ဘိုင်ယန်ကွင်းမှာ အားကစားစိတ်ဓာတ်နဲ့ပဲ အရှုံးရလဒ်ထက်မဖြစ်အောင် ကစားသွားရမဲ့ ချဲလ်ဆီး

0
548

 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချဲလ်ဆီးအသင်း တို့ဟာ ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၉-၈-၂၀၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ပထမအကျော့ပွဲမှာ ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာ ၃-၀ နဲ့ ရှုံးထားလို့ ဘိုင်ယန်မြူးနစ်ကွင်းမှာ ဖိအားပိုများစေမဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ချဲလ်ဆီး ၀ – ၃ ဘိုင်ယန်မြူးနစ်(ချန်ပီယံလိဂ်)

ချဲလ်ဆီး ၂ – ၃ ဘိုင်ယန်မြူးနစ်(အင်တာနေရှင်နယ် ချန်ပီယံဖလား)

ဘိုင်ယန်မြူးနစ် ၂ – ၂ ချဲလ်ဆီး(ယူအီးအက်ဖ်အေ စူပါဖလား)

ဘိုင်ယန်မြူးနစ် ၁ – ၁ ချဲလ်ဆီး(ချန်ပီယံလိဂ်)

ဘိုင်ယန်မြူးနစ် ၃ – ၂ ချဲလ်ဆီး(ချန်ပီယံလိဂ်)

ချဲလ်ဆီး ၄ – ၂ ဘိုင်ယန်မြူးနစ်(ချန်ပီယံလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဘိုင်ယန်မြူးနစ်အသင်းက ခြောက်ပွဲဆက် အနိုင်ရ ထားပြီး ချဲလ်ဆီးအသင်းက သုံးပွဲနိုင် သုံးပွဲရှုံးထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံလိဂ် နောက်ဆုံး ခုနစ်ပွဲဆက် အနိုင်ရလဒ် ဖြစ်ပေါ်ထားပါတယ်။ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ် နောက်ဆုံးခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ အနည်းဆုံးသွင်းဂိုး သုံးဂိုးသွင်းယူထားနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်က ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံခဲ့ တဲ့ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ် နောက်ဆုံး လေးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ ပါဗက်နဲ့ ကိုးမန်းတို့က ဒဏ်ရာရနေပြီး ချဲလ်ဆီးအသင်းမှာ အက်ပလီကျူးတာ၊ ပူလီဆစ်၊ ပက်ဒရို၊ လော့တက်ချိခ်၊ ဂျီမိုအာတို့က ဒဏ်ရာရနေပြီး အလွန်ဆိုနဲ့ ဂျော်ဂျင်ဟိုက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဘိုင်ယန်မြူးနစ်အသင်းက အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀%နဲ့ ချဲလ်ဆီးအနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

