ဘုန်းမောက်နောက်ခံလူ နသန်အကီကို မန်စီးတီးအသင်း ခေါ်ယူ

0
539

ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းဟာ ဘုန်းမောက်နောက်ခံကစားသမား နသန်အကီကို ပြောင်းရွှေ့ကြေး ပေါင် ၄၁ သန်းနဲ့ ခေါ်ယူစာချုပ်လိုက်တယ်လို့ သိရပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ၂၀၁၉ ခုနှစ်မှာ အဓိကနောက်ခံလူ ကွန်ပနီ ထွက်ခွာသွားပြီးကတည်းက နောက်ခံအင်အားဖြည့်တင်းဖို့ ဆန္ဒရှိနေ ခဲ့သူဖြစ်ပါတယ်။

ပြင်သစ်သားဖြစ်တဲ့ လာပေါ်တီကလည်း ပရီးမီးယားလိဂ်ပြန်စနိုင်ကတည်းက ပွဲထွက်ပါဝင်ခွင့်ရနေပေမဲ့ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရသူဖြစ်သလို ဂျွန်စတုန်းနဲ့ အော့တမန်ဒီတို့ရဲ့ အနာဂတ်တွေကလည်း မရေမရာဖြစ် နေတာကြောင့် နသန်အကီကို မန်စီးတီးအသင်း ခေါ်ယူအားဖြည့်ခဲ့တာပါ။ မန်စီးတီးအသင်းဟာ နာပိုလီနောက် ခံလူ ကူလီဘာလီကိုလည်း ပစ်မှတ်ထားခဲ့ပေမဲ့ လက်ရှိမှာတော့ အကီကို ကနဦး ခေါ်ယူထားနိုင်ခဲ့တာဖြစ်ပါ တယ်။

နယ်သာလန်လက်ရွေးစင်တစ်ဦးဖြစ်တဲ့ အကီဟာ ၂၀၁၇ ခုနှစ်မှာ ချဲလ်ဆီးအသင်းကနေ ဘုန်းမောက်အသင်း ကို အပြီးသတ်ပြောင်းရွှေ့ထားခဲ့သူဖြစ်ပြီး အခုတော့ မန်စီးတီးအသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။ စာချုပ်ချုပ်နိုင်ပြီးနောက် အကီက “ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကို ပြန်ကြည့်ရင် မန်စီးတီး ဟာ အင်္ဂလန်မှာ အကောင်းဆုံးအသင်းတစ်သင်းဆိုတာ သေချာပါတယ်။ ဒီကိုပြောင်းရွှေ့ခွင့်ရရေး ဟာ ကျွန်တော့် အိပ်မက်တစ်ခုပါပဲ။ ဒီနေရာဟာ ကမ္ဘာ့အဆင့်မီ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ထိပ်တန်း အသင်းတစ်ခုပါ။ အသင်းရဲ့ ဘယ်နေရာကိုပဲကြည့်လိုက်ကြည့်လိုက် နာမည်ကျော်တွေချည်းပဲ တွေ့ရမယ်။ ဂွါဒီယိုလာကလည်း အကောင်းဆုံးနည်းပြတစ်ဦးဖြစ်တာကြောင့် ဒီကိုပြောင်းလာရတာ ကျွန်တော်ပျော်ပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

ဘုန္းေမာက္ေနာက္ခံလူ နသန္အကီကို မန္စီးတီးအသင္း ေခၚယူ

ပရီးမီးယားလိဂ္ထိပ္သီးကလပ္ မန္စီးတီးအသင္းဟာ ဘုန္းေမာက္ေနာက္ခံကစားသမား နသန္အကီကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၁ သန္းနဲ႔ ေခၚယူစာခ်ဳပ္လိုက္တယ္လို႔ သိရပါတယ္။ မန္စီးတီးနည္းျပ ဂြါဒီယုိလာဟာ ၂၀၁၉ ခုႏွစ္မွာ အဓိကေနာက္ခံလူ ကြန္ပနီ ထြက္ခြာသြားၿပီးကတည္းက ေနာက္ခံအင္အားျဖည့္တင္းဖို႔ ဆႏၵရွိေန ခဲ့သူျဖစ္ပါတယ္။

ျပင္သစ္သားျဖစ္တဲ့ လာေပၚတီကလည္း ပရီးမီးယားလိဂ္ျပန္စႏုိင္ကတည္းက ပြဲထြက္ပါ၀င္ခြင့္ရေနေပမဲ့ ဒဏ္ရာ ျပႆနာေတြနဲ႔ ရုန္းကန္ေနရသူျဖစ္သလို ဂၽြန္စတုန္းနဲ႔ ေအာ့တမန္ဒီတို႔ရဲ႕ အနာဂတ္ေတြကလည္း မေရမရာျဖစ္ ေနတာေၾကာင့္ နသန္အကီကို မန္စီးတီးအသင္း ေခၚယူအားျဖည့္ခဲ့တာပါ။ မန္စီးတီးအသင္းဟာ နာပိုလီေနာက္ ခံလူ ကူလီဘာလီကိုလည္း ပစ္မွတ္ထားခဲ့ေပမဲ့ လက္ရွိမွာေတာ့ အကီကို ကနဦး ေခၚယူထားႏုိင္ခဲ့တာျဖစ္ပါ တယ္။

နယ္သာလန္လက္ေရြးစင္တစ္ဦးျဖစ္တဲ့ အကီဟာ ၂၀၁၇ ခုႏွစ္မွာ ခ်ဲလ္ဆီးအသင္းကေန ဘုန္းေမာက္အသင္း ကို အၿပီးသတ္ေျပာင္းေရႊ႕ထားခဲ့သူျဖစ္ၿပီး အခုေတာ့ မန္စီးတီးအသင္းနဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုႏုိင္ခဲ့တာျဖစ္တယ္ လို႔ သိရပါတယ္။ စာခ်ဳပ္ခ်ဳပ္ႏုိင္ၿပီးေနာက္ အကီက “ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုေလာက္ကို ျပန္ၾကည့္ရင္ မန္စီးတီး ဟာ အဂၤလန္မွာ အေကာင္းဆုံးအသင္းတစ္သင္းဆိုတာ ေသခ်ာပါတယ္။ ဒီကိုေျပာင္းေရႊ႕ခြင့္ရေရး ဟာ ကၽြန္ေတာ့္ အိပ္မက္တစ္ခုပါပဲ။ ဒီေနရာဟာ ကမၻာ့အဆင့္မီ ကစားသမားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ထိပ္တန္း အသင္းတစ္ခုပါ။ အသင္းရဲ႕ ဘယ္ေနရာကိုပဲၾကည့္လိုက္ၾကည့္လိုက္ နာမည္ေက်ာ္ေတြခ်ည္းပဲ ေတြ႕ရမယ္။ ဂြါဒီယိုလာကလည္း အေကာင္းဆုံးနည္းျပတစ္ဦးျဖစ္တာေၾကာင့္ ဒီကိုေျပာင္းလာရတာ ကၽြန္ေတာ္ေပ်ာ္ပါတယ္” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။