အဓိကကစားသမားတွေကို အသင်းကနေ ထွက်ခွာသွားစေတာဟာ မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ကြောင်း ဘာစီလိုနာနဲ့ ဘရာဇီး ဂန္ထဝင်ကစားသမား ရော်နယ်ဒို ပြောကြား

0
291

 

ဘာစီလိုနာအသင်းကို အသင်းမန်နေဂျာအသစ် ရော်နယ် ကိုးမန်းရောက်ရှိလာခဲ့ပြီးနောက်မှာ အသင်းရဲ့ နာမည်ကျော် ကစားသမားဖြစ်တဲ့ မက်ဆီကို ထုတ်ရောင်းဖို့ သတင်းတွေ ထွက်နေပါတယ်။ မက်ဆီကို အသင်းကနေ ထွက်ခွာခွင့်ပြုမဲ့ သတင်းတွေ ထွက်နေချိန်မှာ ဘာစီလိုနာအသင်းရဲ့ အကျော်အမော်တစ်ဦး ဖြစ်ခဲ့တဲ့ ဘရာဇီးဂန္ထဝင်ကစားသမား ရော်နယ်ဒိုက အဓိကကစားသမားတွေကို အသင်းကနေ ထွက်ခွာခွင့် ပြုခြင်းဟာ မှန်ကန်တဲ့ ဖြေရှင်းဖြစ်လာမှာ မဟုတ်ဘူးလို့ သတိပေးပြောကြားလိုက်ပါတယ်။

ရော်နယ်ဒိုက “ မက်ဆီဆိုတာအသင်းရဲ့ မှီးငြမ်းကိုးကာစရာ ကစားသမားတစ်ဦးပါ။ တကယ်လို့ ကွျန်တော်သာ အသင်းမှာ ရှိခဲ့မယ်ဆိုရင် ဘယ်လိုပြဿနာပဲဖြစ်ဖြစ် သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပြုမှာ မဟုတ်ပါဘူး။ သူက ထိပ်တန်းကစားသမားတစ်ဦးဖြစ်နေလို့ပါပဲ။ ပြီးတော့ အသင်းနဲ့ ကြီးမားတဲ့ ရင်းနှီးကွျမ်းဝင်မှု ရှိနေသူလည်း ဖြစ်တယ်။ ဒီကာလက ရှုံးပွဲတွေ ရင်ဆိုင်နေရတယ်ဆိုပေမဲ့ အသင်းဖော်တွေကလည်း မက်ဆီကို ပံ့ပိုးကူညီပေးဖို့ လိုအပ်တာပေါ့လေ။ ဘာစီလိုနာအနေနဲ့ နောက်နှစ်မှာ အသစ်အဆန်းတချို့ကို ကြိုးစားပြုလုပ် သွားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီကာလမှာ အသင်းရဲ့ အဓိကကစားသမားတွေကို ထွက်ခွာခွင့်ပြုခြင်းက မှန်ကန်တဲ့ ဖြေရှင်းချက်တစ်ခုတော့ မဟုတ်ပါဘူး ” လို့ ဆိုပါတယ်။

140

မက်ဆီအနေနဲ့လည်း အသင်းကနေ ထွက်ခွာဖို့ထက် အသင်းမှာပဲ ဆက်လက်နေထိုင်ချင်သူ တစ်ဦးဖြစ်နေပါတယ်။ ဒါပေမဲ့လည်း ဘာစီလိုနာအသင်းက ရလဒ်ပိုင်း ကျဆင်းနေလို့ ၎င်းအတွက်လည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဖြစ်နေပါတယ်။ ၎င်းကလည်း အသင်းမှာ ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမားတစ်ဦးဖြစ်နေပြီး အသင်းနဲ့ နောက်ထပ် ၁၂ လ စာချုပ်သက်တမ်းကျန်ရှိနေပါတယ်။

Zawgyi

အဓိကကစားသမားေတြကို အသင္းကေန ထြက္ခြာသြားေစတာဟာ မွန္ကန္တဲ့ ေျဖရွင္းမႈ မဟုတ္ေၾကာင္း ဘာစီလိုနာနဲ႔ ဘရာဇီး ဂႏၴဝင္ကစားသမား ေရာ္နယ္ဒို ေျပာၾကား

