လီဝမ်ဒေါ့စကီးဟာ မက်ဆီထက် ပိုမိုကောင်းမွန်ကြောင်း သောမက်စ် မူလာပြော

0
306

 

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်မှာ ချဲလ်ဆီး အသင်းကို ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲမှာ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက ပင်နယ်တီသွင်းဂိုးအပါအဝင် နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းက နှစ်ကျော့ပေါင်းရလဒ် ၇-၁ နဲ့ ချဲလ်ဆီးကို အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲအပြီး ဘိုင်ယန်မြူးနစ် ကစားသမား သောမက်စ် မူလာက အသင်းရဲ့ တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ မက်ဆီထက် ပိုမိုကောင်းမွန်ကြောင်းကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားလိုက်ပါတယ်။

ပွဲအပြီးမှာ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်းက တိုက်စစ်မှူးတွေထဲမှာ လီဝမ်ဒေါ့စကီးက အကောင်းဆုံး ဖြစ်နေလားဆိုပြီး မေးမြန်းချိန်မှာ မူလာက “ သောကြာနေ့ညမှာ မြင်ခဲ့ရတာက လီဝမ်ဒေါ့စကီးအတွက် မေးခွန်းရဲ့ အဖြေပါပဲ။ မက်ဆီကလည်း အဲဒီနေ့မှာ အကောင်းဆုံးကစားခဲ့တယ်။ ဒါပေမဲ့ အဲဒီနေ့မှာ သူက အပေါ်ဆုံးမှာ ရှိနေသလို သူ့ရဲ့ ကျော်ကြားတဲ့ သောကြာနေ့လည်း ဖြစ်ခဲ့တယ် ” လို့ ဆိုပါတယ်။

အသင်းမန်နေဂျာ ဟမ်စီ ဖလစ်ကလည်း ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ လီဝမ်ဒေါ့စကီးရဲ့ အနိုင်ဂိုးတွေအတွက် ဝမ်းသာအားရစရာ ဖြစ်ခဲ့ကြောင်း ဆိုပါတယ်။

ဖလစ်က “ သူဒီလိုမျိုး အကောင်းဆုံးသွားမယ်ဆိုတာကို ကွျန်တော်တို့ စိတ်ထဲမှာ မရှိခဲ့ဘူး။ အသင်းမှာ သူက ဘယ်လိုမျိုး အရေးပါတယ်ဆိုတာကို ဒီနေ့မှာ နောက်တစ်ကြိမ်ပြသခဲ့တယ်။ သူက နှစ်ဂိုးသွင်းယူခဲ့ရုံတင် မဟုတ်ဘဲ နှစ်ကြိမ်ဖန်တီးမှုလည်း ပြုလုပ်ခဲ့တယ်။ သူအသင်းမှာ ရှိနေခြင်းက ကွျန်တော်တို့ကို ပျော်ရွှင်စရာ ဖြစ်စေခဲ့တယ် ” လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကွာတားဖိုင်နယ်ပွဲမှာ ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ယခုနှစ် ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါဖလားနဲ့ ဂျာမန်ဖလားတွေကို ရယူထားနိုင်ပေမဲ့ ဘာစီလိုနာအသင်းက လာလီဂါဖလားကို လက်လွှတ်ခဲ့ရပြီး ရီးရဲလ်မက်ဒရစ်အသင်းက ရယူခဲ့သလို ကိုပါဒယ်လ်ရေး ဖလားကို ဘီဘာအိုအသင်းက ရယူခဲ့ပါတယ်။

ဆက်လက်ပြီး မူလာက “ ဘာကာက ဒီနှစ်မှာ စပိန်မှာ ချန်ပီယံမဖြစ်ခဲ့ဘူး။ သေချာတာ သူတို့မှာ ပြဿနာတစ်စုံတစ်ခုတော့ ရှိနေမှာပါ။ ဒါပေမဲ့လည်း ရှုံးထွက်အဆင့်မှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ တကယ်လို့ မင်းက ပြဿနာနေ့ရက်နဲ့ တိုက်ဆိုင်ခဲ့ရင်တော့ မင်းရဲ့ ပြေးလမ်းက အဆုံးသတ်သွားမှာပါပဲ ” လို့ ပြောပါတယ်။

