အင်တာမီလန်နဲ့အတူ ကြီးကျယ်ခမ်းနားမှုရှာဖွေလိုနေတဲ့ မာတီနက်ဇ်

0
394

အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က ရှက်တာဒိုးနက်ကို ကျော်ဖြတ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ပြီးနောက် အသင်းနဲ့အတူ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုကို ရှာဖွေဖို့အသင့်ရှိနေ တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒပ်ဆဲလ်ဒေါ့ဖ်မှာ ရှက်တာဒိုးနက်ကို ၅-ဝ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အင်တာမီလန်အတွက် မာတီနက်ဇ်နဲ့ လူကာကူတို့က ၂ ဂိုးစီ သွင်းယူပေးနိုင်ခဲ့ကြပါတယ်။

အင်တာမီလန်အသင်းဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ဥရောပအဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ နည်းပြမော်ရင်ဟိုလက်ထက် အဓိကဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာပါ။ ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်ထားမှုကို ခံထားရတဲ့ မာတီနက်ဇ်ဟာ ယူရိုပါလိဂ်ဆုဖလားကို အရယူဖို့အတွက် ပြင်ဆင်ထားတဲ့သဘော ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်က “ တကယ့်ကို မယုံနိုင်စရာ ညတစ်ညပါပဲ။ ဒါ ကျွန်တော်တို့ရဲ့ အိပ်မက်တစ်ခုပါ။ ကျွန်တော် ကစားပေးပြီးကတည်းက ဒီလိုဖြစ်လာဖို့ တော်တော်ကြာအောင် စောင့်လိုက်ရပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်က ကျွန်တော်တို့အသင်းဟာ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုကို ရယူဖို့ အသင့်ရှိတယ်ဆိုတာ သက်သေပြလိုက် တာပါပဲ။ ဗိုလ်လုပွဲစဉ်အတွက် ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။ အသင်းရဲ့ ကစားပုံအတွက်လည်း ကျွန်တော် အရမ်းပျော်ရွှင်ရပါတယ်” လို့ ဖွင့်ဟသွားခဲ့တာပါ။

(zawgyi)

အင္တာမီလန္နဲ႔အတူ ႀကီးက်ယ္ခမ္းနားမႈရွာေဖြလိုေနတဲ့ မာတီနက္ဇ္

အင္တာမီလန္တုိက္စစ္မွဴး ေလာ္တာရို မာတီနက္ဇ္က ရွက္တာဒိုးနက္ကို ေက်ာ္ျဖတ္ၿပီး ယူရိုပါလိဂ္ဗိုလ္လုပြဲကို တက္လွမ္းထားႏုိင္ၿပီးေနာက္ အသင္းနဲ႔အတူ ႀကီးက်ယ္ခမ္းနားတဲ့ ေအာင္ျမင္မႈတစ္ခုကို ရွာေဖြဖို႔အသင့္ရွိေန တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဒပ္ဆဲလ္ေဒါ့ဖ္မွာ ရွက္တာဒိုးနက္ကို ၅-၀ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ အင္တာမီလန္အတြက္ မာတီနက္ဇ္နဲ႔ လူကာကူတို႔က ၂ ဂိုးစီ သြင္းယူေပးႏုိင္ခဲ့ၾကပါတယ္။

အင္တာမီလန္အသင္းဟာ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္း ဥေရာပအဆင့္ၿပိဳင္ပြဲ ဗိုလ္လုပြဲကို ပထမဆုံးအႀကိမ္ တက္ေရာက္ႏုိင္ခဲ့ တာျဖစ္ၿပီး အဲဒီအခ်ိန္တုန္းကေတာ့ နည္းျပေမာ္ရင္ဟိုလက္ထက္ အဓိကဆုဖလား ၃ လုံး ရယူႏုိင္ခဲ့တာပါ။ ဘာစီလိုနာအသင္းရဲ႕ ပစ္မွတ္ထားမႈကို ခံထားရတဲ့ မာတီနက္ဇ္ဟာ ယူရိုပါလိဂ္ဆုဖလားကို အရယူဖို႔အတြက္ ျပင္ဆင္ထားတဲ့သေဘာ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

မာတီနက္ဇ္က “ တကယ့္ကို မယုံႏုိင္စရာ ညတစ္ညပါပဲ။ ဒါ ကၽြန္ေတာ္တို႔ရဲ႕ အိပ္မက္တစ္ခုပါ။ ကၽြန္ေတာ္ ကစားေပးၿပီးကတည္းက ဒီလိုျဖစ္လာဖို႔ ေတာ္ေတာ္ၾကာေအာင္ ေစာင့္လိုက္ရပါတယ္။ ဆီမီးဖိုင္နယ္ပြဲစဥ္က ကၽြန္ေတာ္တို႔အသင္းဟာ ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈကို ရယူဖို႔ အသင့္ရွိတယ္ဆိုတာ သက္ေသျပလိုက္ တာပါပဲ။ ဗိုလ္လုပြဲစဥ္အတြက္ ကၽြန္ေတာ္တို႔ အသင့္ျဖစ္ေနပါၿပီ။ အသင္းရဲ႕ ကစားပုံအတြက္လည္း ကၽြန္ေတာ္ အရမ္းေပ်ာ္ရႊင္ရပါတယ္” လို႔ ဖြင့္ဟသြားခဲ့တာပါ။