မန်ချက်စတာယူနိုက်တက်က ဆန်ချိုကို စျေးကြီးပေးပြီး ခေါ်ယူဖို့ထက် တိုက်စစ်မှူးကောင်းကောင်း ခေါ်ယူသင့်တယ်လို့ ပေါမာဆင် တိုက်တွန်း

0
391

 

မန်ချက်စတာယူနိုက်တက်အသင်းက ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ပေါင် ၁၀၈ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပေမဲ့ အသင်းအတွက် တိုက်စစ်မှူးကောင်းကောင်းတစ်ဦး ခေါ်ယူသင့်တယ်လို့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်ခဲ့တဲ့ ပေါမာဆင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ၎င်းက မန်ချက်စတာယူနိုက်တက်အနေနဲ့ ဟာရီကိန်းတို့လို တိုက်စစ်အသားပေး ဂိုးသွင်းရှင်တစ်ဦးခေါ်ယူသင့်ပြီး ဆိုးရှား အနေနဲ့လည်း အခြားသောပစ်မှတ်တစ်ဦးကို ဦးလှည့်သွားမှာ ဖြစ်တယ်လို့ ၎င်းက ယုံကြည်ထားပါတယ်။

83

ပေါမာဆင်က “ မန်ချက်စတာယူနိုက်တက်က ဆန်ချိုကို ခေါ်ယူဖို့အရေးကို မေ့ထားသင့်တယ်။ သူ့အစား ဟာရီကိန်းကို ပစ်မှတ်ထားသင့်ပါတယ်။ ဒါမှ ဆုဖလားအတွက် ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်သွားနိုင်မှာပါ။ ယခု ကာလမှာတော့ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးက မြင့်မားလွန်းပါတယ်။ ကွျန်တော်ကတော့ ချိန်ဆထိန်းသိမ်းပြီး စဉ်းစားသင့်တယ်လို့ ပြောချင်ပါတယ်။ ဒီလို လုပ်နေတာက သူတို့တွေအတွက် အမှန်တကယ် လိုအပ်နေလို့ လားပေါ့။ သူတို့မှာ ဂရင်းဝုဒ် ရှိနေပြီးသားဖြစ်တယ်။ သူကလည်း ကြယ်ပွင့်ဖြစ်နေတဲ့ ကစားသမားတစ်ဦးပါ။ ပြီးတော့ ရတ်ဖို့ဒ်ကလည်း ပိုကောင်းပြီးရင်း ကောင်းနေတယ်။ ဒါတောင် မာရှယ်မပါသေးပါဘူး။ သူတို့အတွက် တိုက်စစ်ဗဟိုမှာ ဂိုးသွင်းဖို့ ၁၈ ကိုက်အတွင်း အဝင်အထွက် ကစားမဲ့ ကစားသမားလိုအပ်တယ်လို့ ကွျန်တော် ထင်ပါတယ်။ တကယ်လို့ ဆန်ချိုရောက်လာပြီး ကစားမယ်ဆိုရင် သူတို့တွေက ဂရင်းဝုဒ်ကို အသင်းကနေ ထုတ်ပစ်လိုက်မှာလား။ ဒါကို ပေါင်သန်း ၁၀၀ နဲ့တွေးတောမယ်ဆိုရင် ဟာရီကိန်းကို ပေါင်သန်း ၁၀၀ နဲ့ စပါးလ် ကနေ မခေါ်ထုတ်နိုင်ဘူးလား။ ပွဲ ၃၈ ပွဲထက်မက ပွဲတွေမှာ ဟာရီကိန်းက ဆန်ချိုထက် ဂိုးတွေ ပိုပြီးသွင်းနိုင်သူပါ။ တကယ်လို့ ဟာရီကိန်းကို ခေါ်နိုင်မယ်ဆိုရင် သူတို့တွေ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ အခွင့်အရေးတွေ ရှိနေပြီလို့ ကွျန်တော် စဉ်းစားမိတယ်။ ဟာရီကိန်းကလည်း မန်ချက်စတာယူနိုက်တက် ခေါ်ရင် လာမလားဆိုတဲ့ မေးစရာ ရှိပါတယ်။ သူက ဆုဖလားတွေ မရယူနိုင်ဘဲ ဖြစ်နေသူဖြစ်တယ်။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်မှာ အကောင်းဆုံးကစားရင် စပါးလ်အသင်းမှာ ရှိတာထက် ပိုပြီး အခွင့်အရေးကောင်းတွေ ရှိနေတယ် ” လို့ ပြောပါ တယ်။

တကယ်လို့ ယခုနှစ်မှာ ဆန်ချိုကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူနိုင်ခြင်း မရှိခဲ့ရင် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေက နောက်နှစ်မှာ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားဖို့ ရှိနေပါတယ်။ တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ့မွန်အသင်း အားကစားဒါရိုက်တာက ဆန်ချိုဟာ နောက်လာမဲ့ ဘွန်ဒက်စ်လီဂါ ဘောလုံးရာသီမှာ ဆက်လက်ရှိနေမယ်လို့ အတိအလင်းပြောကြားခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္က ဆန္ခ်ိဳကို ေစ်းႀကီးေပးၿပီး ေခၚယူဖို႔ထက္ တိုက္စစ္မႉးေကာင္းေကာင္း ေခၚယူသင့္တယ္လို႔ ေပါမာဆင္ တိုက္တြန္း

