ဘိုင်ယန်မြူးနစ်အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတချို့ဆုံးရှုံးသွားဖို့ ရှိနေတယ်လို့ အသင်းမန်နေဂျာ ဖလစ် ဝန်ခံပြောကြား

0
376

 

ဘိုင်ယန်မြူးနစ်အသင်းဟာ အရည်အချင်းရှိတဲ့ ကစားတချို့ဆုံးရှုံးသွားဖို့ ရှိနေတယ်ဆိုပြီး အသင်းမန်နေဂျာ ဖလစ်က ဝန်ခံပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်က လာမဲ့ ဘောလုံးရာသီမှာ ကွဲပြားခြားနားမှုတွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်သလို သီယာဂို အယ်ကန်တာရာကလည်း လီဗာပူလ်အသင်းကို ထွက်ခွာဖို့ ရှိနေပါတယ်။

ဒါ့အပြင် အင်တာမီလန်ကနေ အငှားခေါ်ယူထားတဲ့ ပါရီဆစ်ကလည်း အီတလီကို ပြန်သွားမှာ ဖြစ်သလို ဘာစီလိုနာကနေ အငှားခေါ်ယူထားတဲ့ ကော်တင်ဟိုကလည်း မိခင်ကလပ်ရှိတဲ့ စပိန်ကို ပြန်မှာ ဖြစ်ပါတယ်။ ဒီလို ပြဿနာတွေကို ဘိုင်ယန်မြူးနစ်အသင်းက အဖြေရှာဖို့ လိုအပ်နေပါတယ်။

169

ဘိုင်ယန်မြူးနစ်အသင်းမန်နေဂျာ ဖလစ်က “ ကွျန်တော်တို့မှာ ရှိနေတဲ့ အရည်အချင်းရှိတဲ့ ကစားသမား တချို့ဆုံးရှုံးသွားဖို့ ရှိနေပါတယ်။ ဒါတွေကို ကွျန်တော်တို့က သေချာပေါက်ရင်ဆိုင်ရပါတော့မယ်။ တကယ်လို့ ဒီကစားသမားတွေနဲ့ ဆက်လက်ပြီး ကစားသွားရမယ်ဆိုရင် ဒါကလည်း အကောင်းဆုံးဖြစ်ပါတယ်။ ပြဿနာ တစ်ရပ်တော့ မဟုတ်ပါဘူး ” လို့ ဆိုပါတယ်။

ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးလ်ကို ရောက်ရှိနေဖို့ နီးစပ်နေတဲ့ သီယာဂို အယ်ကန်တာရာဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေသလို လီဗာပူးလ်ကလည်း ခေါ်ယူသွားဖို့ အသင့်ပြုလုပ်ထားပါတယ်။ ဘိုင်ယန်မြူးနစ်က အန်ကန်တာရာရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၂၉ သန်း သတ်မှတ် ထားပေမဲ့ လီဗာပူးလ်ဘက်က ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ လီဗာပူးလ်အသင်းက အယ်ကန်တာရာနောက်ကို လိုက်နေပေမဲ့ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ ဝီလ်နယ်ဒန်ကိုတော့စာချုပ်သစ်အတွက် ကမ်းလှမ်းမှုတွေ မပြုလုပ်သေးပါဘူး။ လီဗာပူးလ်က ယခုနှစ် နွေရာသီပြောင်းရွှေ့ကာလမှာ အိုလံပီယာကော့အသင်းက ဘယ်တောင်ပံခံစစ်ကစားသမား တစီမီကက် တစ်ဦးထဲကိုပဲ ခေါ်ယူထားပါတယ်။

Zawgyi

ဘိုင္ယန္ျမဴးနစ္အသင္းမွာ အရည္အခ်င္းရွိတဲ့ ကစားသမားတခ်ိဳ႕ဆုံးရႈံးသြားဖို႔ ရွိေနတယ္လို႔ အသင္းမန္ေနဂ်ာ ဖလစ္ ဝန္ခံေျပာၾကား

