ဟာဗက်ဇ်ကို ပေါင်သန်း ၉၀ နဲ့ ခေါ်ယူဖို့ လီဗာကူဆင်အသင်းနဲ့ ချဲလ်ဆီးအသင်း သဘောတူညီမှု ရရှိ

0
274

 

လီဗာကူဆင်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဟာဗက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၉၀ နဲ့ ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုတစ်ပတ် အတွင်းမှာ အပြီးသတ်ရောက်ရှိလာဖို့ ရှိနေပါတယ်။

အသက် ၂၁ နှစ်အရွယ် ဟာဗက်ဇ်ကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ယခုနှစ် နွေရာသီမှာ နံပါတ်တစ် ပစ်မှတ် တစ်ခုဖြစ်ခဲ့ပြီး ပြောင်းရွှေ့ကြေးပေါင် ၇၂ သန်းနဲ့ အပိုဆုကြေးအပါအဝင် ပေါင်သန်း ၉၀ နဲ့ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ဟာဗက်ဇ်က လာမဲ့ ရက်ပိုင်းအတွင်းမှာ ဂျာမနီကနေ လန်ဒန်ကို လာရောက်မှာ ဖြစ်ပြီး ချဲလ်ဆီးနဲ့ ငါးနှစ် စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ဟာဗက်ကို ရရှိဖို့ လိုက်နေခဲ့တာ ဖြစ်ပြီး ယခုချိန်မှာတော့ သေချာပေါက် ရရှိတော့မှာ ဖြစ်ပါတယ်။ ဟာဇက်ဇ် ပေါင် ၇၂ သန်းနဲ့ ချဲလ်ဆီးကို ရောက်ရှိလာခဲ့ရင် ၂၀၁၈ ခုနှစ်က ဂိုးသမား အာရီဇာဘာလာဂါကို ခေါ်ယူပြီးနောက် စံချိန်တင်ပြောင်းရွှေ့ ကြေးလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဟာဗက်ဇ်ရဲ့ ခြေစွမ်းပြမှုကြောင့် ဥရောပမှာ ကစားသမားကောင်းတစ်ဦးအနေနဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပြီး လမ်းပတ်ရဲ့ အသင်းကို တည်ဆောက်မဲ့ပထမဆုံး ခြေလှမ်းမှာ ပါဝင်ဖို့ ဖြစ်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဟာဗက်ဇ်က ပြိုင်ပွဲအရပ်ရပ် ၁၈ ဂိုးသွင်းယူနိုင်ခဲ့သလို ကိုးကြိမ်ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။ ချဲလ်ဆီးအသင်းက ယခုနှစ် ဘောလုံးရာသီမှာ အကောင်းဆုံးကစားသွားနိုင်ဖို့ တီမို ဝါနာနဲ့ ဇီယက်ချ်တို့ကိုလည်း ခေါ်ယူထားတာ ရှိပါတယ်။

လမ်းပတ်က နောက်ထပ်ပြီး ခံစစ်ပိုင်းအတွက် လက်စတာစီးတီးကစားသမား ချီဝဲလ်နဲ့ ဘရိုင်တန် ခံစစ် ကစားသမား ဘန် ဝှိုက်တို့ကိုလည်း ခေါ်ယူဖို့ ပြုလုပ်နေတာ ရှိပါတယ်။

Zawgyi

ဟာဗက္ဇ္ကို ေပါင္သန္း ၉၀ နဲ႔ ေခၚယူဖို႔ လီဗာကူဆင္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္း သေဘာတူညီမႈ ရရွိ

လီဗာကူဆင္အသင္းရဲ့ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ဟာဗက္ဇ္ကို ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၉၀ နဲ႔ ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းက သေဘာတူညီမႈ ရရွိခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ယခုတစ္ပတ္ အတြင္းမွာ အၿပီးသတ္ေရာက္ရွိလာဖို႔ ရွိေနပါတယ္။
အသက္ ၂၁ ႏွစ္အရြယ္ ဟာဗက္ဇ္ကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းက ယခုႏွစ္ ေႏြရာသီမွာ နံပါတ္တစ္ ပစ္မွတ္ တစ္ခုျဖစ္ခဲ့ၿပီး ေျပာင္းေရႊ႕ေၾကးေပါင္ ၇၂ သန္းနဲ႔ အပိုဆုေၾကးအပါအဝင္ ေပါင္သန္း ၉၀ နဲ႔ ေခၚယူသြားမွာ ျဖစ္ပါတယ္။ ဟာဗက္ဇ္က လာမဲ့ ရက္ပိုင္းအတြင္းမွာ ဂ်ာမနီကေန လန္ဒန္ကို လာေရာက္မွာ ျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ ငါးႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းက ၿပီးခဲ့တဲ့ လအနည္းငယ္ကတည္းက ဟာဗက္ကို ရရွိဖို႔ လိုက္ေနခဲ့တာ ျဖစ္ၿပီး ယခုခ်ိန္မွာေတာ့ ေသခ်ာေပါက္ ရရွိေတာ့မွာ ျဖစ္ပါတယ္။ ဟာဇက္ဇ္ ေပါင္ ၇၂ သန္းနဲ႔ ခ်ဲလ္ဆီးကို ေရာက္ရွိလာခဲ့ရင္ ၂၀၁၈ ခုႏွစ္က ဂိုးသမား အာရီဇာဘာလာဂါကို ေခၚယူၿပီးေနာက္ စံခ်ိန္တင္ေျပာင္းေရႊ႕ ေၾကးလည္း ျဖစ္လာမွာ ျဖစ္ပါတယ္။
ဟာဗက္ဇ္ရဲ့ ေျခစြမ္းျပမႈေၾကာင့္ ဥေရာပမွာ ကစားသမားေကာင္းတစ္ဦးအေနနဲ႔ ေပၚထြက္လာခဲ့တာ ျဖစ္ၿပီး လမ္းပတ္ရဲ့ အသင္းကို တည္ေဆာက္မဲ့ပထမဆုံး ေျခလွမ္းမွာ ပါဝင္ဖို႔ ျဖစ္လာတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီက ဟာဗက္ဇ္က ၿပိဳင္ပြဲအရပ္ရပ္ ၁၈ ဂိုးသြင္းယူနိုင္ခဲ့သလို ကိုးႀကိမ္ဖန္တီးမႈ ျပဳလုပ္ထားနိုင္ပါတယ္။ ခ်ဲလ္ဆီးအသင္းက ယခုႏွစ္ ေဘာလုံးရာသီမွာ အေကာင္းဆုံးကစားသြားနိုင္ဖို႔ တီမို ဝါနာနဲ႔ ဇီယက္ခ်္တို႔ကိုလည္း ေခၚယူထားတာ ရွိပါတယ္။
လမ္းပတ္က ေနာက္ထပ္ၿပီး ခံစစ္ပိုင္းအတြက္ လက္စတာစီးတီးကစားသမား ခ်ီဝဲလ္နဲ႔ ဘရိုင္တန္ ခံစစ္ ကစားသမား ဘန္ ဝွိုက္တို႔ကိုလည္း ေခၚယူဖို႔ ျပဳလုပ္ေနတာ ရွိပါတယ္။