မက်ဆီကို ခေါ်ယူဖို့ ရှိနေတဲ့ အသင်းတွေထဲမှာ မန်စီးတီးက ထိပ်ဆုံးမှာ ရပ်တည်နေ

0
237

 

ဘာစီလိုနာအသင်းက အသင်းမန်နေဂျာအသစ် ကိုးမန်းရဲ့ လက်ထက်မှာ အသင်းကို ပြောင်းလဲ တည်ဆောက်ဖို့ ရှိနေသလို မက်ဆီကိုလည်း အသင်းကနေထွက်ခွာခွင့်ပြုသွားမှာ ဖြစ်တယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ ဒါ့အပြင် မက်ဆီကိုယ်တိုင်ကလည်း ဝေဖန်မှုတွေများစွာ ဖြစ်ပေါ်နေတဲ့ မက်ဆီအသင်းကနေ ထွက်ခွာသွားလိုတယ်ဆိုပြီး ပြောဆိုခဲ့တာတွေလည်း ရှိနေပါတယ်။

ဒီလိုအချိန်မှာ မက်ဆီကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းတွေ အပြိုင်အဆိုင်ထွက်ပေါ်လာချိန်မှာ မက်ဆီနဲ့ ဘာစီလိုနာအသင်းမှာ အတူလက်တွဲအလုပ်ခဲ့တဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက ထိပ်ဆုံးမှာ ရှိနေတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

162

မက်ဆီကို လိုချင်တဲ့အသင်းတွေမှာ မန်စီးတီးက ထိပ်ဆုံးမှာ ရှိနေသလို မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီ၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။ မက်ဆီကို ခေါ်ယူဖို့ မန်စီးတီးအသင်းက ခြောက်လေး လေးလေးရှိနေပြီး အင်တာမီလန်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က သုံးလေး တစ်လေး ရှိနေပါတယ်။ ဂျူဗင်တပ်စ်က လေးလေး တစ်လေး ရှိနေပြီး မန်ချက်စတာယူနိုက်တက်က ၁၃ လေး နှစ်လေး ရှိနေပါတယ်။ မေဂျာလိဂ်ကလပ်တချို့က ခေါ်ယူဖို့ ၁၂-၁ လေး ရှိနေပြီး လီဗာပူးလ်က ခေါ်ယူဖို့ ၁၄-၁ လေး ရှိနေပါတယ်။ လိဒ်ယူနိုက်တက်က ၂၀-၁ လေး၊ အာဂျင်တီးနားအသင်းတွေက ခေါ်ယူဖို့ ၂၅-၁ လေး၊ ဘိုင်ယန်မြူးနစ်က ၃၅-၁ လေး၊ ချဲလ်ဆီးက ၅၀-၁ လေး၊ လာဇီယိုက ၁၀၀-၁ လေး၊ နာပိုလီက ၁၂၅-၁ လေးနဲ့ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်က ၁၅၀-၁ လေး ရှိနေတယ်လို့ စစ်တမ်းတွေမှာ ပါရှိပါတယ်။

မက်ဆီက ဘာစီလိုနာအသင်းမှာ ဘလွန်းဒီအော်ဆုကို ခြောက်ကြိမ် ရရှိထားသလို အသင်းအတွက် စံချိန်တင်သွင်းဂိုး ၆၃၄ ဂိုး သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ပလန်နက်က “ ဘာတွေ ဖြစ်ပျက်နေကြတာလဲဗျာ။ ကွျန်တော်တို့တွေရဲ့ စိတ်ကူးက အသင်းရဲ့ အဓိကကစား သမားတွေနဲ့ အသင်းကို တည်ဆောက်သွားလိုတာပါ။ မက်ဆီက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သလို ကမ္ဘာမှာ ကောင်းမွန်တဲ့သမိုင်းကြောင်းတွေ ရေးထားသူဖြစ်လို့ ကွျန်တော်တို့တွေက အခြားသော အောင်မြင်မှု စက်ဝိုင်းတစ်ခုကို လှည့်ပတ်သွားလိုကြတာပါ ” လို့ ပြောပါတယ်။

