ရော်နယ်ကိုးမန်းရဲ့အရည်အသွေးအပေါ် အထင်မကြီးဖြစ်နေတဲ့ ဒယ်လိုဖူ

0
585

နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ဂျာရတ်ဒယ်လိုဖူဟာ ဘာစီလိုနာအသင်းနည်းပြသစ်ဖြစ်လာတဲ့ ရော်နယ်ကိုးမန်းရဲ့ အရည်အသွေးအပေါ် သံသယဝင်နေပြီး အဲဗာတန်မှာ အတူလက်တွဲခဲ့စဉ်က သူ့ကို ဘာမှဖြစ်ထွန်းအောင် လုပ်မပေးနိုင်ခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကိုးမန်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့ မှာ ဘာစီလိုနာနည်းပြဟောင်း ဆက်တီယန်နေရာ အစားဝင်သူအဖြစ် ထုတ်ပြန်ကြေညာခံခဲ့ရသူဖြစ်ပြီး ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်ကိုးမန်းဟာ ဂန္ထဝင်နည်းပြဟောင်း ဂျိုဟန်ခရိုက်ဖ်လက်ထက်တုန်းကလည်း ဘာစီလိုနာအသင်းမှာ ကစားသမားအဖြစ် ၆ နှစ်ကြာ ကစားပေးခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်နည်းပြဘဝအဖြစ်နဲ့လည်း ဘာစီလိုနာ အသင်းမှာ အောမြင်နိုင်တယ်လို့ ယူဆသူတွေ ရှိကြပေမဲ့ ဒယ်လိုဖူကတော့ ကိုးမန်းအနေနဲ့ သိပ်အများကြီး လုပ်ဆောင်ပေးနိုင်စွမ်းရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အဲဗာတန်မှာ ကိုးမန်းနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ ဒယ်လိုဖူက “ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအတွေ့အကြုံအရ ကိုးမန်း အကြောင်း ခင်ဗျားကို ပြောပြနိုင်ပါတယ်။ ကိုးမန်းအကြောင်းနည်းနည်း ခင်ဗျားကို ကျွန်တော် ပြောဖို့ရှိပါတယ်။ သူ ကျွန်တော့်ကို ဘာမှ လုပ်ဆောင်မပေးနိုင်ခဲ့ပါဘူး။ သူနဲ့ပတ်သက်ပြီး ကျွန်တော် မပျော်ခဲ့ရဘူး။ အဲဒီနောက် ကျွန်တော်ထွက်ခွာဖို့ တောင်းဆိုခဲ့ပြီး မီလန်ကို ရောက်သွားခဲ့တယ်။ နူးကမ့်မှာ သူ ဘယ်လိုလုပ်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့” လို့ ပြောသွားခဲ့ပါတယ်။

(zawgyi)

ေရာ္နယ္ကိုးမန္းရဲ႕အရည္အေသြးအေပၚ အထင္မႀကီးျဖစ္ေနတဲ့ ဒယ္လိုဖူ

ေနာက္ခံကစားသမားတစ္ဦးျဖစ္တဲ့ ဂ်ာရတ္ဒယ္လိုဖူဟာ ဘာစီလိုနာအသင္းနည္းျပသစ္ျဖစ္လာတဲ့ ေရာ္နယ္ကိုးမန္းရဲ႕ အရည္အေသြးအေပၚ သံသယ၀င္ေနၿပီး အဲဗာတန္မွာ အတူလက္တြဲခဲ့စဥ္က သူ႕ကို ဘာမွျဖစ္ထြန္းေအာင္ လုပ္မေပးႏုိင္ခဲ့ဘူးလို႔ ထုတ္္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ကိုးမန္းဟာ ၿပီးခဲ့တဲ့ ဗုဒၵဟူးေန႔ မွာ ဘာစီလိုနာနည္းျပေဟာင္း ဆက္တီယန္ေနရာ အစား၀င္သူအျဖစ္ ထုတ္ျပန္ေၾကညာခံခဲ့ရသူျဖစ္ၿပီး ၂ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တယ္လုိ႔ သိရပါတယ္။

ေရာ္နယ္ကိုးမန္းဟာ ဂႏၳ၀င္နည္းျပေဟာင္း ဂ်ဳိဟန္ခရိုက္ဖ္လက္ထက္တုန္းကလည္း ဘာစီလိုနာအသင္းမွာ ကစားသမားအျဖစ္ ၆ ႏွစ္ၾကာ ကစားေပးခဲ့သူျဖစ္ပါတယ္။ ဒါေၾကာင့္နည္းျပဘ၀အျဖစ္နဲ႔လည္း ဘာစီလိုနာ အသင္းမွာ ေအာျမင္ႏုိင္တယ္လို႔ ယူဆသူေတြ ရွိၾကေပမဲ့ ဒယ္လိုဖူကေတာ့ ကိုးမန္းအေနနဲ႔ သိပ္အမ်ားႀကီး လုပ္ေဆာင္ေပးႏုိင္စြမ္းရွိမွာမဟုတ္ဘူးလို႔ ဆိုပါတယ္။

အဲဗာတန္မွာ ကိုးမန္းနဲ႔အတူ လက္တြဲခဲ့ဖူးတဲ့ ဒယ္လိုဖူက “ ကၽြန္ေတာ့္ရဲ႕ ပုဂၢိဳလ္ေရးအေတြ႕အႀကဳံအရ ကိုးမန္း အေၾကာင္း ခင္ဗ်ားကို ေျပာျပႏုိင္ပါတယ္။ ကိုးမန္းအေၾကာင္းနည္းနည္း ခင္ဗ်ားကို ကၽြန္ေတာ္ ေျပာဖို႔ရွိပါတယ္။ သူ ကၽြန္ေတာ့္ကို ဘာမွ လုပ္ေဆာင္မေပးႏုိင္ခဲ့ပါဘူး။ သူနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ မေပ်ာ္ခဲ့ရဘူး။ အဲဒီေနာက္ ကၽြန္ေတာ္ထြက္ခြာဖို႔ ေတာင္းဆုိခဲ့ၿပီး မီလန္ကို ေရာက္သြားခဲ့တယ္။ ႏူးကမ့္မွာ သူ ဘယ္လိုလုပ္မလဲဆိုတာ ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္ၾကတာေပါ့” လို႔ ေျပာသြားခဲ့ပါတယ္။