ပုခုံးအဆစ်လွဲဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ ပက်ဒရို

0
390

ချဲလ်ဆီးတောင်ပံကစားသမား ပက်ဒရိုဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာရခဲ့တဲ့ ပုခုံးအဆစ်လွဲဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။ အဲဒီစပိန်လက်ရွေးစင်ဟောင်းဟာ အင်္ဂါနေ့မှာ သူ့ရဲ့ခွဲစိတ်မှုအောင်မြင်ကြောင်းကို အင်စတာဂရမ်လူမှုဝက်ဆိုက်ကနေတစ်ဆင့် ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ပက်ဒရိုက “ ခွဲစိတ်ကုသမှုက ကောင်းကောင်းအဆင်ပြေခဲ့ပါတယ်။ ကျွန်တော် မကြာခင် ပြန်လာနိုင်တော့မှာပါ။ အက်ဖ်အေဖလား မရယူနိုင်ခဲ့တဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ထောက်ခံအားပေးသူအားလုံး အပေါ် ကျေးဇူးတင်ပါတယ်” လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ ပက်ဒရိုဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက် တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ရိုးမားအသင်းကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့လည်း သတင်းတွေထွက် ပေါ်နေသူဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲဟာ သူ့အတွက် ချဲလ်ဆီးအသင်းနဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ဖို့ ရှိနေပါတယ်။ အသက် ၃၃ နှစ်အရွယ် ပက်ဒရိုဟာ အဲဒီပွဲမှာ ကွင်းလယ်လူ ပူလီဆစ် အစား ဝင်ရောက်လာခဲ့ပြီးနောက် ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နညး်ပြလမ်းပတ်အတွက် အခက်တွေ့ရဖွယ်ရှိနေပြီး ပူလီဆစ်နဲ့ အက်ဇ်ပီလီကူတာတို့ကလည်း တံကောက်ကြောဒဏ်ရာအသီးသီး ရရှိထားကြတာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒု-ကျော့ပွဲအတွက် ရင်မောရဖွယ်ရှိနေပါတယ်။

(zawgyi)

ပုခုံးအဆစ္လြဲဒဏ္ရာကို ခြဲစိတ္ကုသမႈ ခံယူခဲ့တဲ့ ပက္ဒရို

ခ်ဲလ္ဆီးေတာင္ပံကစားသမား ပက္ဒရိုဟာ အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာရခဲ့တဲ့ ပုခုံးအဆစ္လြဲဒဏ္ရာကို ခြဲစိတ္ကုသမႈ ခံယူခဲ့တယ္လုိ႔ သိရပါတယ္။ အဲဒီစပိန္လက္ေရြးစင္ေဟာင္းဟာ အဂၤါေန႔မွာ သူ႕ရဲ႕ခြဲစိတ္မႈေအာင္ျမင္ေၾကာင္းကို အင္စတာဂရမ္လူမႈ၀က္ဆိုက္ကေနတစ္ဆင့္ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာပါ။

ပက္ဒရုိက “ ခြဲစိတ္ကုသမႈက ေကာင္းေကာင္းအဆင္ေျပခဲ့ပါတယ္။ ကၽြန္ေတာ္ မၾကာခင္ ျပန္လာႏုိင္ေတာ့မွာပါ။ အက္ဖ္ေအဖလား မရယူႏုိင္ခဲ့တဲ့အတြက္လည္း စိတ္မေကာင္းျဖစ္ရပါတယ္။ ေထာက္ခံအားေပးသူအားလုံး အေပၚ ေက်းဇူးတင္ပါတယ္” လို႔ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ပက္ဒရိုဟာ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္ တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ရိုးမားအသင္းကို ၂ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ေတာ့မယ္လို႔လည္း သတင္းေတြထြက္ ေပၚေနသူျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္အသင္းနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲဟာ သူ႕အတြက္ ခ်ဲလ္ဆီးအသင္းနဲ႔ ေနာက္ဆုံးပြဲစဥ္ျဖစ္ဖို႔ ရွိေနပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ ပက္ဒရိုဟာ အဲဒီပြဲမွာ ကြင္းလယ္လူ ပူလီဆစ္ အစား ၀င္ေရာက္လာခဲ့ၿပီးေနာက္ ဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ နညး္ျပလမ္းပတ္အတြက္ အခက္ေတြ႕ရဖြယ္ရွိေနၿပီး ပူလီဆစ္နဲ႔ အက္ဇ္ပီလီကူတာတုိ႔ကလည္း တံေကာက္ေၾကာဒဏ္ရာအသီးသီး ရရွိထားၾကတာေၾကာင့္ ဘိုင္ယန္ျမဴးနစ္နဲ႔ ရင္ဆိုင္ရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒု-ေက်ာ့ပြဲအတြက္ ရင္ေမာရဖြယ္ရွိေနပါတယ္။