Zawgyi

မက္ဆီကို ေခၚယူဖို႔ ရွိေနတဲ့ အသင္းေတြထဲမွာ မန္စီးတီးက ထိပ္ဆုံးမွာ ရပ္တည္ေန

ဘာစီလိုနာအသင္းက အသင္းမန္ေနဂ်ာအသစ္ ကိုးမန္းရဲ့ လက္ထက္မွာ အသင္းကို ေျပာင္းလဲ တည္ေဆာက္ဖို႔ ရွိေနသလို မက္ဆီကိုလည္း အသင္းကေနထြက္ခြာခြင့္ျပဳသြားမွာ ျဖစ္တယ္ဆိုၿပီး သတင္းေတြ ထြက္ေနပါတယ္။ ဒါ့အျပင္ မက္ဆီကိုယ္တိုင္ကလည္း ေဝဖန္မႈေတြမ်ားစြာ ျဖစ္ေပၚေနတဲ့ မက္ဆီအသင္းကေန ထြက္ခြာသြားလိုတယ္ဆိုၿပီး ေျပာဆိုခဲ့တာေတြလည္း ရွိေနပါတယ္။
ဒီလိုအခ်ိန္မွာ မက္ဆီကို ေခၚယူဖို႔ ဥေရာပထိပ္တန္းအသင္းေတြ အၿပိဳင္အဆိုင္ထြက္ေပၚလာခ်ိန္မွာ မက္ဆီနဲ႔ ဘာစီလိုနာအသင္းမွာ အတူလက္တြဲအလုပ္ခဲ့တဲ့ ဂြါဒီယိုလာရဲ့ မန္စီးတီးအသင္းက ထိပ္ဆုံးမွာ ရွိေနတယ္လို႔ စစ္တမ္းေတြအရ သိရပါတယ္။
မက္ဆီကို လိုခ်င္တဲ့အသင္းေတြမွာ မန္စီးတီးက ထိပ္ဆုံးမွာ ရွိေနသလို မန္ခ်က္စတာယူနိုက္တက္၊ ပီအက္စ္ဂ်ီ၊ အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြကလည္း စိတ္ဝင္စားေနၾကပါတယ္။ မက္ဆီကို ေခၚယူဖို႔ မန္စီးတီးအသင္းက ေျခာက္ေလး ေလးေလးရွိေနၿပီး အင္တာမီလန္အသင္းနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔က သုံးေလး တစ္ေလး ရွိေနပါတယ္။ ဂ်ဴဗင္တပ္စ္က ေလးေလး တစ္ေလး ရွိေနၿပီး မန္ခ်က္စတာယူနိုက္တက္က ၁၃ ေလး ႏွစ္ေလး ရွိေနပါတယ္။ ေမဂ်ာလိဂ္ကလပ္တခ်ိဳ႕က ေခၚယူဖို႔ ၁၂-၁ ေလး ရွိေနၿပီး လီဗာပူးလ္က ေခၚယူဖို႔ ၁၄-၁ ေလး ရွိေနပါတယ္။ လိဒ္ယူနိုက္တက္က ၂၀-၁ ေလး၊ အာဂ်င္တီးနားအသင္းေတြက ေခၚယူဖို႔ ၂၅-၁ ေလး၊ ဘိုင္ယန္ျမဴးနစ္က ၃၅-၁ ေလး၊ ခ်ဲလ္ဆီးက ၅၀-၁ ေလး၊ လာဇီယိုက ၁၀၀-၁ ေလး၊ နာပိုလီက ၁၂၅-၁ ေလးနဲ႔ ၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္က ၁၅၀-၁ ေလး ရွိေနတယ္လို႔ စစ္တမ္းေတြမွာ ပါရွိပါတယ္။
မက္ဆီက ဘာစီလိုနာအသင္းမွာ ဘလြန္းဒီေအာ္ဆုကို ေျခာက္ႀကိမ္ ရရွိထားသလို အသင္းအတြက္ စံခ်ိန္တင္သြင္းဂိုး ၆၃၄ ဂိုး သြင္းယူထားနိုင္သူ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းရဲ့ အားကစားဒါရိုက္တာ ပလန္နက္က “ ဘာေတြ ျဖစ္ပ်က္ေနၾကတာလဲဗ်ာ။ ကြ်န္ေတာ္တို႔ေတြရဲ့ စိတ္ကူးက အသင္းရဲ့ အဓိကကစား သမားေတြနဲ႔ အသင္းကို တည္ေဆာက္သြားလိုတာပါ။ မက္ဆီက ကမၻာ့အေကာင္းဆုံးကစားသမားျဖစ္သလို ကမၻာမွာ ေကာင္းမြန္တဲ့သမိုင္းေၾကာင္းေတြ ေရးထားသူျဖစ္လို႔ ကြ်န္ေတာ္တို႔ေတြက အျခားေသာ ေအာင္ျမင္မႈ စက္ဝိုင္းတစ္ခုကို လွည့္ပတ္သြားလိုၾကတာပါ ” လို႔ ေျပာပါတယ္။