ဘောလုံးသမားဘဝက အနားယူသွားခဲ့ပြီဖြစ်တဲ့ ကားဆီးလက်စ်

0
573

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စပိန်ဂန္ထဝင်ဂိုးသမား အိုင်ကာကားဆီးလက်စ်ဟာ ဘောလုံးသမားဘဝက အနားယူပြီ လို့ ထုတ်ပြန်ကြေညာသွားခဲ့ပြီး သူ့ရဲ့ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ်၊ ပေါ်တိုနဲ့ စပိန်လက်ရွေးစင်အသင်း တို့မှာ ထူးချွန်စွာ ဖြတ်သန်းနိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ် ကားဆီးလက်စ်ဟာ ပြီးခဲ့တဲ့နှစ် မေလ ၁ ရက်နေ့မှာ ပေါ်တိုအသင်းနဲ့ လေ့ကျင့်ရေးဆင်းနေစဉ် နှလုံးရောဂါ ခံစားရပြီးကတည်းက ဘောလုံးပွဲနဲ့ ကင်းဝေး နေတာဖြစ်ပြီး အဲဒီရောဂါအတွက်လည်း ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလတုန်းကလည်း စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးချယ်ပွဲကနေ နုတ်ထွက်ကြောင်း ကားဆီးလက်စ် ကြေညာခဲ့ပြီး ပေါ်တိုဥက္ကဋ္ဌ ဒါကော်စတာကလည်း ကားဆီးလက်စ်အနေနဲ့ ဘောလုံးလောက ကနေ အနားယူပြီလို့ ပြောထားခဲ့ပါတယ်။ ကားဆီးလက်စ်က လူမှုဝက်ဘ်ဆိုက်ကနေတစ်ဆင့် သူ့ရဲ့ကစား သမားဘဝ အဆုံးသတ်ပြီလို့ ထုတ်ပြန်ကြေညာသွားခဲ့တာပါ။

“ အရေးကြီးဆုံးအချက်က ခင်ဗျားရဲ့ ခရီးသွားလမ်းကြောင်းဖြစ်ပြီး ဘယ်သူတွေက ပူးပေါင်းပါဝင်ခဲ့ကြသလဲ ဆိုတာပါပဲ။ ခရီးလမ်းဦးတည်ချက်က ခင်ဗျားကို ခေါ်ဆောင်သွားတာမျိုးမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လုပ်အားနဲ့ အားစိုက်ထုတ်မှုက အဓိကပါ။ ကျွန်တော့်အထင် တုံ့ဆိုင်းမှုမရှိတာက လမ်းကြောင်းနဲ့ အိပ်မက် ခရီးလမ်းကို ဖြစ်ပေါ်လာစေပါတယ်”လို့ ကားဆီးလက်စ်က ဖွင့်ဟခဲ့တာပါ။

ကားဆီးလက်စ်ဟာ မက်ဒရစ်လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး အဲဒီအသင်းအတွက် ပြိုင်ပွဲစုံ ၇၂၅ ပွဲအထိ ကစားပေးခဲ့ကာ သူ့ထက်ပွဲထွက်များတာဆိုလို့ ရာအူးလ်(၇၄၁)ပဲရှိပါတယ်။ သူဟာ ရီးရဲလ်မက်ဒ ရစ်အသင်းနဲ့အတူ ရနိုင်သမျှ ဆုဖလားတွေ ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလား ၃ ကြိမ်နဲ့ လာလီဂါဆုဖလား ၅ ကြိမ်လည်း အပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်လက်ရွေးစင်အသင်းနဲ့လည်း လက်စွမ်းပြနိုင်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ယူရို-၂၀၁၂ ဆုဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

(zawgyi)

