မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့ပေမဲ့ ချန်ပီယံလိဂ်ဖလားအတွက် ရေပန်းစားနေတဲ့ အသင်းတစ်သင်းမဟုတ်ကြောင်း ဂွါဒီယိုလာ ပြောကြား

0
311

 

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ၂-၁ နဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၄-၂ နဲ့ ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာ လိုင်ယွန်အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ၎င်းတို့အသင်းဟာ ချန်ပီယံလိဂ်ဖလား ရရှိဖို့ ရေပန်းစားနေတဲ့ အသင်းတစ်သင်း မဟုတ်ကြောင်း ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ နောက်တစ်ပတ် စနေနေ့မှာ လိုင်ယွန်အသင်းနဲ့ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ချန်ပီယံလိဂ်မှာ မန်စီးတီးက လိုင်ယွန်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး ရှုံးခဲ့ပါတယ်။

40

ဂွါဒီယိုလာက “ ဒီနေရာကို ရောက်လာတဲ့ အသင်းတိုင်းက ဖလားရဖို့ အခွင့်အရေးရှိတယ်ဆိုပြီး မင်းတို့ တွေ ပြောကြပါလိမ့်မယ်။ ဘာကြောင့် ကွျန်တော်တို့အသင်းတစ်သင်းထဲကပဲ ချန်ပီယံလိဂ်မှာ အခြားအသင်းတွေ ထက်ပိုကောင်းရမှာလဲ။ တစ်ရာသီထဲနဲ့ ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတာကို ကွျန်တော်မမြင်နိုင်ဘူး။ ရီးရဲလ်မက်ဒရစ်လို အရည်အချင်းရှိတဲ့ အသင်းပေါင်းများစွာကို အနိုင်ကစားသွားနိုင်မှ ချန်ပီယံလိဂ်မှာ ဖလားရမှာပါ။ ြီးခဲ့တဲ့ နှစ်က ကွျန်တော်တို့ လိုင်ယွန်အသင်းနဲ့ ကစားခဲ့တယ် တစ်ပွဲရှုံးတစ်ပွဲသရေ ဖြစ်ခဲ့တယ်။ ကွျန်တော်တို့ ပြီးခဲ့တဲ့ နှစ်က သူတို့ကို မကစားနိုင်ခဲ့ဘူးဆိုတာ အမှန်တကယ်ပါပဲ။ ဒါက ကွျန်တော်တို့အတွက် မယုံကြည်နိုင်လောက်စရာဖြစ်စေတဲ့ ဖြစ်ရပ်ပါ။ ဒီနေ့ရက်တွေ အဆုံးသတ်ခဲ့ပါပြီ။ နောက်ဆုံး ၁၆ သင်းကနေပြီး နောက်ထပ် သုံးပွဲကစားဖို့ အခွင့်အရေး ရှိနေပါတယ် ” လို့ ပြောပါတယ်။

မန်စီးတီးအသင်းဟာ အိမ်ကွင်းပွဲဖြစ်ပေမဲ့ ပရိသတ်မပါဝင်ဘဲ ကစားခဲ့ရပေမဲ့ အကောင်းဆုံးစုစုစည်းစည်း ကစားသွားနိုင်ခဲ့လို့ ၂-၁ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့တဲ့ စတားလင်း က ၎င်းအတွက် ပြိုင်ပွဲအရပ်ရပ် သွင်းဂိုး ၁၀၀ ပြည့်ဂိုး ဖြစ်ခဲ့ပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက “ ရီးရဲလ်မက်ဒရစ်ကို အနိုင်ကစားနိုင်ခဲ့တာက မယုံကြည်နိုင်စရာ ဖြစ်စေပါ တယ်။ ဒါပေမဲ့ ပထမအဆင့်မှာ ကွျန်တော်တို့ ယုံကြည်ချက်ရှိနေဖို့ အရေးကြီးတယ်။ ချန်ပီယံလိဂ်မှာ အနိုင်ရဖို့ ဆိုတာ ဘာစီလိုနာ ဒါမှမဟုတ် ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် အီတလီကလပ်တစ်သင်းသင်း သူတို့တွေနဲ့ ကစားသွားကြရမှာပါ။ ကွျန်တော်တို့တွေရဲ့ အနိုင်ရလဒ်ဟာ ကစားသမားတွေတစ်ခုထဲအတွက်မဟုတ်ပါဘူး။ အသင်းမှာ ရှိနေသူတွေ အားလုံးအတွက်၊ အသင်းရဲ့ အလုပ်သမားတွေအတွက်၊ အသင်းရဲ့ ပရိသတ်တွေအတွက် ပါပဲ ” လို့ ပြောပါတယ်။

Zawgyi

မန္စီးတီးက ရီးရဲလ္မက္ဒရစ္ကို အနိုင္ရခဲ့ေပမဲ့ ခ်န္ပီယံလိဂ္ဖလားအတြက္ ေရပန္းစားေနတဲ့ အသင္းတစ္သင္းမဟုတ္ေၾကာင္း ဂြါဒီယိုလာ ေျပာၾကား

မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲမွာ ၂-၁ နဲ႔ အနိုင္ရခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္း ရလဒ္ ၄-၂ နဲ႔ ကြာတားဖိုင္နယ္ကို ေရာက္ရွိခဲ့ပါတယ္။ ကြာတားဖိုင္နယ္မွာ လိုင္ယြန္အသင္းနဲ႔ ေတြ႕ဆုံမွာ ျဖစ္ၿပီး ၎တို႔အသင္းဟာ ခ်န္ပီယံလိဂ္ဖလား ရရွိဖို႔ ေရပန္းစားေနတဲ့ အသင္းတစ္သင္း မဟုတ္ေၾကာင္း ဂြါဒီယိုလာက ေျပာၾကားလိုက္ပါတယ္။
မန္စီးတီးအသင္းဟာ ေနာက္တစ္ပတ္ စေနေန႔မွာ လိုင္ယြန္အသင္းနဲ႔ ေပၚတူဂီနိုင္ငံ၊ လစၥဘြန္းမွာ သြားေရာက္ကစားရမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္က ခ်န္ပီယံလိဂ္မွာ မန္စီးတီးက လိုင္ယြန္အသင္းနဲ႔ ေတြ႕ဆုံခဲ့ၿပီး ရႈံးခဲ့ပါတယ္။
ဂြါဒီယိုလာက “ ဒီေနရာကို ေရာက္လာတဲ့ အသင္းတိုင္းက ဖလားရဖို႔ အခြင့္အေရးရွိတယ္ဆိုၿပီး မင္းတို႔ ေတြ ေျပာၾကပါလိမ့္မယ္။ ဘာေၾကာင့္ ကြ်န္ေတာ္တို႔အသင္းတစ္သင္းထဲကပဲ ခ်န္ပီယံလိဂ္မွာ အျခားအသင္းေတြ ထက္ပိုေကာင္းရမွာလဲ။ တစ္ရာသီထဲနဲ႔ ဘာေၾကာင့္ ဒီလိုျဖစ္တာလဲဆိုတာကို ကြ်န္ေတာ္မျမင္နိုင္ဘူး။ ရီးရဲလ္မက္ဒရစ္လို အရည္အခ်င္းရွိတဲ့ အသင္းေပါင္းမ်ားစြာကို အနိုင္ကစားသြားနိုင္မွ ခ်န္ပီယံလိဂ္မွာ ဖလားရမွာပါ။ ျီးခဲ့တဲ့ ႏွစ္က ကြ်န္ေတာ္တို႔ လိုင္ယြန္အသင္းနဲ႔ ကစားခဲ့တယ္ တစ္ပြဲရႈံးတစ္ပြဲသေရ ျဖစ္ခဲ့တယ္။ ကြ်န္ေတာ္တို႔ ၿပီးခဲ့တဲ့ ႏွစ္က သူတို႔ကို မကစားနိုင္ခဲ့ဘူးဆိုတာ အမွန္တကယ္ပါပဲ။ ဒါက ကြ်န္ေတာ္တို႔အတြက္ မယုံၾကည္နိုင္ေလာက္စရာျဖစ္ေစတဲ့ ျဖစ္ရပ္ပါ။ ဒီေန႔ရက္ေတြ အဆုံးသတ္ခဲ့ပါၿပီ။ ေနာက္ဆုံး ၁၆ သင္းကေနၿပီး ေနာက္ထပ္ သုံးပြဲကစားဖို႔ အခြင့္အေရး ရွိေနပါတယ္ ” လို႔ ေျပာပါတယ္။
မန္စီးတီးအသင္းဟာ အိမ္ကြင္းပြဲျဖစ္ေပမဲ့ ပရိသတ္မပါဝင္ဘဲ ကစားခဲ့ရေပမဲ့ အေကာင္းဆုံးစုစုစည္းစည္း ကစားသြားနိုင္ခဲ့လို႔ ၂-၁ နဲ႔ အနိုင္ရခဲ့တာ ျဖစ္ပါတယ္။ မန္စီးတီးအသင္းအတြက္ အဖြင့္ဂိုးသြင္းယူခဲ့တဲ့ စတားလင္း က ၎အတြက္ ၿပိဳင္ပြဲအရပ္ရပ္ သြင္းဂိုး ၁၀၀ ျပည့္ဂိုး ျဖစ္ခဲ့ပါတယ္။
ဆက္လက္ၿပီး ဂြါဒီယိုလာက “ ရီးရဲလ္မက္ဒရစ္ကို အနိုင္ကစားနိုင္ခဲ့တာက မယုံၾကည္နိုင္စရာ ျဖစ္ေစပါ တယ္။ ဒါေပမဲ့ ပထမအဆင့္မွာ ကြ်န္ေတာ္တို႔ ယုံၾကည္ခ်က္ရွိေနဖို႔ အေရးႀကီးတယ္။ ခ်န္ပီယံလိဂ္မွာ အနိုင္ရဖို႔ ဆိုတာ ဘာစီလိုနာ ဒါမွမဟုတ္ ဘိုင္ယန္ျမဴးနစ္ ဒါမွမဟုတ္ အီတလီကလပ္တစ္သင္းသင္း သူတို႔ေတြနဲ႔ ကစားသြားၾကရမွာပါ။ ကြ်န္ေတာ္တို႔ေတြရဲ့ အနိုင္ရလဒ္ဟာ ကစားသမားေတြတစ္ခုထဲအတြက္မဟုတ္ပါဘူး။ အသင္းမွာ ရွိေနသူေတြ အားလုံးအတြက္၊ အသင္းရဲ့ အလုပ္သမားေတြအတြက္၊ အသင္းရဲ့ ပရိသတ္ေတြအတြက္ ပါပဲ ” လို႔ ေျပာပါတယ္။