လိုင်ယွန်နဲ့ ကစားရမဲ့ ချန်ပီယံလိဂ်ပွဲဟာ ၎င်းအတွက် နောက်ဆုံးပွဲမဟုတ်ကြောင်း ဂျူဗင်တပ်စ်မန်နေဂျာ ဆာရီ ယုံကြည်မှုအပြည့်ရှိနေ

0
281

 

ဂျူဗင်တပ်စ်အသင်းမန်နေဂျာ ဆာရီက လိုင်ယွန်အသင်းနဲ့ ကစားရမဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲဟာ ၎င်းအတွက် နောက်ဆုံးမဟုတ်သလို ၎င်းရဲ့ အနာဂတ်ဟာ အသင်းမှာ ဆက်လက်ရှိနေမယ် ဆိုတာ ယုံကြည်မှုအပြည့်ရှိနေကြောင်း ပြောကြားလိုက်ပါတယ်။

ဆာရီဟာ ဂျူဗင်တပ်စ်အသင်းအတွက် ကိုးနှစ်ဆက် စီးရီးအေဖလားကို အသင်းကို ရောက်ရှိခဲ့ပြီးနောက် ရယူပေးနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ပြည်တွင်းဖလားတွေကို နှစ်စဉ်ရယူနိုင်ခဲ့ပေမဲ့ ၁၉၉၆ ခုနှစ် နောက်ပိုင်းမှာ ချန်ပီယံဖလား ရယူနိုင်ခဲ့ခြင်း မရှိခဲ့လို့ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဖလား ရရှိရေးဟာ ဆာရီ အတွက် ဖိအားတစ်ခု ဖြစ်စေခဲ့ပါတယ်။

ဆာရီက “ ဒီပွဲဟာ နောက်ဆုံးပွဲဖြစ်လာလိမ့်မယ်လို့ ကွျန်တော်မတွေးထားပါဘူး။ ကွျန်တော်တွေးနေ တာက ထိပ်တန်းအဆင့် မန်နေဂျာသေချာပေါက်ဖြစ်နေစေဖို့ပါပဲ။ သူတို့တွေက အပျော်တမ်းလုပ်နေကြတာ မဟုတ်ပါဘူး။ သူတို့တွေမှာ တန်ဖိုးဖြတ်ဖို့ အသင့်ရှိနေကြသူတွေ ဖြစ်ပေမဲ့ ပြိုင်ပွဲရလဒ်နဲ့ သီးခြားပါပဲ။ တချို့သော မေးခွန်းတွေ စောင်းပါးရိပ်ခြေမေးတာတွေ ရှိပါတယ်။ ဒီအရာတွေက မန်နေဂျာနဲ့ ပရိသတ်တွေကို စိတ်ခံစားမှုတွေ များလာဖို့ ဖြစ်စေတယ် ” လို့ ဆိုပါတယ်။ ဆာရီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ နှစ်နှစ်ကျော် စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမဲ့ အသင်းကနေ ထွက်ခွာဖို့ ရှိတယ်ဆိုပြီး သတင်းထွက်နေပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ မတ်လ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲပျက်သွားပြီးနောက် ပြန်လည်စတင်တာ ဖြစ်ပြီး ပရိသတ်မပါဝင်ဘဲ ကစားသွားရမှာ ဖြစ်ပါတယ်။ အနိုင်ရရှိတဲ့အသင်းက ကွာတားဖိုင်နယ်ပွဲကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ လိုင်ယွန်ပွဲမှာ ဂျူဗင်တပ်စ်ရဲ့ အဓိကတိုက်စစ်ကစားသမား ဖြစ်တဲ့ ဒိုင်ဘာလာက တင်ပါးဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။

Zawgyi

လိုင္ယြန္နဲ႔ ကစားရမဲ့ ခ်န္ပီယံလိဂ္ပြဲဟာ ၎အတြက္ ေနာက္ဆုံးပြဲမဟုတ္ေၾကာင္း ဂ်ဴဗင္တပ္စ္မန္ေနဂ်ာ ဆာရီ ယုံၾကည္မႈအျပည့္ရွိေန

