ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မန်စီးတီးကွင်းလယ်ကစားသမား ဒီဘလိုင်း ရရှိ

0
342

 

၂၀၁၉-၂၀ ခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဘလိုင်းက ရရှိခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ဒီဘလိုင်းဟာ သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူခဲ့ပြီး မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ရဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဒီဘလိုင်းက ယခုနှစ် ဘောလုံးရာသီမှာ ဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဟင်နရီရဲ့ ၂၀၀၂-၀၃ ခုနှစ်က ဖန်တီးပေးပို့မှုနဲ့ တူညီခဲ့ပါတယ်။ ၎င်းဟာ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားဆုကို ရရှိခဲ့တဲ့ တတိယမြောက် ဘယ်လ်ဂျီယမ်ကစားသမား ဖြစ်ခဲ့ပြီး ယခင်ကာလတွေက ဘယ်လ်ဂျီယမ်ကစားသမားတွေ ဖြစ်တဲ့ ကွန်ပနီနဲ့ ဟာဇက်တို့က ရယူနိုင်ခဲ့ကြ ပါတယ်။

91

အဆိုပါဆုအတွက် EA Sports ဝက်ဆိုဒ်ကနေ ပရိသတ်တွေက အမှတ်ပေးရွေးချယ်ခဲ့ကြသလို ပရီးမီးယားလိဂ်အသင်း ၂၀ ရဲ့ အသင်းခေါင်းဆောင်တွေနဲ့ ဘောလုံးကွျမ်းကျင်သူတွေက စုပေါင်းရွေးချယ်ပေးခဲ့ ကြတာဖြစ်ပါတယ်။

အဆိုပါဆုကို ဒီဘလိုင်းက လီဗာပူးလ်ကစားသမားတွေဖြစ်တဲ့ အာနိုး၊ ဟမ်ဒါဆင်၊ မာနေးတို့အပါအဝင် ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင့်စ်၊ လက်စတာတိုက်စစ်မှူး ဗာဒီ၊ ဘန်လေဂိုးသမား နစ်ပုပ်တို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဘလိုင်းက အဆိုပါဆုကို တစ်နှစ်တာအကောင်းဆုံးလူငယ် ကစားသမားဆုရရှိခဲ့တဲ့ လီဗာပူးလ်ကစားသမား အာနိုးက အားကစားကလောင်ရှင်တွေကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ လီဗာပူးလ်ကွင်းလယ်ကစားသမား ဟမ်ဒါဆင် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ရှင် ဗာဒီတို့နဲ့ အပြိုင်ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုကိုတော့ လီဗာပူးလ်အသင်း မန်နေဂျာ ကလော့ပ်က ပြီးခဲ့တဲ့ရက်က ရရှိခဲ့ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ရဲ့ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုကို မန္စီးတီးကြင္းလယ္ကစားသမား ဒီဘလိုင္း ရရွိ

၂၀၁၉-၂၀ ခုႏွစ္ ပရီးမီးယားလိဂ္ေဘာလုံးရာသီရဲ့ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုကို မန္စီးတီးအသင္းရဲ့ ကြင္းလယ္ကစားသမား ဒီဘလိုင္းက ရရွိခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ ဒီဘလိုင္းဟာ သြင္းဂိုး ၁၉ ဂိုးအထိ သြင္းယူခဲ့ၿပီး မန္စီးတီးအသင္းက ပရီးမီးယားလိဂ္ရဲ့ ဒုတိယေနရာမွာ ရပ္တည္ခဲ့ပါတယ္။
ဒီဘလိုင္းက ယခုႏွစ္ ေဘာလုံးရာသီမွာ ဖန္တီးမႈ အႀကိမ္ ၂၀ အထိ ျပဳလုပ္ေပးနိုင္ခဲ့ၿပီး အာဆင္နယ္ အသင္းရဲ့ တိုက္စစ္မႉးေဟာင္း ဟင္နရီရဲ့ ၂၀၀၂-၀၃ ခုႏွစ္က ဖန္တီးေပးပို႔မႈနဲ႔ တူညီခဲ့ပါတယ္။ ၎ဟာ ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆုံးကစားဆုကို ရရွိခဲ့တဲ့ တတိယေျမာက္ ဘယ္လ္ဂ်ီယမ္ကစားသမား ျဖစ္ခဲ့ၿပီး ယခင္ကာလေတြက ဘယ္လ္ဂ်ီယမ္ကစားသမားေတြ ျဖစ္တဲ့ ကြန္ပနီနဲ႔ ဟာဇက္တို႔က ရယူနိုင္ခဲ့ၾက ပါတယ္။
အဆိုပါဆုအတြက္ EA Sports ဝက္ဆိုဒ္ကေန ပရိသတ္ေတြက အမွတ္ေပးေရြးခ်ယ္ခဲ့ၾကသလို ပရီးမီးယားလိဂ္အသင္း ၂၀ ရဲ့ အသင္းေခါင္းေဆာင္ေတြနဲ႔ ေဘာလုံးကြ်မ္းက်င္သူေတြက စုေပါင္းေရြးခ်ယ္ေပးခဲ့ ၾကတာျဖစ္ပါတယ္။
အဆိုပါဆုကို ဒီဘလိုင္းက လီဗာပူးလ္ကစားသမားေတြျဖစ္တဲ့ အာနိုး၊ ဟမ္ဒါဆင္၊ မာေနးတို႔အပါအဝင္ ေဆာက္သမ္တန္တိုက္စစ္မႉး ဒန္နီအင့္စ္၊ လက္စတာတိုက္စစ္မႉး ဗာဒီ၊ ဘန္ေလဂိုးသမား နစ္ပုပ္တို႔ကို ေက်ာ္ျဖတ္ၿပီး ရယူနိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီဘလိုင္းက အဆိုပါဆုကို တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ ကစားသမားဆုရရွိခဲ့တဲ့ လီဗာပူးလ္ကစားသမား အာနိုးက အားကစားကေလာင္ရွင္ေတြကေပးတဲ့ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုရရွိခဲ့တဲ့ လီဗာပူးလ္ကြင္းလယ္ကစားသမား ဟမ္ဒါဆင္ ဂိုးသြင္းအမ်ားဆုံး ေရႊဖိနပ္ရွင္ ဗာဒီတို႔နဲ႔ အၿပိဳင္ေရြးခ်ယ္ခံရတာ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆုံး မန္ေနဂ်ာဆုကိုေတာ့ လီဗာပူးလ္အသင္း မန္ေနဂ်ာ ကေလာ့ပ္က ၿပီးခဲ့တဲ့ရက္က ရရွိခဲ့ပါတယ္။