ လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်းကုန် ဆုံးပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့်ရထားသူဖြစ်ပြီး အဲဒီအသင်းမှာလည်း ပွဲထွက်လူစာ ရင်းအဖြစ် ပါဝင်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

ကာလူလူဟာ မကြာသေးခင်ကပဲ မီလန်အသင်းနဲ့ ဆေးစစ်မှုခံယူနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဗုဒ္ဒဟူးနေ့မှာ တရားဝင်စာချုပ်နိုင်မှုကို အတည်ပြုပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အသင်းရဲ့ ဖော်ပြချက်မှာ “ အေစီမီလန်အသင်းအနေနဲ့ ကာလူလူကို ခေါ်ယူစာချုပ်နိုင်ခဲ့တယ်ဆိုတာကို အတည်ပြုပေးနိုင်ပြီး အမြဲတမ်း စာချုပ်နဲ့ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒီပြင်သစ်သားရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်တယ်” လို့ ပါရှိခဲ့ပါတယ်။

ပြင်သစ်ယူ-၂၀ လက်ရွေးစင်ကစားသမားဖြစ်တဲ့ ကာလူလူဟာ ပြီးခဲ့တဲ့ ၂ ရာသီကျော်အတွင်း ယူအီးအက်ဖ်အေ လူငယ်လိဂ်ပြိုင်ပွဲမှာ လိုင်ယွန်အသင်းအတွက် ၁၆ ပွဲသာ ပါဝင်ကစားခဲ့ရဖူးသူလည်းဖြစ်ပါတယ်။ အေစီမီလန်အ သင်းဟာ ဒီရာသီမှာ အဆင့် ၆နေရာ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရထားတာကြောင့် ကာလူလူအတွက် အခွင့်အလမ်းတွေ ပေါ်ပေါက်လာနိုင်တယ်လို့လည်း သိရပါတယ်။

(zawgyi)

ေနာက္ခံကစားသမား ကာလူလူကို ေအစီမီလန္အသင္း ေခၚယူစာခ်ဳပ္

ေအစီမီလန္အသင္းဟာ ျပင္သစ္ေနာက္ခံကစားသမား ကာလူလူကို ၅ ႏွစ္စာခ်ဳပ္သက္တမ္းနဲ႔ ေခၚယူစာခ်ဳပ္ လိုက္တယ္လို႔ သိရပါတယ္။ အသက္ ၂၀ အရြယ္ ဒီကစားသမားဟာ လိုင္ယြန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ ဆုံးၿပီးေနာက္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းေျပာင္းခြင့္ရထားသူျဖစ္ၿပီး အဲဒီအသင္းမွာလည္း ပြဲထြက္လူစာ ရင္းအျဖစ္ ပါ၀င္ခြင့္မရခဲ့ဘူးလို႔ သိရပါတယ္။

ကာလူလူဟာ မၾကာေသးခင္ကပဲ မီလန္အသင္းနဲ႔ ေဆးစစ္မႈခံယူေနတယ္လို႔ သတင္းေတြထြက္ေပၚခဲ့ၿပီးေနာက္ ဗုဒၵဟူးေန႔မွာ တရား၀င္စာခ်ဳပ္ႏုိင္မႈကို အတည္ျပဳေပးႏုိင္ခဲ့တာျဖစ္ပါတယ္။ ေအစီမီလန္အသင္းရဲ႕ ေဖာ္ျပခ်က္မွာ “ ေအစီမီလန္အသင္းအေနနဲ႔ ကာလူလူကို ေခၚယူစာခ်ဳပ္ႏုိင္ခဲ့တယ္ဆိုတာကို အတည္ျပဳေပးႏုိင္ၿပီး အၿမဲတမ္း စာခ်ဳပ္နဲ႔ အၿပီးသတ္ေခၚယူခဲ့တာျဖစ္ပါတယ္။ ဒီျပင္သစ္သားရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၅ ခုႏွစ္ ဇြန္လ ၃၀ ရက္ေန႔မွာ ကုန္ဆုံးမွာျဖစ္တယ္” လို႔ ပါရွိခဲ့ပါတယ္။

ျပင္သစ္ယူ-၂၀ လက္ေရြးစင္ကစားသမားျဖစ္တဲ့ ကာလူလူဟာ ၿပီးခဲ့တဲ့ ၂ ရာသီေက်ာ္အတြင္း ယူအီးအက္ဖ္ေအ လူငယ္လိဂ္ၿပိဳင္ပြဲမွာ လိုင္ယြန္အသင္းအတြက္ ၁၆ ပြဲသာ ပါ၀င္ကစားခဲ့ရဖူးသူလည္းျဖစ္ပါတယ္။ ေအစီမီလန္အ သင္းဟာ ဒီရာသီမွာ အဆင့္ ၆ေနရာ ရပ္တည္ႏုိင္ခဲ့ၿပီး ယူရိုပါလိဂ္၀င္ခြင့္ရထားတာေၾကာင့္ ကာလူလူအတြက္ အခြင့္အလမ္းေတြ ေပၚေပါက္လာႏုိင္တယ္လို႔လည္း သိရပါတယ္။