ဂ်ဴဗင္တပ္စ္အသင္းမန္ေနဂ်ာ ဆာရီက လိုင္ယြန္အသင္းနဲ႔ ကစားရမဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲဟာ ၎အတြက္ ေနာက္ဆုံးမဟုတ္သလို ၎ရဲ့ အနာဂတ္ဟာ အသင္းမွာ ဆက္လက္ရွိေနမယ္ ဆိုတာ ယုံၾကည္မႈအျပည့္ရွိေနေၾကာင္း ေျပာၾကားလိုက္ပါတယ္။
ဆာရီဟာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ကိုးႏွစ္ဆက္ စီးရီးေအဖလားကို အသင္းကို ေရာက္ရွိခဲ့ၿပီးေနာက္ ရယူေပးနိုင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ျပည္တြင္းဖလားေတြကို ႏွစ္စဥ္ရယူနိုင္ခဲ့ေပမဲ့ ၁၉၉၆ ခုႏွစ္ ေနာက္ပိုင္းမွာ ခ်န္ပီယံဖလား ရယူနိုင္ခဲ့ျခင္း မရွိခဲ့လို႔ လက္ရွိအခ်ိန္မွာ ခ်န္ပီယံလိဂ္ဖလား ရရွိေရးဟာ ဆာရီ အတြက္ ဖိအားတစ္ခု ျဖစ္ေစခဲ့ပါတယ္။
ဆာရီက “ ဒီပြဲဟာ ေနာက္ဆုံးပြဲျဖစ္လာလိမ့္မယ္လို႔ ကြ်န္ေတာ္မေတြးထားပါဘူး။ ကြ်န္ေတာ္ေတြးေန တာက ထိပ္တန္းအဆင့္ မန္ေနဂ်ာေသခ်ာေပါက္ျဖစ္ေနေစဖို႔ပါပဲ။ သူတို႔ေတြက အေပ်ာ္တမ္းလုပ္ေနၾကတာ မဟုတ္ပါဘူး။ သူတို႔ေတြမွာ တန္ဖိုးျဖတ္ဖို႔ အသင့္ရွိေနၾကသူေတြ ျဖစ္ေပမဲ့ ၿပိဳင္ပြဲရလဒ္နဲ႔ သီးျခားပါပဲ။ တခ်ိဳ႕ေသာ ေမးခြန္းေတြ ေစာင္းပါးရိပ္ေျခေမးတာေတြ ရွိပါတယ္။ ဒီအရာေတြက မန္ေနဂ်ာနဲ႔ ပရိသတ္ေတြကို စိတ္ခံစားမႈေတြ မ်ားလာဖို႔ ျဖစ္ေစတယ္ ” လို႔ ဆိုပါတယ္။ ဆာရီဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ႏွစ္ႏွစ္ေက်ာ္ စာခ်ဳပ္သက္တမ္း က်န္ရွိေနသူ ျဖစ္ေပမဲ့ အသင္းကေန ထြက္ခြာဖို႔ ရွိတယ္ဆိုၿပီး သတင္းထြက္ေနပါတယ္။
ဂ်ဴဗင္တပ္စ္အသင္းဟာ မတ္လ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ပြဲပ်က္သြားၿပီးေနာက္ ျပန္လည္စတင္တာ ျဖစ္ၿပီး ပရိသတ္မပါဝင္ဘဲ ကစားသြားရမွာ ျဖစ္ပါတယ္။ အနိုင္ရရွိတဲ့အသင္းက ကြာတားဖိုင္နယ္ပြဲကို ေပၚတူဂီနိုင္ငံ လစၥဘြန္းၿမိဳ႕မွာ သြားေရာက္ကစားရမွာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္နဲ႔ လိုင္ယြန္ပြဲမွာ ဂ်ဴဗင္တပ္စ္ရဲ့ အဓိကတိုက္စစ္ကစားသမား ျဖစ္တဲ့ ဒိုင္ဘာလာက တင္ပါးဒဏ္ရာေၾကာင့္ ပါဝင္နိုင္ဖို႔ မေသခ်ာဘူးလို႔ သိရပါ တယ္။