ပီအက်စ်ဂျီနဲ့ အဲဗာတန်အသင်းတွေက စိတ်ဝင်စားနေတဲ့ ခံစစ်ကစားသမား ဒါလော့ မန်ချက်စတာ ယူနိုက်တက်က ထွက်ခွာသွားရန်ရှိ

0
199

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်ကစားသမား ဒါလော့ဟာ ယခုနှစ် နွေရာသီပြောင်းရွှေ့ ကာလမှာ အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေပြီး ၎င်းကို ပီအက်စ်ဂျီနဲ့ အဲဗာတန်အသင်းတွေက ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်း မန်နေဂျာ ဆိုးရှားအနေနဲ့လည်း ဒါလော့ ထွက်ခွာခဲ့ရင် ၎င်းရဲ့နေရာမှာ အစားထိုးထားရှိနိုင်ဖို့ ကစားသမားအသစ် ရှာဖွေသွားဖို့ လိုအပ်နေပါတယ်။

အသက် ၂၁ နှစ်အရွယ် ဒါလော့ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၈ ခုနှစ်က စတင်ရောက်ရှိ ခဲ့ပေမဲ့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရသလို ပြိုင်ပွဲအရပ်ရပ် ၃၄ ပွဲသာ ပါဝင်ကစားခဲ့ရလို့ ပုံမှန်ကစားခွင့်ရမဲ့ အသင်းကို ပြောင်းရွှေ့လိုနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ၎င်းက ပရီးမီးယားလိဂ် လေးပွဲသာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အသင်းမန်နေဂျာ ဆိုးရှားက တောင်ပံခံစစ်ပိုင်းမှာ ဝမ်ဘစ်ဆာကာနဲ့ လုရှောတို့ကို နေရာပေးထားလို့ ဒါလော့အတွက် အခက်အခဲ ဖြစ်စေခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ကလည်း လက်ရှိကာလ အတွင်းမှာ ဒါလော့ကို ခေါ်ယူချင်နေသလို အဲဗာတန်အသင်းကလည်း အသက်အရွယ်ရလာပြီ ဖြစ်တဲ့ ကိုးမန်းရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်က ဒါလော့ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြိုင်စိတ်ဝင်စားခဲ့တဲ့ ဘာစီလိုနာအသင်းကလည်း ဒါလော့ကို ပြန်လည်ခေါ်ယူခွင် ရရှိလိုနေပါတယ်။ ထိုစဉ်က မန်ချက်စတာ ယူနိုက်တက်က ဒါလော့ကို ပေါင် ၁၉ သန်းနဲ့ ခေါ်ယူနိုင်ခဲ့လို့ ဘာစီလိုနာက လက်လွှတ်ခဲ့ရပြီး ဒါလော့အစား ဆီမီဒိုကို ခေါ်ယူခဲ့ရပါတယ်။

Zawgyi

ပီအက္စ္ဂ်ီနဲ႔ အဲဗာတန္အသင္းေတြက စိတ္ဝင္စားေနတဲ့ ခံစစ္ကစားသမား ဒါေလာ့ မန္ခ်က္စတာ ယူနိုက္တက္က ထြက္ခြာသြားရန္ရွိ

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ခံစစ္ကစားသမား ဒါေလာ့ဟာ ယခုႏွစ္ ေႏြရာသီေျပာင္းေရႊ႕ ကာလမွာ အသင္းကေန ထြက္ခြာသြားဖို႔ ရွိေနၿပီး ၎ကို ပီအက္စ္ဂ်ီနဲ႔ အဲဗာတန္အသင္းေတြက ေခၚယူနိုင္ဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္း မန္ေနဂ်ာ ဆိုးရွားအေနနဲ႔လည္း ဒါေလာ့ ထြက္ခြာခဲ့ရင္ ၎ရဲ့ေနရာမွာ အစားထိုးထားရွိနိုင္ဖို႔ ကစားသမားအသစ္ ရွာေဖြသြားဖို႔ လိုအပ္ေနပါတယ္။
အသက္ ၂၁ ႏွစ္အရြယ္ ဒါေလာ့ဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ၂၀၁၈ ခုႏွစ္က စတင္ေရာက္ရွိ ခဲ့ေပမဲ့ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရသလို ၿပိဳင္ပြဲအရပ္ရပ္ ၃၄ ပြဲသာ ပါဝင္ကစားခဲ့ရလို႔ ပုံမွန္ကစားခြင့္ရမဲ့ အသင္းကို ေျပာင္းေရႊ႕လိုေနပါတယ္။ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကလည္း ၎က ပရီးမီးယားလိဂ္ ေလးပြဲသာ ပါဝင္ခြင့္ရခဲ့ပါတယ္။ အသင္းမန္ေနဂ်ာ ဆိုးရွားက ေတာင္ပံခံစစ္ပိုင္းမွာ ဝမ္ဘစ္ဆာကာနဲ႔ လုေရွာတို႔ကို ေနရာေပးထားလို႔ ဒါေလာ့အတြက္ အခက္အခဲ ျဖစ္ေစခဲ့ပါတယ္။
ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္ေရာက္နိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ကလည္း လက္ရွိကာလ အတြင္းမွာ ဒါေလာ့ကို ေခၚယူခ်င္ေနသလို အဲဗာတန္အသင္းကလည္း အသက္အရြယ္ရလာၿပီ ျဖစ္တဲ့ ကိုးမန္းရဲ့ ေနရာမွာ အစားထိုးနိုင္ဖို႔ စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။
ဒါ့အျပင္ ၂၀၁၈ ခုႏွစ္က ဒါေလာ့ကို ေခၚယူဖို႔ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ အၿပိဳင္စိတ္ဝင္စားခဲ့တဲ့ ဘာစီလိုနာအသင္းကလည္း ဒါေလာ့ကို ျပန္လည္ေခၚယူခြင္ ရရွိလိုေနပါတယ္။ ထိုစဥ္က မန္ခ်က္စတာ ယူနိုက္တက္က ဒါေလာ့ကို ေပါင္ ၁၉ သန္းနဲ႔ ေခၚယူနိုင္ခဲ့လို႔ ဘာစီလိုနာက လက္လႊတ္ခဲ့ရၿပီး ဒါေလာ့အစား ဆီမီဒိုကို ေခၚယူခဲ့ရပါတယ္။