ဝုဗ်အသင်းရဲ့ တောင်ပံခံစစ်ကစားသမား ဒိုဟာသီကို စပါးလ် ပေါင် ၁၅ သန်းနဲ့ ၂၀၂၄ ခုနှစ်အထိ ခေါ်ယူ

0
256

 

ဝုဗ်အသင်းရဲ့ အသက် ၂၈ နှစ်အရွယ် တောင်ပံခံစစ်ကစားသမား ဒိုဟာသီကို စပါးလ်အသင်းက ပြောင်းရွှေ့ကြေးပေါင် ၁၅ သန်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။ စပါးလ်အသင်း က ဒိုဟာသီကို ဝုဗ်အသင်းကနေ ခေါ်ယူဖို့ သောကြာနေ့က သဘောတူညီမှု ရရှိခဲ့ပြီးနောက် အပြီးသတ်ခေါ် ယူလိုက်တာ ဖြစ်ပါတယ်။ စပါးလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဒိုဟာသီဟာ ကျောနံပါတ် ၂ ဝတ်ဆင်ပြီး ကစားသွားမှာ ဖြစ်ပါတယ်။

စပါးလ်အသင်းကို ရောက်ရှိခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဒိုဟာသီက “ စပါးလ်လို အသင်းကြီးတစ်သင်းကို ရောက်ရှိလာခြင်းအတွက် ဂုဏ်ယူမိပါတယ်။ ဘာတွေ ကွျန်တော်မြင့်တွေ့ထားရလဲဆိုရင် သူတို့ဆီမှာ ကြီးမားတဲ့ ဘောလုံးကွင်းနဲ့ ကမ္ဘာ့အကောင်းဆုံး လေ့ကျင့်မှုကွင်းလည်း ရှိနေတယ်။ တချို့သောအရာတွေမှာ မင်းက အသစ်တွေနဲ့ စတင်မယ်ဆိုရင် မင်းကလည်း မဝင်ရောက်ခင်ကတည်းက ပထမဆုံးစတင်ချိန်မှာ အကောင်းဆုံး ရှိနေလို့ လိုပါတယ်။ စပါးလ်အသင်းနဲ့ ကစားဖို့ ကွျန်တော်မစောင့်နိုင်တော့ပါဘူး။ ဘရိုင်တန်အသင်းနဲ့ စတင်သွားမဲ့ပွဲအတွက် ကွျန်တော်သွားရောက်ကစားချင်နေပါပြီ။ ဒါက ဒီအသင်းကို ကွျန်တော်ရောက်ရှိချိန်မှာ ဘယ်လောက်အထိ စိတ်လှုပ်ရှားနေရလဲဆိုတာပေါ့လေ ” လို့ ပြောပါတယ်။

ဒိုဟာသီဟာ ယခုနှစ် ဘောလုံးရာသီအတွက် သုံးယောက်မြောက်ခေါ်ယူလိုက်တဲ့ ကစားသမားဖြစ်ပြီး စပါးလ်အသင်းက ဆောက်သမ်တန်အသင်းက ဟိုးဘက်ချ်ကို ခေါ်ယူထားသလို ဘန်လေအသင်းကနေ ပြောင်းရွှေ့ ကြေးအလွတ်နဲ့ ထွက်ခွာလာတဲ့ ဂိုးသမား ဂျိုဟက်ကိုလည်း ခေါ်ယူထားပါတယ်။

ဒိုဟာသီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဝုဗ်အသင်းနဲ့ ပွဲ ၅၀ ကစားထားပြီး ခုနစ်ဂိုးသွင်းယူထားနိုင်သလို ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပြီး ဝုဗ်အသင်းက ပရီးမီးယားလိဂ်ရဲ့ အဆင့်ခုနစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။

Zawgyi

ဝုဗ္အသင္းရဲ့ ေတာင္ပံခံစစ္ကစားသမား ဒိုဟာသီကို စပါးလ္ ေပါင္ ၁၅ သန္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ ေခၚယူ

