ပထမအကျော့အနိုင်ရလဒ်က အဝေးကြီးမှာကျန်ခဲ့ပြီဖြစ်လို့ ဒုတိယအကျော့ပွဲစဉ်ကို အားစိုက်ကစားကြဖို့ ဂွါဒီယိုလာ ပြောကြား

0
315

 

 

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို ၂-၁ နဲ့ အနိုင်ရခဲ့ပေမဲ့ ပထမအကျော့ရလဒ်က အဝေးကြီးမှာ ကျန်ခဲ့ပြီး ဒုတိယအကျော့အိမ်ကွင်းမှာ အားစိုက်ကစားသွား ကြဖို့ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ပထမအကျော့ပွဲမှာ ဒီဘလိုင်းနဲ့ ဂျီဆပ်တို့ရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရလဒ်ဖြစ်ပေမဲ့ အိမ်ကွင်းပွဲမှာ ပရိသတ်မပါဘဲ ကစားသွားရမှာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက “ ပထမအကျော့ပွဲစဉ်ဆိုတာ အဝေးကြီးမှာ ကျန်ခဲ့ပါပြီ။ အခုချိန်မှာ ကွဲပြားခြားနားတဲ့ ပွဲတစ်ပွဲ ဖြစ်နေပြီ။ ဒါကို ကွျန်တော်တို့ သိနေကြပါတယ်။ ကွျန်တော်တို့တွေက အိမ်ကွင်းမှာ ပရိသတ်မပါဘဲ ကစားရမှာ ဖြစ်ပေမဲ့ ပြိုင်ပွဲကောင်းတစ်ပွဲ ဖြစ်အောင် ကွျန်တော်တို့ကြိုးစားကစားသွားပါမယ် ” လို့ ပြောပါတယ်။

မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ အနိုင်ရလဒ်ကို ထိန်းထားနိုင်မယ်ဆိုရင် ပေါ်တူဂီမှာ ကစားရမဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးက ပထမအကျော့မှာ အနိုင်ရခဲ့တယ် ဆိုပေမဲ့ နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပထမအကျော့ကထက် ပိုပြီး တိုးတက်ကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်ဖို့ လိုအပ်တယ်လို့ ၎င်းက ဆိုပါတယ်။

ဆက်လက်ပြီး ၎င်းက “ သူတို့တွေကို ဘယ်လိုမျိုးနာကျင်အောင် ပြုလုပ်ရမယ်ဆိုတာကို ကွျန်တော်တို့ ပြောခဲ့ကြပါတယ်။ ဒါက ဘာလဲဆိုတော့ ကွျန်တော်တို့တွေက ဒီပြိုင်ပွဲကို အာရုံစူးစိုက်ပြီး တည်ဆောက်သွားကြဖို့ ပါပဲ။ ကွျန်တော်တို့က ပြိုင်ပွဲတစ်ပွဲမှာ တိုးတက်မှုကို လိုချင်ပါတယ်။ ပြီးတော့ ပြိုင်ပွဲရဲ့ ဘယ်နေရာကနေ သူတို့တွေကို နာကျင်အောင် ပြုလုပ်သွားရမလဲဆိုတာကိုလည်း ပြုလုပ်ဖို့လိုပါတယ်။ ဘယ်နေရာမှာ ကွျန်တော်တို့တွေရဲ့ အရည်အချင်းရှိတယ်ဆိုတာ ပြသနိုင်ရပါမယ်။ ကွျန်တော်တို့တွေက တစ်ဖက်ဂိုးသမား ကော်တိုရစ်ဟာ အကောင်းဆုံးဂိုးသမားဖြစ်တယ်ဆိုတာကို သက်သေပြနိုင်အောင် ဂိုးတွေများစွာ ကန်သွင်းရပါ မယ်။ တချို့သောအရာတွေကတော့ ပြိုင်ပွဲကျင်းပနေတဲ့ ကာလအတွင်းမှာ ဆုံးဖြတ်သွားရပါမယ် ” လို့ ပြောပါ တယ်။

မန်စီးတီးအသင်းဟာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ရင် ဂျူဗင်တပ်စ်နဲ့ လိုင်ယွန်အသင်းတို့ပွဲမှာ အနိုင်ရတဲ့ အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

Zawgyi

ပထမအေက်ာ့အနိုင္ရလဒ္က အေဝးႀကီးမွာက်န္ခဲ့ၿပီျဖစ္လို႔ ဒုတိယအေက်ာ့ပြဲစဥ္ကို အားစိုက္ကစားၾကဖို႔ ဂြါဒီယိုလာ ေျပာၾကား

မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္ကို ၂-၁ နဲ႔ အနိုင္ရခဲ့ေပမဲ့ ပထမအေက်ာ့ရလဒ္က အေဝးႀကီးမွာ က်န္ခဲ့ၿပီး ဒုတိယအေက်ာ့အိမ္ကြင္းမွာ အားစိုက္ကစားသြား ၾကဖို႔ ဂြါဒီယိုလာက ေျပာၾကားလိုက္ပါတယ္။ မန္စီးတီးအသင္းဟာ ပထမအေက်ာ့ပြဲမွာ ဒီဘလိုင္းနဲ႔ ဂ်ီဆပ္တို႔ရဲ့ သြင္းဂိုး ႏွစ္ဂိုးနဲ႔ အေဝးကြင္းမွာ အနိုင္ရလဒ္ျဖစ္ေပမဲ့ အိမ္ကြင္းပြဲမွာ ပရိသတ္မပါဘဲ ကစားသြားရမွာ ျဖစ္ပါတယ္။
ဂြါဒီယိုလာက “ ပထမအေက်ာ့ပြဲစဥ္ဆိုတာ အေဝးႀကီးမွာ က်န္ခဲ့ပါၿပီ။ အခုခ်ိန္မွာ ကြဲျပားျခားနားတဲ့ ပြဲတစ္ပြဲ ျဖစ္ေနၿပီ။ ဒါကို ကြ်န္ေတာ္တို႔ သိေနၾကပါတယ္။ ကြ်န္ေတာ္တို႔ေတြက အိမ္ကြင္းမွာ ပရိသတ္မပါဘဲ ကစားရမွာ ျဖစ္ေပမဲ့ ၿပိဳင္ပြဲေကာင္းတစ္ပြဲ ျဖစ္ေအာင္ ကြ်န္ေတာ္တို႔ႀကိဳးစားကစားသြားပါမယ္ ” လို႔ ေျပာပါတယ္။
မန္စီးတီးအသင္းဟာ အိမ္ကြင္းမွာ အနိုင္ရလဒ္ကို ထိန္းထားနိုင္မယ္ဆိုရင္ ေပၚတူဂီမွာ ကစားရမဲ့ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ခြင့္ရမွာ ျဖစ္ပါတယ္။ မန္စီးတီးက ပထမအေက်ာ့မွာ အနိုင္ရခဲ့တယ္ ဆိုေပမဲ့ ေနာက္က်ဂိုးေတြနဲ႔ အနိုင္ရခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ပထမအေက်ာ့ကထက္ ပိုၿပီး တိုးတက္ေကာင္းမြန္တဲ့ အသင္းတစ္သင္း ျဖစ္ဖို႔ လိုအပ္တယ္လို႔ ၎က ဆိုပါတယ္။
ဆက္လက္ၿပီး ၎က “ သူတို႔ေတြကို ဘယ္လိုမ်ိဳးနာက်င္ေအာင္ ျပဳလုပ္ရမယ္ဆိုတာကို ကြ်န္ေတာ္တို႔ ေျပာခဲ့ၾကပါတယ္။ ဒါက ဘာလဲဆိုေတာ့ ကြ်န္ေတာ္တို႔ေတြက ဒီၿပိဳင္ပြဲကို အာ႐ုံစူးစိုက္ၿပီး တည္ေဆာက္သြားၾကဖို႔ ပါပဲ။ ကြ်န္ေတာ္တို႔က ၿပိဳင္ပြဲတစ္ပြဲမွာ တိုးတက္မႈကို လိုခ်င္ပါတယ္။ ၿပီးေတာ့ ၿပိဳင္ပြဲရဲ့ ဘယ္ေနရာကေန သူတို႔ေတြကို နာက်င္ေအာင္ ျပဳလုပ္သြားရမလဲဆိုတာကိုလည္း ျပဳလုပ္ဖို႔လိုပါတယ္။ ဘယ္ေနရာမွာ ကြ်န္ေတာ္တို႔ေတြရဲ့ အရည္အခ်င္းရွိတယ္ဆိုတာ ျပသနိုင္ရပါမယ္။ ကြ်န္ေတာ္တို႔ေတြက တစ္ဖက္ဂိုးသမား ေကာ္တိုရစ္ဟာ အေကာင္းဆုံးဂိုးသမားျဖစ္တယ္ဆိုတာကို သက္ေသျပနိုင္ေအာင္ ဂိုးေတြမ်ားစြာ ကန္သြင္းရပါ မယ္။ တခ်ိဳ႕ေသာအရာေတြကေတာ့ ၿပိဳင္ပြဲက်င္းပေနတဲ့ ကာလအတြင္းမွာ ဆုံးျဖတ္သြားရပါမယ္ ” လို႔ ေျပာပါ တယ္။
မန္စီးတီးအသင္းဟာ ကြာတားဖိုင္နယ္ကို တက္ေရာက္နိုင္ခဲ့ရင္ ဂ်ဴဗင္တပ္စ္နဲ႔ လိုင္ယြန္အသင္းတို႔ပြဲမွာ အနိုင္ရတဲ့ အသင္းနဲ႔ ကစားသြားရမွာ ျဖစ္ပါတယ္။