လာလီဂါပြန်ရောက်သွားတဲ့ ဒေးဗစ်ဆေးလ်ဗား

0
920

စပိန်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးအသင်းကနေ ထွက်ခွာပြီးနောက် လာလီဂါကလပ် ဆိုစီဒက် အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့သွားတယ်လို့ သိရပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးအသင်းမှာ ၁၀ နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် လိုင်ယွန်ကိုရှုံးတဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ မန်ချက်စတာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာပါ။

ဆေးလ်ဗားဟာ စီးရီးအေကလပ် လာဇီယိုအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဆိုစီဒက်အသင်းက ရုတ်တရက် ခေါ်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဆေးလ်ဗားဟာ ၂၀၁၀ ခုနှစ်မှာ ဗလင်စီယာ အသင်းကနေ ထွက်ခွာလာခဲ့သူဖြစ်ပြီး အခု လာလီဂါမြေကို ပြန်လည်ခြေချဖို့ ရွေးချယ်သွားခဲ့တာပါ။

အသက် ၃၄ နှစ်အရွယ် ဒီကစားသမားဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်နဲ့ အက်ဖ်အေဖလား ၂ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဆိုစီဒက်အသင်းနဲ့ ၂ နှစ်စာ ချုပ်ချုပ်ဖို့ သဘောတူညီထားခဲ့တယ်လို့ သိရပါတယ်။ ဆိုစီဒက်အသင်းဟာ ၂၀၁၉-၂၀ ရာသီအပြီးမှာ အမှတ် ပေးဇယားအဆင့် ၆ နေရာနဲ့ အဆုံးသတ်နိုင်ခဲ့သလို လာမယ့်ရာသီမှာ ဆေးလ်ဗားကို ကျောနံပါတ် ၂၁ ဝတ်ဆင် ကစားစေမယ်လို့ သိရပါတယ်။

(zawgyi)

လာလီဂါျပန္ေရာက္သြားတဲ့ ေဒးဗစ္ေဆးလ္ဗား

စပိန္ကြင္းလယ္လူ ေဒးဗစ္ေဆးလ္ဗားဟာ မန္စီးတီးအသင္းကေန ထြက္ခြာၿပီးေနာက္ လာလီဂါကလပ္ ဆိုစီဒက္ အသင္းဆီကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ျပန္လည္ေျပာင္းေရႊ႕သြားတယ္လို႔ သိရပါတယ္။ ေဆးလ္ဗားဟာ မန္စီးတီးအသင္းမွာ ၁၀ ႏွစ္ၾကာ က်င္လည္ခဲ့ၿပီးေနာက္ လိုင္ယြန္ကိုရႈံးတဲ့ ခ်န္ပီယံလိဂ္ပြဲအၿပီးမွာ မန္ခ်က္စတာ ကစားသမားဘ၀ကို အဆုံးသတ္ခဲ့တာပါ။

ေဆးလ္ဗားဟာ စီးရီးေအကလပ္ လာဇီယိုအသင္းကို ေျပာင္းေရႊ႕ေတာ့မယ္လို႔ သတင္းေတြထြက္ေပၚခဲ့ေပမဲ့ ဆိုစီဒက္အသင္းက ရုတ္တရက္ ေခၚယူသြားႏုိင္ခဲ့တာျဖစ္ပါတယ္။ ေဆးလ္ဗားဟာ ၂၀၁၀ ခုႏွစ္မွာ ဗလင္စီယာ အသင္းကေန ထြက္ခြာလာခဲ့သူျဖစ္ၿပီး အခု လာလီဂါေျမကို ျပန္လည္ေျခခ်ဖို႔ ေရြးခ်ယ္သြားခဲ့တာပါ။

အသက္ ၃၄ ႏွစ္အရြယ္ ဒီကစားသမားဟာ မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္၊ လိဂ္ဖလား ၅ ႀကိမ္နဲ႔ အက္ဖ္ေအဖလား ၂ ႀကိမ္ ဆြတ္ခူးထားႏုိင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဆိုစီဒက္အသင္းနဲ႔ ၂ ႏွစ္စာ ခ်ဳပ္ခ်ဳပ္ဖို႔ သေဘာတူညီထားခဲ့တယ္လုိ႔ သိရပါတယ္။ ဆိုစီဒက္အသင္းဟာ ၂၀၁၉-၂၀ ရာသီအၿပီးမွာ အမွတ္ ေပးဇယားအဆင့္ ၆ ေနရာနဲ႔ အဆုံးသတ္ႏုိင္ခဲ့သလို လာမယ့္ရာသီမွာ ေဆးလ္ဗားကို ေက်ာနံပါတ္ ၂၁ ၀တ္ဆင္ ကစားေစမယ္လို႔ သိရပါတယ္။