ဝုဗ္အသင္းရဲ့ အသက္ ၂၈ ႏွစ္အရြယ္ ေတာင္ပံခံစစ္ကစားသမား ဒိုဟာသီကို စပါးလ္အသင္းက ေျပာင္းေရႊ႕ေၾကးေပါင္ ၁၅ သန္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ေခၚယူလိုက္တယ္လို႔ သိရပါတယ္။ စပါးလ္အသင္း က ဒိုဟာသီကို ဝုဗ္အသင္းကေန ေခၚယူဖို႔ ေသာၾကာေန႔က သေဘာတူညီမႈ ရရွိခဲ့ၿပီးေနာက္ အၿပီးသတ္ေခၚ ယူလိုက္တာ ျဖစ္ပါတယ္။ စပါးလ္အသင္းကို ေရာက္ရွိလာခဲ့တဲ့ ဒိုဟာသီဟာ ေက်ာနံပါတ္ ၂ ဝတ္ဆင္ၿပီး ကစားသြားမွာ ျဖစ္ပါတယ္။
စပါးလ္အသင္းကို ေရာက္ရွိခဲ့ျခင္းနဲ႔ ပတ္သက္ၿပီး ဒိုဟာသီက “ စပါးလ္လို အသင္းႀကီးတစ္သင္းကို ေရာက္ရွိလာျခင္းအတြက္ ဂုဏ္ယူမိပါတယ္။ ဘာေတြ ကြ်န္ေတာ္ျမင့္ေတြ႕ထားရလဲဆိုရင္ သူတို႔ဆီမွာ ႀကီးမားတဲ့ ေဘာလုံးကြင္းနဲ႔ ကမၻာ့အေကာင္းဆုံး ေလ့က်င့္မႈကြင္းလည္း ရွိေနတယ္။ တခ်ိဳ႕ေသာအရာေတြမွာ မင္းက အသစ္ေတြနဲ႔ စတင္မယ္ဆိုရင္ မင္းကလည္း မဝင္ေရာက္ခင္ကတည္းက ပထမဆုံးစတင္ခ်ိန္မွာ အေကာင္းဆုံး ရွိေနလို႔ လိုပါတယ္။ စပါးလ္အသင္းနဲ႔ ကစားဖို႔ ကြ်န္ေတာ္မေစာင့္နိုင္ေတာ့ပါဘူး။ ဘရိုင္တန္အသင္းနဲ႔ စတင္သြားမဲ့ပြဲအတြက္ ကြ်န္ေတာ္သြားေရာက္ကစားခ်င္ေနပါၿပီ။ ဒါက ဒီအသင္းကို ကြ်န္ေတာ္ေရာက္ရွိခ်ိန္မွာ ဘယ္ေလာက္အထိ စိတ္လႈပ္ရွားေနရလဲဆိုတာေပါ့ေလ ” လို႔ ေျပာပါတယ္။
ဒိုဟာသီဟာ ယခုႏွစ္ ေဘာလုံးရာသီအတြက္ သုံးေယာက္ေျမာက္ေခၚယူလိုက္တဲ့ ကစားသမားျဖစ္ၿပီး စပါးလ္အသင္းက ေဆာက္သမ္တန္အသင္းက ဟိုးဘက္ခ်္ကို ေခၚယူထားသလို ဘန္ေလအသင္းကေန ေျပာင္းေရႊ႕ ေၾကးအလြတ္နဲ႔ ထြက္ခြာလာတဲ့ ဂိုးသမား ဂ်ိဳဟက္ကိုလည္း ေခၚယူထားပါတယ္။
ဒိုဟာသီဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ဝုဗ္အသင္းနဲ႔ ပြဲ ၅၀ ကစားထားၿပီး ခုနစ္ဂိုးသြင္းယူထားနိုင္သလို ယူရိုပါလိဂ္ၿပိဳင္ပြဲ ကြာတားဖိုင္နယ္ကို ေရာက္ရွိခဲ့ၿပီး ဝုဗ္အသင္းက ပရီးမီးယားလိဂ္ရဲ့ အဆင့္ခုနစ္ေနရာမွာ ရပ္တည္ခဲ့ပါတယ္။