ဘာစီလိုနာ လူငယ်ကစားသမား တာရင်းကာအိုကို လက်စတာစီးတီးအငှားခေါ်ယူလိုနေ

0
270

 

ဘာစီလိုနာအသင်းရဲ့ အသက် ၂၀ အရွယ် ပေါ်တူဂီနိုင်ငံသား တောင်ပံကစားသမား တာရင်းကာအိုကို လက်စတာစီးတီးအသင်းက နှစ်နှစ်စာချုပ်နဲ့ အငှားခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းကနေ ပေါ်တူဂီကလပ် ဘာရာဂါအသင်းမှာ ကစားနေတဲ့ တာရင်းကာအိုဟာ ပေါ်တူဂီလူငယ် ကစားသမားတွေထဲက ခြေစွမ်းပြကစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

တာရင်းကာအိုကို  ဘာစီလိုနာအသင်းက ဘာရာဂါအသင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပေါင် ၂၈ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ ဘာစီလိုနာကို ရောက်ရှိမှာ ဖြစ်စေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပေါ်တူဂီလိဂ် ပြိုင်ပွဲတွေ မပြီးဆုံးသေးလို့ ဘာရာဂါအသင်းမှာပဲ ဆက်လက်ထားရှိထားရပါတယ်။

တာရင်းကာအိုဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားလို့ ၎င်းရဲ့ တန်ကြေးဟာ ပေါင် ၄၅ သန်းရှိနေပြီး လက်စတာစီးတီးအနေနဲ့ အပြီးသတ်ခေါ်ယူလိုရင် ပေးသွားရမဲ့ ပြောင်းရွှေ့ကြေးဖြစ်ပါ တယ်။ ဒါကြောင့် ဘာစီလိုနာအနေနဲ့ တာရင်းကာအိုကို ပေါင် ၄၅ သန်းနဲ့ ရောင်းချခဲ့ရင် ဘာစီလိုနာအတွက် တစ်ပွဲမှ မကစားခဲ့ရဘဲ ပေါင် ၁၇ သန်း အမြတ်ပေါ်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဘာစီလိုနာက လူငယ်ကစားသမား တာရင်းကာအိုကို ရောင်းချဖို့ အစီအစဉ်မရှိဘဲ ကော်တင်ဟိုနဲ့ ဒမ်ဘီလီတို့ကို ရောင်းချသွားမှာ ဖြစ်ပြီး ကမ်းလှမ်းလာမဲ့ သတင်းတွေကို စောင့်နေပါတယ်။ ပေါ်တူဂီယူ-၂၁ လက်ရွေးစင် ကစားသမားဖြစ်တဲ့ တာရင်းကာအိုဟာ ဘာရာဂါအသင်းနဲ့ လိဂ်ပွဲ ၂၇ ပွဲကစားအပြီး ရှစ်ဂိုးသွင်းယူခဲ့သလို ရှစ်ကြိမ်ဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။

၎င်းဟာ ဘယ်သန်ကစားသမားတစ်ယောက်ဖြစ်ပေမဲ့ ဘယ်၊ ညာတောင်ပံနေရာတွေမှာ ကစားနိုင်သလို ကွင်းလယ်ပိုင်းမှာလည်း ဝင်ရောက်ကစားနိုင်သူ ဖြစ်ပါတယ်။ ၎င်းရဲ့ အားသာတဲ့နေရာက အလယ်တန်း ညာတောင်ပံနေရာ ဖြစ်ပါတယ်။ ၎င်းကို စီးရီးအေကလပ် အတ္တလန္တာအသင်းကလည်း ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Zawgyi