Zawgyi

လီဝမ္ေဒါ့စကီးဟာ မက္ဆီထက္ ပိုမိုေကာင္းမြန္ေၾကာင္း ေသာမက္စ္ မူလာေျပာ

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ၿပိဳင္ပြဲ ဒုတိယအေက်ာ့ပြဲစဥ္မွာ ခ်ဲလ္ဆီး အသင္းကို ၄-၁ နဲ႔ အနိုင္ရခဲ့ပါတယ္။ အဆိုပါပြဲမွာ တိုက္စစ္မႉး လီဝမ္းေဒါ့စကီးက ပင္နယ္တီသြင္းဂိုးအပါအဝင္ ႏွစ္ဂိုး သြင္းယူေပးနိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဘိုင္ယန္ျမဴးနစ္အသင္းက ႏွစ္ေက်ာ့ေပါင္းရလဒ္ ၇-၁ နဲ႔ ခ်ဲလ္ဆီးကို အနိုင္ရခဲ့ၿပီး ကြာတားဖိုင္နယ္ကို တက္ေရာက္နိုင္ခဲ့ပါတယ္။ အဆိုပါပြဲအၿပီး ဘိုင္ယန္ျမဴးနစ္ ကစားသမား ေသာမက္စ္ မူလာက အသင္းရဲ့ တိုက္စစ္မႉး လီဝမ္ေဒါ့စကီးဟာ မက္ဆီထက္ ပိုမိုေကာင္းမြန္ေၾကာင္းကို ျမင္ေတြ႕ခဲ့ရေၾကာင္း ေျပာၾကားလိုက္ပါတယ္။
ပြဲအၿပီးမွာ လက္ရွိအခ်ိန္မွာ ကမၻာတစ္ဝွမ္းက တိုက္စစ္မႉးေတြထဲမွာ လီဝမ္ေဒါ့စကီးက အေကာင္းဆုံး ျဖစ္ေနလားဆိုၿပီး ေမးျမန္းခ်ိန္မွာ မူလာက “ ေသာၾကာေန႔ညမွာ ျမင္ခဲ့ရတာက လီဝမ္ေဒါ့စကီးအတြက္ ေမးခြန္းရဲ့ အေျဖပါပဲ။ မက္ဆီကလည္း အဲဒီေန႔မွာ အေကာင္းဆုံးကစားခဲ့တယ္။ ဒါေပမဲ့ အဲဒီေန႔မွာ သူက အေပၚဆုံးမွာ ရွိေနသလို သူ႔ရဲ့ ေက်ာ္ၾကားတဲ့ ေသာၾကာေန႔လည္း ျဖစ္ခဲ့တယ္ ” လို႔ ဆိုပါတယ္။
အသင္းမန္ေနဂ်ာ ဟမ္စီ ဖလစ္ကလည္း ခ်ဲလ္ဆီးအသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ လီဝမ္ေဒါ့စကီးရဲ့ အနိုင္ဂိုးေတြအတြက္ ဝမ္းသာအားရစရာ ျဖစ္ခဲ့ေၾကာင္း ဆိုပါတယ္။
ဖလစ္က “ သူဒီလိုမ်ိဳး အေကာင္းဆုံးသြားမယ္ဆိုတာကို ကြ်န္ေတာ္တို႔ စိတ္ထဲမွာ မရွိခဲ့ဘူး။ အသင္းမွာ သူက ဘယ္လိုမ်ိဳး အေရးပါတယ္ဆိုတာကို ဒီေန႔မွာ ေနာက္တစ္ႀကိမ္ျပသခဲ့တယ္။ သူက ႏွစ္ဂိုးသြင္းယူခဲ့႐ုံတင္ မဟုတ္ဘဲ ႏွစ္ႀကိမ္ဖန္တီးမႈလည္း ျပဳလုပ္ခဲ့တယ္။ သူအသင္းမွာ ရွိေနျခင္းက ကြ်န္ေတာ္တို႔ကို ေပ်ာ္ရႊင္စရာ ျဖစ္ေစခဲ့တယ္ ” လို႔ ေျပာပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းဟာ ကြာတားဖိုင္နယ္ပြဲမွာ ဘာစီလိုနာအသင္းနဲ႔ ေတြ႕ဆုံရမွာ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္က ယခုႏွစ္ ေဘာလုံးရာသီမွာ ဘြန္ဒက္စ္လီဂါဖလားနဲ႔ ဂ်ာမန္ဖလားေတြကို ရယူထားနိုင္ေပမဲ့ ဘာစီလိုနာအသင္းက လာလီဂါဖလားကို လက္လႊတ္ခဲ့ရၿပီး ရီးရဲလ္မက္ဒရစ္အသင္းက ရယူခဲ့သလို ကိုပါဒယ္လ္ေရး ဖလားကို ဘီဘာအိုအသင္းက ရယူခဲ့ပါတယ္။
ဆက္လက္ၿပီး မူလာက “ ဘာကာက ဒီႏွစ္မွာ စပိန္မွာ ခ်န္ပီယံမျဖစ္ခဲ့ဘူး။ ေသခ်ာတာ သူတို႔မွာ ျပႆနာတစ္စုံတစ္ခုေတာ့ ရွိေနမွာပါ။ ဒါေပမဲ့လည္း ရႈံးထြက္အဆင့္မွာ ဘာမဆိုျဖစ္နိုင္ပါတယ္။ တကယ္လို႔ မင္းက ျပႆနာေန႔ရက္နဲ႔ တိုက္ဆိုင္ခဲ့ရင္ေတာ့ မင္းရဲ့ ေျပးလမ္းက အဆုံးသတ္သြားမွာပါပဲ ” လို႔ ေျပာပါတယ္။