ယူရိုပါလိဂ်မှာ အကြီးမားဆုံးအရာ ရယူလိုတယ်လို့ ဂျင်မီနက်ဇ် ပြောကြား

0
334

 

ဝုဗ်အသင်းဟာ အိုလံပီယာကော့အသင်းကို ၀-၁ နဲ့အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဝုဗ်အသင်းအတွက် ယခုလို ယူရိုပါလိဂ်ကွာတားအဆင့်ကို ၄၈ နှစ်ကြာမှ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဝုဗ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဂျင်မီနက်ဇ်က ယူရိုပါလိဂ်မှာ အကြီးမားဆုံး အောင်မြင်မှုကို ရယူလိုတယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။ ဝုဗ်အသင်းအနေနဲ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ဆီဗီလာအသင်းနဲ့ ကွာတားဖိုင်နယ်ကို ဂျာမနီနိုင်ငံမှာ ကစားသွားဖို့ ရှိနေပါတယ်။

ဂျင်မီနက်ဇ်က “ ကွျန်တော်တို့တွေရဲ့ လက်ရှိခြေစွမ်းအတိုင်း ဆက်လက်ထိန်းသွားလိုပါတယ်။ ကွျန်တော် တို့ဘာတွေ လုပ်နိုင်တယ်ဆိုတာ သိကြပါတယ်။ ဒါက ဟိုးရှေ့ကာလများစွာကတည်းက တည်ဆောက်ခဲ့ကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကနေပြီး စတင်ခဲ့ကြတာ အခုဆိုရင် ဂျာမနီကို ရောက်ရှိပါပြီ။ ဒါက ကြီးမားတဲ့ အရာဖြစ်တယ် ” လို့ ပြောပါတယ်။

အသင်းမန်နေဂျာ ဆန်းတို့စ်က “ နောက်ဆုံး ရှစ်သင်းအဆင့်ကို ရောက်ရှိခဲ့ခြင်းက စိတ်လှုပ်ရှားစရာ ဖြစ်စေပါတယ်။ ဘောလုံးကွျန်တော်တို့ကို ကောင်းတဲ့အရာတွေကို ပေးခဲ့သလို ဆိုးတဲ့အရာတွေလည်း ပေးခဲ့ပါ တယ်။ ဒါပေမဲ့ ပြီးပြည့်စုံစေတဲ့အရာက ပျော်ရွှင်ခြင်း ဖြစ်သလို အသင်းရဲ့ ကစားသမားတွေကလည်း ပျော်ရွင်စွာ ကစားရတာကို နှစ်သက်ကြပါတယ် ” လို့ ပြောပါတယ်။

Zawgyi

ယူရိုပါလိဂ္မွာ အႀကီးမားဆုံးအရာ ရယူလိုတယ္လို႔ ဂ်င္မီနက္ဇ္ ေျပာၾကား

ဝုဗ္အသင္းဟာ အိုလံပီယာေကာ့အသင္းကို ၀-၁ နဲ႔အနိုင္ရခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ၂-၁ နဲ႔ ယူရိုပါလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္နိုင္ခဲ့ပါတယ္။ ဝုဗ္အသင္းအတြက္ ယခုလို ယူရိုပါလိဂ္ကြာတားအဆင့္ကို ၄၈ ႏွစ္ၾကာမွ ပထမဆုံးအႀကိမ္ တက္ေရာက္နိုင္ခဲ့ျခင္း ျဖစ္ပါတယ္။ ဝုဗ္အသင္းမွာ ေျခစြမ္းျပေနတဲ့ ဂ်င္မီနက္ဇ္က ယူရိုပါလိဂ္မွာ အႀကီးမားဆုံး ေအာင္ျမင္မႈကို ရယူလိုတယ္ဆိုၿပီး ေျပာၾကားလိုက္ပါတယ္။ ဝုဗ္အသင္းအေနနဲ႔ ဩဂုတ္လ ၁၁ ရက္ေန႔မွာ ဆီဗီလာအသင္းနဲ႔ ကြာတားဖိုင္နယ္ကို ဂ်ာမနီနိုင္ငံမွာ ကစားသြားဖို႔ ရွိေနပါတယ္။
ဂ်င္မီနက္ဇ္က “ ကြ်န္ေတာ္တို႔ေတြရဲ့ လက္ရွိေျခစြမ္းအတိုင္း ဆက္လက္ထိန္းသြားလိုပါတယ္။ ကြ်န္ေတာ္ တို႔ဘာေတြ လုပ္နိုင္တယ္ဆိုတာ သိၾကပါတယ္။ ဒါက ဟိုးေရွ႕ကာလမ်ားစြာကတည္းက တည္ေဆာက္ခဲ့ၾကတာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ ႏွစ္ကေနၿပီး စတင္ခဲ့ၾကတာ အခုဆိုရင္ ဂ်ာမနီကို ေရာက္ရွိပါၿပီ။ ဒါက ႀကီးမားတဲ့ အရာျဖစ္တယ္ ” လို႔ ေျပာပါတယ္။
အသင္းမန္ေနဂ်ာ ဆန္းတို႔စ္က “ ေနာက္ဆုံး ရွစ္သင္းအဆင့္ကို ေရာက္ရွိခဲ့ျခင္းက စိတ္လႈပ္ရွားစရာ ျဖစ္ေစပါတယ္။ ေဘာလုံးကြ်န္ေတာ္တို႔ကို ေကာင္းတဲ့အရာေတြကို ေပးခဲ့သလို ဆိုးတဲ့အရာေတြလည္း ေပးခဲ့ပါ တယ္။ ဒါေပမဲ့ ၿပီးျပည့္စုံေစတဲ့အရာက ေပ်ာ္ရႊင္ျခင္း ျဖစ္သလို အသင္းရဲ့ ကစားသမားေတြကလည္း ေပ်ာ္ရြင္စြာ ကစားရတာကို ႏွစ္သက္ၾကပါတယ္ ” လို႔ ေျပာပါတယ္။