ဘာစီလိုနာအသင္းကို အသင္းမန္ေနဂ်ာအသစ္ ေရာ္နယ္ ကိုးမန္းေရာက္ရွိလာခဲ့ၿပီးေနာက္မွာ အသင္းရဲ့ နာမည္ေက်ာ္ ကစားသမားျဖစ္တဲ့ မက္ဆီကို ထုတ္ေရာင္းဖို႔ သတင္းေတြ ထြက္ေနပါတယ္။ မက္ဆီကို အသင္းကေန ထြက္ခြာခြင့္ျပဳမဲ့ သတင္းေတြ ထြက္ေနခ်ိန္မွာ ဘာစီလိုနာအသင္းရဲ့ အေက်ာ္အေမာ္တစ္ဦး ျဖစ္ခဲ့တဲ့ ဘရာဇီးဂႏၴဝင္ကစားသမား ေရာ္နယ္ဒိုက အဓိကကစားသမားေတြကို အသင္းကေန ထြက္ခြာခြင့္ ျပဳျခင္းဟာ မွန္ကန္တဲ့ ေျဖရွင္းျဖစ္လာမွာ မဟုတ္ဘူးလို႔ သတိေပးေျပာၾကားလိုက္ပါတယ္။
ေရာ္နယ္ဒိုက “ မက္ဆီဆိုတာအသင္းရဲ့ မွီးျငမ္းကိုးကာစရာ ကစားသမားတစ္ဦးပါ။ တကယ္လို႔ ကြ်န္ေတာ္သာ အသင္းမွာ ရွိခဲ့မယ္ဆိုရင္ ဘယ္လိုျပႆနာပဲျဖစ္ျဖစ္ သူ႔ကို အသင္းကေန ထြက္ခြာခြင့္ျပဳမွာ မဟုတ္ပါဘူး။ သူက ထိပ္တန္းကစားသမားတစ္ဦးျဖစ္ေနလို႔ပါပဲ။ ၿပီးေတာ့ အသင္းနဲ႔ ႀကီးမားတဲ့ ရင္းႏွီးကြ်မ္းဝင္မႈ ရွိေနသူလည္း ျဖစ္တယ္။ ဒီကာလက ရႈံးပြဲေတြ ရင္ဆိုင္ေနရတယ္ဆိုေပမဲ့ အသင္းေဖာ္ေတြကလည္း မက္ဆီကို ပံ့ပိုးကူညီေပးဖို႔ လိုအပ္တာေပါ့ေလ။ ဘာစီလိုနာအေနနဲ႔ ေနာက္ႏွစ္မွာ အသစ္အဆန္းတခ်ိဳ႕ကို ႀကိဳးစားျပဳလုပ္ သြားဖို႔ လိုအပ္ပါတယ္။ ဒါေပမဲ့ ဒီကာလမွာ အသင္းရဲ့ အဓိကကစားသမားေတြကို ထြက္ခြာခြင့္ျပဳျခင္းက မွန္ကန္တဲ့ ေျဖရွင္းခ်က္တစ္ခုေတာ့ မဟုတ္ပါဘူး ” လို႔ ဆိုပါတယ္။
မက္ဆီအေနနဲ႔လည္း အသင္းကေန ထြက္ခြာဖို႔ထက္ အသင္းမွာပဲ ဆက္လက္ေနထိုင္ခ်င္သူ တစ္ဦးျဖစ္ေနပါတယ္။ ဒါေပမဲ့လည္း ဘာစီလိုနာအသင္းက ရလဒ္ပိုင္း က်ဆင္းေနလို႔ ၎အတြက္လည္း မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ဘဲ ျဖစ္ေနပါတယ္။ ၎ကလည္း အသင္းမွာ ေျပာင္းေရႊ႕ေၾကးအျမင့္မားဆုံး ကစားသမားတစ္ဦးျဖစ္ေနၿပီး အသင္းနဲ႔ ေနာက္ထပ္ ၁၂ လ စာခ်ဳပ္သက္တမ္းက်န္ရွိေနပါတယ္။