ဘာစီလိုနာ လူငယ္ကစားသမား တာရင္းကာအိုကို လက္စတာစီးတီးအငွားေခၚယူလိုေန

ဘာစီလိုနာအသင္းရဲ့ အသက္ ၂၀ အရြယ္ ေပၚတူဂီနိုင္ငံသား ေတာင္ပံကစားသမား တာရင္းကာအိုကို လက္စတာစီးတီးအသင္းက ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ အငွားေခၚယူဖို႔ ကမ္းလွမ္းမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းကေန ေပၚတူဂီကလပ္ ဘာရာဂါအသင္းမွာ ကစားေနတဲ့ တာရင္းကာအိုဟာ ေပၚတူဂီလူငယ္ ကစားသမားေတြထဲက ေျခစြမ္းျပကစားေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။
တာရင္းကာအိုကို ဘာစီလိုနာအသင္းက ဘာရာဂါအသင္းကေန ၿပီးခဲ့တဲ့ ဇန္နဝါရီလက ေပါင္ ၂၈ သန္းနဲ႔ ေခၚယူခဲ့ၿပီး ဇူလိုင္လ ၁ ရက္ေန႔မွာ ဘာစီလိုနာကို ေရာက္ရွိမွာ ျဖစ္ေစမဲ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေပၚတူဂီလိဂ္ ၿပိဳင္ပြဲေတြ မၿပီးဆုံးေသးလို႔ ဘာရာဂါအသင္းမွာပဲ ဆက္လက္ထားရွိထားရပါတယ္။
တာရင္းကာအိုဟာ ဘာစီလိုနာအသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားလို႔ ၎ရဲ့ တန္ေၾကးဟာ ေပါင္ ၄၅ သန္းရွိေနၿပီး လက္စတာစီးတီးအေနနဲ႔ အၿပီးသတ္ေခၚယူလိုရင္ ေပးသြားရမဲ့ ေျပာင္းေရႊ႕ေၾကးျဖစ္ပါ တယ္။ ဒါေၾကာင့္ ဘာစီလိုနာအေနနဲ႔ တာရင္းကာအိုကို ေပါင္ ၄၅ သန္းနဲ႔ ေရာင္းခ်ခဲ့ရင္ ဘာစီလိုနာအတြက္ တစ္ပြဲမွ မကစားခဲ့ရဘဲ ေပါင္ ၁၇ သန္း အျမတ္ေပၚမွာ ျဖစ္ပါတယ္။
ဒါေပမဲ့လည္း ဘာစီလိုနာက လူငယ္ကစားသမား တာရင္းကာအိုကို ေရာင္းခ်ဖို႔ အစီအစဥ္မရွိဘဲ ေကာ္တင္ဟိုနဲ႔ ဒမ္ဘီလီတို႔ကို ေရာင္းခ်သြားမွာ ျဖစ္ၿပီး ကမ္းလွမ္းလာမဲ့ သတင္းေတြကို ေစာင့္ေနပါတယ္။ ေပၚတူဂီယူ-၂၁ လက္ေရြးစင္ ကစားသမားျဖစ္တဲ့ တာရင္းကာအိုဟာ ဘာရာဂါအသင္းနဲ႔ လိဂ္ပြဲ ၂၇ ပြဲကစားအၿပီး ရွစ္ဂိုးသြင္းယူခဲ့သလို ရွစ္ႀကိမ္ဖန္တီးမႈ ျပဳလုပ္ခဲ့ပါတယ္။
၎ဟာ ဘယ္သန္ကစားသမားတစ္ေယာက္ျဖစ္ေပမဲ့ ဘယ္၊ ညာေတာင္ပံေနရာေတြမွာ ကစားနိုင္သလို ကြင္းလယ္ပိုင္းမွာလည္း ဝင္ေရာက္ကစားနိုင္သူ ျဖစ္ပါတယ္။ ၎ရဲ့ အားသာတဲ့ေနရာက အလယ္တန္း ညာေတာင္ပံေနရာ ျဖစ္ပါတယ္။ ၎ကို စီးရီးေအကလပ္ အတၱလႏၲာအသင္းကလည္း ေခၚယူနိုင္ဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။