ဘရာဇီးလူငယ်ကစားသမား ရီနီယာကို ဒေါ့မွန်အသင်းခေါ်ယူ

0
472

ဂျာမန်ထိပ်သီးကလပ် ဒေါ့မွန်အသင်းဟာ ဘရာဇီးယူ-၂၃ လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရီနီယာကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ၂ နှစ်စာချုပ်နဲ့ အငှားခေါ်ယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ အသက် ၁၈ နှစ်အရွယ် အဲဒီကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းမှာ ဖလာမင်ဂိုအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိခဲ့ သူဖြစ်ပြီး ဒေါ့မွန်အသင်းဟာ လူငယ်ကစားသမားတွေကို ပိုကောင်းအောင်ပျိုးထောင်ပေးနိုင်တဲ့အသင်းလို့ နားလည်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

ရီနီယာက “ ဒေါ့မွန်အသင်းဟာ လူငယ်ကစားသမားတွေကို ပိုတော်လာအောင်း ပျိုးထောင်ပေးတတ်တဲ့ အသင်းဖြစ်တယ်ဆိုတာ ကျွန်တော် နားလည်ထားပါတယ်။ ဒီနေရာမှာ ကျွန်တော် အများကြီး သင်ယူလေ့လာ ချင်ပါတယ်။ ဒါ့အပြင် ပွဲတွေအများကြီးကစားပြီး အသင်းကို အောင်မြင်အောင်လည်း ကူညီပေးသွားချင်ပါတယ်။ ကျွန်တော်တို့ ပျော်ရွှင်စရာတွေ အများကြီးကြုံရပါစေလို့လည်း မျှော်လင့်ထားတယ်” လို့ ဆိုပါတယ်။

ဒေါ့မွန်အသင်း အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ကလည်း “ ရီနီယာဟာ ဖော်မပြနိုင်တဲ့ အရည်အသွေးနဲ့ နည်းစနစ်စကေးလ်တွေကို ယူဆောင်လာနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယား ဒုတိယနေရာနဲ့ အဆုံးသတ်နိုင်ခဲ့တာဖြစ် ပြီး တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း သြစတြီးယားဗီယန်နာအသင်းကို ၁၁-၂ ဂိုးနဲ့ အနိုင်ရထားခဲ့ တယ်လို့ သိရပါတယ်။

(zawgyi)

ဘရာဇီးလူငယ္ကစားသမား ရီနီယာကို ေဒါ့မြန္အသင္းေခၚယူ

ဂ်ာမန္ထိပ္သီးကလပ္ ေဒါ့မြန္အသင္းဟာ ဘရာဇီးယူ-၂၃ လူငယ္တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ရီနီယာကို ရီးရဲလ္မက္ဒရစ္အသင္းကေန ၂ ႏွစ္စာခ်ဳပ္နဲ႔ အငွားေခၚယူႏုိင္ခဲ့တယ္လို႔ သိရွိရပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ အဲဒီကစားသမားဟာ ၿပီးခဲ့တဲ့ ဇန္န၀ါရီလပိုင္းမွာ ဖလာမင္ဂိုအသင္းကေန ရီးရဲလ္မက္ဒရစ္အသင္းကို ေရာက္ရွိခဲ့ သူျဖစ္ၿပီး ေဒါ့မြန္အသင္းဟာ လူငယ္ကစားသမားေတြကို ပိုေကာင္းေအာင္ပ်ဳိးေထာင္ေပးႏိုင္တဲ့အသင္းလို႔ နားလည္ထားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ရီနီယာက “ ေဒါ့မြန္အသင္းဟာ လူငယ္ကစားသမားေတြကို ပိုေတာ္လာေအာင္း ပ်ဳိးေထာင္ေပးတတ္တဲ့ အသင္းျဖစ္တယ္ဆိုတာ ကၽြန္ေတာ္ နားလည္ထားပါတယ္။ ဒီေနရာမွာ ကၽြန္ေတာ္ အမ်ားႀကီး သင္ယူေလ့လာ ခ်င္ပါတယ္။ ဒါ့အျပင္ ပြဲေတြအမ်ားႀကီးကစားၿပီး အသင္းကို ေအာင္ျမင္ေအာင္လည္း ကူညီေပးသြားခ်င္ပါတယ္။ ကၽြန္ေတာ္တို႔ ေပ်ာ္ရႊင္စရာေတြ အမ်ားႀကီးႀကဳံရပါေစလို႔လည္း ေမွ်ာ္လင့္ထားတယ္” လို႔ ဆိုပါတယ္။

ေဒါ့မြန္အသင္း အားကစားဒါရိုက္တာ မိုက္ကယ္ေဇာ့ကလည္း “ ရီနီယာဟာ ေဖာ္မျပႏုိင္တဲ့ အရည္အေသြးနဲ႔ နည္းစနစ္စေကးလ္ေတြကုိ ယူေဆာင္လာႏိုင္တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ ေဒါ့မြန္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယား ဒုတိယေနရာနဲ႔ အဆုံးသတ္ႏုိင္ခဲ့တာျဖစ္ ၿပီး တနဂၤေႏြေန႔က ကစားခဲ့တဲ့ ေျခစမ္းပြဲမွာလည္း ၾသစႀတီးယားဗီယန္နာအသင္းကို ၁၁-၂ ဂိုးနဲ႔ အႏိုင္ရထားခဲ့ တယ္လုိ႔ သိရပါတယ္။