ပရီးမီးယားလိဂ်တစ်ရာသီစာအကောင်းဆုံးနည်းပြအဖြစ် ကလော့သတ်မှတ်ခံရ

0
391

လီဗာပူးနည်းပြ ဂျာဂင်ကလော့ဟာ ယခုရာသီ ပရီးမီးယာလိဂ် တစ်ရာစီစာ အကောင်းဆုံးနည်းပြတစ်ဦးအဖြစ် ရွေးချယ်အသိအမှတ်ပြုခံခဲ့ရကြောင်း သိရပါတယ်။ နည်းပြကလော့လက်ထက် လီဗာပူးအသင်းမှာ နှစ်ပေါင်း ၃၀ ကြာ ကင်းဝေးနေခဲ့ရတဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ရမှတ်ပေါင်းကလည်း ၉၉ မှတ်အထိ ရရှိ ခဲ့ကာ အသင်းရဲ့စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဂျာဂင်ကလော့ရဲ့ လီဗာပူးအသင်းဟာ ပထမဆုံး ၂၇ ပွဲမှာ ရှုံးပွဲမရှိ ကစားထားနိုင်ပြီး စုစုပေါင်း ၂၆ ပွဲအထိ နိုင်ပွဲရခဲ့ကာ ပရီးမီးယားလိဂ်ရာသီပြီးဖို့ ၇ ပွဲအလိုမှာတင် ဆုဖလားရယူနိုင်ခဲ့ခြင်းဖြစ်သလို အစောဆုံး ချန်ပီယံဖြစ်တဲ့ စံချိန်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ဟာ ပြီးခဲ့တဲ့လပိုင်းကလည်း လိဂ်မန်နေဂျာများအစည်းအရုံးက ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရယူနိုင်ခဲ့သလို အခုလည်း ပရီးမီးယားလိဂ်တစ်ရာသီစာ အကောင်း ဆုံးနည်းပြဆုကို ချဲလ်ဆီးနည်းပြ လမ်းပတ်၊ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ်ဝီလ်ဒါတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းညာနောက်ခံကစား သမား အလက်ဇန်းဒါးအာနိုးဟာလည်း ပရီးမီးယားလိဂ်တစ်ရာသီစာ အကောင်းဆုံးလူငယ်ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသလို အသင်းဖော်တွေဖြစ်တဲ့ ဟန်ဒါဆင်၊ မာနေးတို့နဲ့အတူ တစ်ရာသီစာအကောင်းဆုံး ကစားသမားတွေအဖြစ်လည်း ဂုဏ်ပြုဖော်ပြခံခဲ့ရပါတယ်။

(zawgyi)

ပရီးမီးယားလိဂ္တစ္ရာသီစာအေကာင္းဆုံးနည္းျပအျဖစ္ ကေလာ့သတ္မွတ္ခံရ

လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ဟာ ယခုရာသီ ပရီးမီးယာလိဂ္ တစ္ရာစီစာ အေကာင္းဆုံးနည္းျပတစ္ဦးအျဖစ္ ေရြးခ်ယ္အသိအမွတ္္ျပဳခံခဲ့ရေၾကာင္း သိရပါတယ္။ နည္းျပကေလာ့လက္ထက္ လီဗာပူးအသင္းမွာ ႏွစ္ေပါင္း ၃၀ ၾကာ ကင္းေ၀းေနခဲ့ရတဲ့ ပရီးမီးယားလိဂ္ဆုဖလားကုိ ဆြတ္ခူးႏုိင္ခဲ့သလို ရမွတ္ေပါင္းကလည္း ၉၉ မွတ္အထိ ရရွိ ခဲ့ကာ အသင္းရဲ႕စံခ်ိန္ေဟာင္းကို ခ်ဳိးဖ်က္ႏုိင္ခဲ့တယ္လို႔ သိရပါတယ္။

ဂ်ာဂင္ကေလာ့ရဲ႕ လီဗာပူးအသင္းဟာ ပထမဆုံး ၂၇ ပြဲမွာ ရႈံးပြဲမရွိ ကစားထားႏုိင္ၿပီး စုစုေပါင္း ၂၆ ပြဲအထိ ႏုိင္ပြဲရခဲ့ကာ ပရီးမီးယားလိဂ္ရာသီၿပီးဖို႔ ၇ ပြဲအလိုမွာတင္ ဆုဖလားရယူႏုိင္ခဲ့ျခင္းျဖစ္သလို အေစာဆုံး ခ်န္ပီယံျဖစ္တဲ့ စံခ်ိန္ကိုလည္း ရယူႏုိင္ခဲ့ပါတယ္။

လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ဟာ ၿပီးခဲ့တဲ့လပိုင္းကလည္း လိဂ္မန္ေနဂ်ာမ်ားအစည္းအရုံးက ေပးအပ္တဲ့ တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကို ရယူႏုိင္ခဲ့သလို အခုလည္း ပရီးမီးယားလိဂ္တစ္ရာသီစာ အေကာင္း ဆုံးနည္းျပဆုကို ခ်ဲလ္ဆီးနည္းျပ လမ္းပတ္၊ လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာ၊ ရွက္ဖီးယူႏုိက္တက္နည္းျပ ခရစ္၀ီလ္ဒါတို႔ကို ေက်ာ္ျဖတ္ၿပီး ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ လီဗာပူးအသင္းညာေနာက္ခံကစား သမား အလက္ဇန္းဒါးအာႏိုးဟာလည္း ပရီးမီးယားလိဂ္တစ္ရာသီစာ အေကာင္းဆုံးလူငယ္ကစားသမား အျဖစ္ သတ္မွတ္ခံခဲ့ရသလို အသင္းေဖာ္ေတြျဖစ္တဲ့ ဟန္ဒါဆင္၊ မာေနးတို႔နဲ႔အတူ တစ္ရာသီစာအေကာင္းဆုံး ကစားသမားေတြအျဖစ္လည္း ဂုဏ္ျပဳေဖာ္ျပခံခဲ့ရပါတယ္။