ဘိုလော့နာနည်းပြ မီဟိုင်းလိုဗစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

0
331

ဘိုလော့နာနည်းပြ မီဟိုင်းလိုဗစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ အသင်းက အတည်ပြုထုတ်ပြန်ကြေ ညာခဲ့ပါတယ်။ ဖော်ပြမှုအရ စီးရီးအေကလပ်ဟာ သူတို့ရဲ့နည်းပြအနေနဲ့ ရောဂါလက္ခဏာ အသေအချာ ဖော်ပြ နေတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် မီဟိုင်းလိုဗစ်အနေနဲ့ လက်ရှိမှာ သီးတင်းပတ် ၂ ပတ်ကြာ သီးခြားခွဲနေထိုင်သွားရမှာဖြစ်ပြီး နိုင်ငံအစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဘိုလော့နာအသင်းဟာ သူတို့နဲ့ ဆက်နွယ်တဲ့အသင်းကိုလည်း ဆေးစစ်မှု ပြုလုပ်ခဲ့ပေမဲ့ အားလုံး ကိုရိုနာ negative အဖြစ် တွေ့ရှိခဲ့ရတယ်လို့ လည်း သိရပါတယ်။

ဘိုလော့နာအသင်းကြီးက ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ တနင်္လာနေ့မှာ ဆေးစစ်မှု ခံယူခဲ့ကြတယ်လို့ သိရပါတယ်။ မီဟိုင်းလိုဗစ်ချ်ဟာ ပြီးခဲ့တဲ့နှစ်မှာ သွေးကင်ဆာရောဂါ ခံစားခဲ့ရသူဖြစ်သလို ရိုးတွင်းချင်ဆီ ခွဲစိတ်ကုသရမှုကြောင့် ဘိုလော့နာအသင်းနဲ့ အချိန်အတော်ကြာ ကင်းဝေးနေခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။ ဘိုလော့နာအသင်းနဲ့ မီဟိုင်းလိုဗစ်ချ်ရဲ့ စာချုပ်သက်တမ်းကတော့ ၂၀၂၃ နှစ်အထိရှိထားပြီး လာမယ့်ရာသီသစ်ကတော့ စက်တင်ဘာ ၁၉ ရက်နေ့မှာ စတင်နိုင်မယ်လို့ သိရပါတယ်။

(zawgyi)

ဘိုေလာ့နာနည္းျပ မီဟိုင္းလိုဗစ္ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံရ

ဘိုေလာ့နာနည္းျပ မီဟိုင္းလိုဗစ္ဟာ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံရတယ္လို႔ အသင္းက အတည္ျပဳထုတ္ျပန္ေၾက ညာခဲ့ပါတယ္။ ေဖာ္ျပမႈအရ စီးရီးေအကလပ္ဟာ သူတို႔ရဲ႕နည္းျပအေနနဲ႔ ေရာဂါလကၡဏာ အေသအခ်ာ ေဖာ္ျပ ေနတယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ မီဟိုင္းလိုဗစ္အေနနဲ႔ လက္ရွိမွာ သီးတင္းပတ္ ၂ ပတ္ၾကာ သီးျခားခြဲေနထိုင္သြားရမွာျဖစ္ၿပီး ႏုိင္ငံအစိုးရရဲ႕ လမ္းညႊန္ခ်က္အတိုင္း လိုက္နာေဆာင္ရြက္သြားရမွာျဖစ္ပါတယ္။ ဘိုေလာ့နာအသင္းဟာ သူတို႔နဲ႔ ဆက္ႏြယ္တဲ့အသင္းကိုလည္း ေဆးစစ္မႈ ျပဳလုပ္ခဲ့ေပမဲ့ အားလုံး ကိုရိုနာ negative အျဖစ္ ေတြ႕ရွိခဲ့ရတယ္လို႔ လည္း သိရပါတယ္။

ဘိုေလာ့နာအသင္းႀကီးက ကစားသမားေတြနဲ႔ နည္းျပအဖြဲ႕၀င္ေတြဟာ တနလၤာေန႔မွာ ေဆးစစ္မႈ ခံယူခဲ့ၾကတယ္လို႔ သိရပါတယ္။ မီဟိုင္းလိုဗစ္ခ်္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ေသြးကင္ဆာေရာဂါ ခံစားခဲ့ရသူျဖစ္သလို ရိုးတြင္းခ်င္ဆီ ခြဲစိတ္ကုသရမႈေၾကာင့္ ဘိုေလာ့နာအသင္းနဲ႔ အခ်ိန္အေတာ္ၾကာ ကင္းေ၀းေနခဲ့ရဖူးသူလည္း ျဖစ္ပါတယ္။ ဘိုေလာ့နာအသင္းနဲ႔ မီဟိုင္းလိုဗစ္ခ်္ရဲ႕ စာခ်ဳပ္သက္တမ္းကေတာ့ ၂၀၂၃ ႏွစ္အထိရွိထားၿပီး လာမယ့္ရာသီသစ္ကေတာ့ စက္တင္ဘာ ၁၉ ရက္ေန႔မွာ စတင္ႏုိင္မယ္လို႔ သိရပါတယ္။