ေဘာလုံးသမားဘ၀က အနားယူသြားခဲ့ၿပီျဖစ္တဲ့ ကားဆီးလက္စ္

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စပိန္ဂႏၳ၀င္ဂိုးသမား အိုင္ကာကားဆီးလက္စ္ဟာ ေဘာလုံးသမားဘ၀က အနားယူၿပီ လို႔ ထုတ္ျပန္ေၾကညာသြားခဲ့ၿပီး သူ႕ရဲ႕ကစားသမားဘ၀ကို ရီးရဲလ္မက္ဒရစ္၊ ေပၚတိုနဲ႔ စပိန္လက္ေရြးစင္အသင္း တို႔မွာ ထူးခၽြန္စြာ ျဖတ္သန္းႏုိင္ခဲ့သူျဖစ္ပါတယ္။ အသက္ ၃၉ ႏွစ္အရြယ္ ကားဆီးလက္စ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေမလ ၁ ရက္ေန႔မွာ ေပၚတိုအသင္းနဲ႔ ေလ့က်င့္ေရးဆင္းေနစဥ္ ႏွလုံးေရာဂါ ခံစားရၿပီးကတည္းက ေဘာလုံးပြဲနဲ႔ ကင္းေ၀း ေနတာျဖစ္ၿပီး အဲဒီေရာဂါအတြက္လည္း ခြဲစိတ္ကုသမႈ ခံယူခဲ့ရပါတယ္။

ဒီႏွစ္ ေဖေဖာ္၀ါရီလတုန္းကလည္း စပိန္ေတာ္၀င္ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေရြးခ်ယ္ပြဲကေန ႏုတ္ထြက္ေၾကာင္း ကားဆီးလက္စ္ ေၾကညာခဲ့ၿပီး ေပၚတိုဥကၠ႒ ဒါေကာ္စတာကလည္း ကားဆီးလက္စ္အေနနဲ႔ ေဘာလုံးေလာက ကေန အနားယူၿပီလို႔ ေျပာထားခဲ့ပါတယ္။ ကားဆီးလက္စ္က လူမႈ၀က္ဘ္ဆိုက္ကေနတစ္ဆင့္ သူ႕ရဲ႕ကစား သမားဘ၀ အဆုံးသတ္ၿပီလို႔ ထုတ္ျပန္ေၾကညာသြားခဲ့တာပါ။

“ အေရးႀကီးဆုံးအခ်က္က ခင္ဗ်ားရဲ႕ ခရီးသြားလမ္းေၾကာင္းျဖစ္ၿပီး ဘယ္သူေတြက ပူးေပါင္းပါ၀င္ခဲ့ၾကသလဲ ဆိုတာပါပဲ။ ခရီးလမ္းဦးတည္ခ်က္က ခင္ဗ်ားကို ေခၚေဆာင္သြားတာမ်ဳိးမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ လုပ္အားနဲ႔ အားစိုက္ထုတ္မႈက အဓိကပါ။ ကၽြန္ေတာ့္အထင္ တုံ႔ဆိုင္းမႈမရွိတာက လမ္းေၾကာင္းနဲ႔ အိပ္မက္ ခရီးလမ္းကို ျဖစ္ေပၚလာေစပါတယ္”လို႔ ကားဆီးလက္စ္က ဖြင့္ဟခဲ့တာပါ။

ကားဆီးလက္စ္ဟာ မက္ဒရစ္လူငယ္အကယ္ဒမီကေန ထြက္ေပၚလာခဲ့သူျဖစ္ၿပီး အဲဒီအသင္းအတြက္ ၿပိဳင္ပြဲစုံ ၇၂၅ ပြဲအထိ ကစားေပးခဲ့ကာ သူ႕ထက္ပြဲထြက္မ်ားတာဆိုလို႔ ရာအူးလ္(၇၄၁)ပဲရွိပါတယ္။ သူဟာ ရီးရဲလ္မက္ဒ ရစ္အသင္းနဲ႔အတူ ရႏုိင္သမွ် ဆုဖလားေတြ ရယူႏုိင္ခဲ့သလို ခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္နဲ႔ လာလီဂါဆုဖလား ၅ ႀကိမ္လည္း အပါအ၀င္ျဖစ္ပါတယ္။ ဒါ့အျပင္ စပိန္လက္ေရြးစင္အသင္းနဲ႔လည္း လက္စြမ္းျပႏုိင္ခဲ့ၿပီး ၂၀၁၀ ကမၻာ့ဖလားနဲ႔ ယူရို-၂၀၁၂ ဆုဖလားကိုလည္း ဆြတ္ခူးႏုိင္ခဲ့သူျဖစ္ပါတယ္။