မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးပုံစံနဲ့ ကစားတာကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ကြောင်း ဆီဗီလာ မန်နေဂျာ လိုပက်တီဂူ ပြော

0
319

 

ပြီးခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ဆီဗီလာအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ၁-၂ နဲ့ အနိုင်ရခဲ့ပြီး နောက်ဆုံးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားပုံဟာ ပြီးခဲ့တဲ့ နောက်ဆုံးနှစ်အနည်းငယ်အတွင်းမှာ အကောင်းဆုံး ကစားဟန် ဖြစ်တယ်လို့ ဆီဗီလာမန်နေဂျာ လိုပက်တီဂူက ဆိုပါတယ်။

အဆိုပါပွဲမှာ မန်ချက်စတာယူနိုက်တက်က ပထမပိုင်း ၉ မိနစ်မှာ ပင်နယ်တီ စတင်ရရှိခဲ့ပြီး ဖာနန်ဒက်က ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၆ မိနစ်မှာ ဆီဗီလာအတွက် ချေပဂိုးကို ဆူဆိုက သွင်းယူခဲ့ပြီး နောက်ထပ်အနိုင်ဂိုးကို ပွဲချိန် ၇၈ မိနစ်မှာ ဒီဂျောင်က သွင်းယူပေခဲ့လို့ ၂-၁ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဆီဗီလာ အနေနဲ့ ယူရိုပါလိဂ်ဖိုင်နယ်အဆင့်ကို ၁၅ ရာသီအတွင်း ခြောက်ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

97

ပွဲအပြီးမှာ လိုပက်တီဂူက “ အင်္ဂလန်အသင်းတွေရဲ့ ကစားတဲ့ ပုံစံအတိုင်း ကစားခဲ့ကြတာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ဆုံးနှစ်အနည်းငယ်အတွင်းမှာ အကောင်းဆုံးကစားပုံပါပဲ။ မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးကို ဆီမီးဖိုင်နယ်မှာ အနိုင်ရလိုက်ခြင်းက ကွျန်တော်တို့အသင်းအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ ဒီနေ့ညမှာ အကောင်းဆုံးပြုလုပ်ခဲ့ကြတဲ့ ကွျန်တော်တို့အသင်းအတွက် ဂုဏ်ယူပါ တယ်။ ကွျန်တော်တို့တွေ ဖိုင်နယ်ပွဲစဉ်အတွက် စိတ်လှုပ်ရှားနေမိပါတယ်။ ဒါပေမဲ့လည်း ဖိုင်နယ်ပွဲဆိုတာ ကြိုးစား ကစားသွားရမှာ ဖြစ်လို့ ကွျန်တော်တို့တွေ ပြင်ဆင်ထားမှုတွေ ရှိပါတယ် ” လို့ ပြောပါတယ်။

ဆီဗီလာအသင်းဟာ အင်တာမီလန်အသင်းနဲ့ ရှက်တာဒိုးနက်အသင်းပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းနဲ့ ဖိုင်နယ်ပွဲစဉ်ကို ဩဂုတ် ၂၁ ရက်နေ့ ကစားသွားရမှာ ဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ အေကာင္းဆုံးပုံစံနဲ႔ ကစားတာကို ရင္ဆိုင္ခဲ့ရျခင္း ျဖစ္ေၾကာင္း ဆီဗီလာ မန္ေနဂ်ာ လိုပက္တီဂူ ေျပာ

ၿပီးခဲ့တဲ့ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ပြဲမွာ ဆီဗီလာအသင္းက မန္ခ်က္စတာယူနိုက္တက္အသင္းကို ၁-၂ နဲ႔ အနိုင္ရခဲ့ၿပီး ေနာက္ဆုံးဖိုင္နယ္အဆင့္ကို တက္ေရာက္နိုင္ခဲ့ပါတယ္။ အဆိုပါပြဲမွာ ကစားခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ့ ကစားပုံဟာ ၿပီးခဲ့တဲ့ ေနာက္ဆုံးႏွစ္အနည္းငယ္အတြင္းမွာ အေကာင္းဆုံး ကစားဟန္ ျဖစ္တယ္လို႔ ဆီဗီလာမန္ေနဂ်ာ လိုပက္တီဂူက ဆိုပါတယ္။
အဆိုပါပြဲမွာ မန္ခ်က္စတာယူနိုက္တက္က ပထမပိုင္း ၉ မိနစ္မွာ ပင္နယ္တီ စတင္ရရွိခဲ့ၿပီး ဖာနန္ဒက္က ဦးေဆာင္ဂိုး စတင္သြင္းယူနိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ၂၆ မိနစ္မွာ ဆီဗီလာအတြက္ ေခ်ပဂိုးကို ဆူဆိုက သြင္းယူခဲ့ၿပီး ေနာက္ထပ္အနိုင္ဂိုးကို ပြဲခ်ိန္ ၇၈ မိနစ္မွာ ဒီေဂ်ာင္က သြင္းယူေပခဲ့လို႔ ၂-၁ နဲ႔ အနိုင္ရခဲ့တာ ျဖစ္ပါတယ္။ ဆီဗီလာ အေနနဲ႔ ယူရိုပါလိဂ္ဖိုင္နယ္အဆင့္ကို ၁၅ ရာသီအတြင္း ေျခာက္ႀကိမ္ေျမာက္ တက္ေရာက္နိုင္ခဲ့ျခင္း ျဖစ္ပါတယ္။
ပြဲအၿပီးမွာ လိုပက္တီဂူက “ အဂၤလန္အသင္းေတြရဲ့ ကစားတဲ့ ပုံစံအတိုင္း ကစားခဲ့ၾကတာ ျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ေနာက္ဆုံးႏွစ္အနည္းငယ္အတြင္းမွာ အေကာင္းဆုံးကစားပုံပါပဲ။ မန္ခ်က္စတာယူနိုက္တက္လို အသင္းမ်ိဳးကို ဆီမီးဖိုင္နယ္မွာ အနိုင္ရလိုက္ျခင္းက ကြ်န္ေတာ္တို႔အသင္းအတြက္ အက်ိဳးျဖစ္ထြန္းေစပါတယ္။ ဒီေန႔ညမွာ အေကာင္းဆုံးျပဳလုပ္ခဲ့ၾကတဲ့ ကြ်န္ေတာ္တို႔အသင္းအတြက္ ဂုဏ္ယူပါ တယ္။ ကြ်န္ေတာ္တို႔ေတြ ဖိုင္နယ္ပြဲစဥ္အတြက္ စိတ္လႈပ္ရွားေနမိပါတယ္။ ဒါေပမဲ့လည္း ဖိုင္နယ္ပြဲဆိုတာ ႀကိဳးစား ကစားသြားရမွာ ျဖစ္လို႔ ကြ်န္ေတာ္တို႔ေတြ ျပင္ဆင္ထားမႈေတြ ရွိပါတယ္ ” လို႔ ေျပာပါတယ္။
ဆီဗီလာအသင္းဟာ အင္တာမီလန္အသင္းနဲ႔ ရွက္တာဒိုးနက္အသင္းပြဲစဥ္မွာ အနိုင္ရတဲ့ အသင္းနဲ႔ ဖိုင္နယ္ပြဲစဥ္ကို ဩဂုတ္ ၂၁ ရက္ေန႔ ကစားသြားရမွာ ျဖစ္ပါတယ္။