ဘိုင္ယန္ျမဴးနစ္အသင္းဟာ အရည္အခ်င္းရွိတဲ့ ကစားတခ်ိဳ႕ဆုံးရႈံးသြားဖို႔ ရွိေနတယ္ဆိုၿပီး အသင္းမန္ေနဂ်ာ ဖလစ္က ဝန္ခံေျပာၾကားလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ ခ်န္ပီယံျဖစ္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္က လာမဲ့ ေဘာလုံးရာသီမွာ ကြဲျပားျခားနားမႈေတြနဲ႔ ရင္ဆိုင္သြားရမွာျဖစ္သလို သီယာဂို အယ္ကန္တာရာကလည္း လီဗာပူလ္အသင္းကို ထြက္ခြာဖို႔ ရွိေနပါတယ္။
ဒါ့အျပင္ အင္တာမီလန္ကေန အငွားေခၚယူထားတဲ့ ပါရီဆစ္ကလည္း အီတလီကို ျပန္သြားမွာ ျဖစ္သလို ဘာစီလိုနာကေန အငွားေခၚယူထားတဲ့ ေကာ္တင္ဟိုကလည္း မိခင္ကလပ္ရွိတဲ့ စပိန္ကို ျပန္မွာ ျဖစ္ပါတယ္။ ဒီလို ျပႆနာေတြကို ဘိုင္ယန္ျမဴးနစ္အသင္းက အေျဖရွာဖို႔ လိုအပ္ေနပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းမန္ေနဂ်ာ ဖလစ္က “ ကြ်န္ေတာ္တို႔မွာ ရွိေနတဲ့ အရည္အခ်င္းရွိတဲ့ ကစားသမား တခ်ိဳ႕ဆုံးရႈံးသြားဖို႔ ရွိေနပါတယ္။ ဒါေတြကို ကြ်န္ေတာ္တို႔က ေသခ်ာေပါက္ရင္ဆိုင္ရပါေတာ့မယ္။ တကယ္လို႔ ဒီကစားသမားေတြနဲ႔ ဆက္လက္ၿပီး ကစားသြားရမယ္ဆိုရင္ ဒါကလည္း အေကာင္းဆုံးျဖစ္ပါတယ္။ ျပႆနာ တစ္ရပ္ေတာ့ မဟုတ္ပါဘူး ” လို႔ ဆိုပါတယ္။
ဘိုင္ယန္ျမဴးနစ္ကေန လီဗာပူးလ္ကို ေရာက္ရွိေနဖို႔ နီးစပ္ေနတဲ့ သီယာဂို အယ္ကန္တာရာဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ကို ေရာက္ရွိေနသလို လီဗာပူးလ္ကလည္း ေခၚယူသြားဖို႔ အသင့္ျပဳလုပ္ထားပါတယ္။ ဘိုင္ယန္ျမဴးနစ္က အန္ကန္တာရာရဲ့ ေျပာင္းေရႊ႕ေၾကးကို ေပါင္ ၂၉ သန္း သတ္မွတ္ ထားေပမဲ့ လီဗာပူးလ္ဘက္က ေျပာင္းေရႊ႕ေၾကးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။ လီဗာပူးလ္အသင္းက အယ္ကန္တာရာေနာက္ကို လိုက္ေနေပမဲ့ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ေတာ့တဲ့ ဝီလ္နယ္ဒန္ကိုေတာ့စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈေတြ မျပဳလုပ္ေသးပါဘူး။ လီဗာပူးလ္က ယခုႏွစ္ ေႏြရာသီေျပာင္းေရႊ႕ကာလမွာ အိုလံပီယာေကာ့အသင္းက ဘယ္ေတာင္ပံခံစစ္ကစားသမား တစီမီကက္ တစ္ဦးထဲကိုပဲ ေခၚယူထားပါတယ္။