မန္ခ်က္စတာယူနိုက္တက္အသင္းက ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေပါင္ ၁၀၈ သန္းနဲ႔ ေခၚယူနိုင္ဖို႔ ႀကိဳးပမ္းေနေပမဲ့ အသင္းအတြက္ တိုက္စစ္မႉးေကာင္းေကာင္းတစ္ဦး ေခၚယူသင့္တယ္လို႔ အာဆင္နယ္အသင္းရဲ့ တိုက္စစ္မႉးေဟာင္းျဖစ္ခဲ့တဲ့ ေပါမာဆင္က တိုက္တြန္းေျပာၾကားလိုက္ပါတယ္။ ၎က မန္ခ်က္စတာယူနိုက္တက္အေနနဲ႔ ဟာရီကိန္းတို႔လို တိုက္စစ္အသားေပး ဂိုးသြင္းရွင္တစ္ဦးေခၚယူသင့္ၿပီး ဆိုးရွား အေနနဲ႔လည္း အျခားေသာပစ္မွတ္တစ္ဦးကို ဦးလွည့္သြားမွာ ျဖစ္တယ္လို႔ ၎က ယုံၾကည္ထားပါတယ္။
ေပါမာဆင္က “ မန္ခ်က္စတာယူနိုက္တက္က ဆန္ခ်ိဳကို ေခၚယူဖို႔အေရးကို ေမ့ထားသင့္တယ္။ သူ႔အစား ဟာရီကိန္းကို ပစ္မွတ္ထားသင့္ပါတယ္။ ဒါမွ ဆုဖလားအတြက္ ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္သြားနိုင္မွာပါ။ ယခု ကာလမွာေတာ့ ဆန္ခ်ိဳရဲ့ ေျပာင္းေရႊ႕ေၾကးက ျမင့္မားလြန္းပါတယ္။ ကြ်န္ေတာ္ကေတာ့ ခ်ိန္ဆထိန္းသိမ္းၿပီး စဥ္းစားသင့္တယ္လို႔ ေျပာခ်င္ပါတယ္။ ဒီလို လုပ္ေနတာက သူတို႔ေတြအတြက္ အမွန္တကယ္ လိုအပ္ေနလို႔ လားေပါ့။ သူတို႔မွာ ဂရင္းဝုဒ္ ရွိေနၿပီးသားျဖစ္တယ္။ သူကလည္း ၾကယ္ပြင့္ျဖစ္ေနတဲ့ ကစားသမားတစ္ဦးပါ။ ၿပီးေတာ့ ရတ္ဖို႔ဒ္ကလည္း ပိုေကာင္းၿပီးရင္း ေကာင္းေနတယ္။ ဒါေတာင္ မာရွယ္မပါေသးပါဘူး။ သူတို႔အတြက္ တိုက္စစ္ဗဟိုမွာ ဂိုးသြင္းဖို႔ ၁၈ ကိုက္အတြင္း အဝင္အထြက္ ကစားမဲ့ ကစားသမားလိုအပ္တယ္လို႔ ကြ်န္ေတာ္ ထင္ပါတယ္။ တကယ္လို႔ ဆန္ခ်ိဳေရာက္လာၿပီး ကစားမယ္ဆိုရင္ သူတို႔ေတြက ဂရင္းဝုဒ္ကို အသင္းကေန ထုတ္ပစ္လိုက္မွာလား။ ဒါကို ေပါင္သန္း ၁၀၀ နဲ႔ေတြးေတာမယ္ဆိုရင္ ဟာရီကိန္းကို ေပါင္သန္း ၁၀၀ နဲ႔ စပါးလ္ ကေန မေခၚထုတ္နိုင္ဘူးလား။ ပြဲ ၃၈ ပြဲထက္မက ပြဲေတြမွာ ဟာရီကိန္းက ဆန္ခ်ိဳထက္ ဂိုးေတြ ပိုၿပီးသြင္းနိုင္သူပါ။ တကယ္လို႔ ဟာရီကိန္းကို ေခၚနိုင္မယ္ဆိုရင္ သူတို႔ေတြ ပရီးမီးယားလိဂ္ဖလားကို အနိုင္ရဖို႔ အခြင့္အေရးေတြ ရွိေနၿပီလို႔ ကြ်န္ေတာ္ စဥ္းစားမိတယ္။ ဟာရီကိန္းကလည္း မန္ခ်က္စတာယူနိုက္တက္ ေခၚရင္ လာမလားဆိုတဲ့ ေမးစရာ ရွိပါတယ္။ သူက ဆုဖလားေတြ မရယူနိုင္ဘဲ ျဖစ္ေနသူျဖစ္တယ္။ ဒါေပမဲ့ မန္ခ်က္စတာယူနိုက္တက္မွာ အေကာင္းဆုံးကစားရင္ စပါးလ္အသင္းမွာ ရွိတာထက္ ပိုၿပီး အခြင့္အေရးေကာင္းေတြ ရွိေနတယ္ ” လို႔ ေျပာပါ တယ္။
တကယ္လို႔ ယခုႏွစ္မွာ ဆန္ခ်ိဳကို မန္ခ်က္စတာယူနိုက္တက္က ေခၚယူနိုင္ျခင္း မရွိခဲ့ရင္ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြက ေနာက္ႏွစ္မွာ ေခၚယူနိုင္ဖို႔ ႀကိဳးစားသြားဖို႔ ရွိေနပါတယ္။ တနလၤာေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေဒါ့မြန္အသင္း အားကစားဒါရိုက္တာက ဆန္ခ်ိဳဟာ ေနာက္လာမဲ့ ဘြန္ဒက္စ္လီဂါ ေဘာလုံးရာသီမွာ ဆက္လက္ရွိေနမယ္လို႔ အတိအလင္းေျပာၾကားခဲ့ပါတယ္။