အရှုံးဆိုတာ သာမာန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စဖြစ်သလို ၎င်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုမပြုဖို့ ဇီဒန်း ပြောကြား

0
268

 

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၄-၂ နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် မန်နေဂျာ ဇီဒန်းက ပွဲအပြီးမှာ ၎င်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို မမေးမြန်းကြဖို့နဲ့ အရှုံးရလဒ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ရပ်သာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

35

ဇီဒန်းက “ ကွျန်တော်တို့တွေက အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတယ်။ ဒီအတွက် ကွျန်တော်တို့ ပျော်ရွှင်စရာ မဖြစ်ခဲ့ဘူး။ ဒီနှစ် ဘောလုံးရာသီမှာ ကွျန်တော်တို့တွေ ရယူနိုင်ခဲ့နဲ့ ပတ်သက်လို့ ဂုဏ်ယူပါတယ်။ ဒါက ဘောလုံးပွဲတစ်ပွဲဖြစ်သလို ကွျန်တော်တို့တွေ အသင်းကောင်းတစ်သင်းကို ရှုံးခဲ့ပြီး သူတို့တွေအတွက် ခွင့်ပြုပေးလိုက်ရတယ်။ ကွျန်တော်တို့တွေမှာလည်း ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေး ရှိပါတယ်။ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကွျန်တော်က ရီးရဲလ်မက်ဒရစ်အသင်း မန်နေဂျာပါ၊ ပြိုင်ပွဲကနေ ထွက်ရတယ်ဆိုတာ ကလည်း သာမာန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါပဲ။ ကွျန်တော်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး မေးမြန်းဖို့ မလိုအပ်ပါဘူး။ နောက်နှစ် ဘောလုံးရာသီမစခင်အထိ ကွျန်တော်တို့အားလုံး အနားယူသွားကြမှာပါ ” လို့ ပွဲအပြီးမှာ ပြောပါတယ်။

မန်စီးတီးအတွက် အဖွင့်ဂိုးကို စတားလင်းက ၉ မိနစ်မှာ စတင်သွင်းယူခဲ့ပြီး ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုးကို ၂၈ မိနစ်မှာ ဘမ်ဇီးမားက သွင်းယူခဲ့ပြီး ပထမပိုင်းမှာ ၁-၁ သရေဖြစ်ခဲ့ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးကို ဒုတိယပိုင်း ၆၈ မိနစ်မှာ ဂျီးဆပ်က သွင်းယူခဲ့လို့ ၂-၁ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Zawgyi

အရႈံးဆိုတာ သာမာန္ျဖစ္ရိုးျဖစ္စဥ္ ကိစၥျဖစ္သလို ၎ရဲ့ အနာဂတ္နဲ႔ ပတ္သက္ၿပီး ေမးျမန္းမႈမျပဳဖို႔ ဇီဒန္း ေျပာၾကား

ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ မန္စီးတီးက ရီးရဲလ္မက္ဒရစ္ကို ၂-၁ နဲ႔ အနိုင္ရခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္း ရလဒ္ ၄-၂ နဲ႔ ကြာတားဖိုင္နယ္ကို တက္ေရာက္ခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ မန္ေနဂ်ာ ဇီဒန္းက ပြဲအၿပီးမွာ ၎ရဲ့ အနာဂတ္နဲ႔ ပတ္သက္ၿပီး သတင္းေထာက္ေတြကို မေမးျမန္းၾကဖို႔နဲ႔ အရႈံးရလဒ္ဆိုတာ ျဖစ္ရိုးျဖစ္စဥ္ကိစၥတစ္ရပ္သာ ျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။
ဇီဒန္းက “ ကြ်န္ေတာ္တို႔ေတြက အရႈံးနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ၿပိဳင္ပြဲကေန ထြက္ခဲ့ရတယ္။ ဒီအတြက္ ကြ်န္ေတာ္တို႔ ေပ်ာ္ရႊင္စရာ မျဖစ္ခဲ့ဘူး။ ဒီႏွစ္ ေဘာလုံးရာသီမွာ ကြ်န္ေတာ္တို႔ေတြ ရယူနိုင္ခဲ့နဲ႔ ပတ္သက္လို႔ ဂုဏ္ယူပါတယ္။ ဒါက ေဘာလုံးပြဲတစ္ပြဲျဖစ္သလို ကြ်န္ေတာ္တို႔ေတြ အသင္းေကာင္းတစ္သင္းကို ရႈံးခဲ့ၿပီး သူတို႔ေတြအတြက္ ခြင့္ျပဳေပးလိုက္ရတယ္။ ကြ်န္ေတာ္တို႔ေတြမွာလည္း ဂိုးသြင္းယူနိုင္ဖို႔ အခြင့္အေရး ရွိပါတယ္။ ဘာေတြပဲ ျဖစ္ခဲ့ျဖစ္ခဲ့ ကြ်န္ေတာ္က ရီးရဲလ္မက္ဒရစ္အသင္း မန္ေနဂ်ာပါ၊ ၿပိဳင္ပြဲကေန ထြက္ရတယ္ဆိုတာ ကလည္း သာမာန္ျဖစ္ရိုးျဖစ္စဥ္ ကိစၥတစ္ခုပါပဲ။ ကြ်န္ေတာ္ရဲ့ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဒီထက္ပိုၿပီး ေမးျမန္းဖို႔ မလိုအပ္ပါဘူး။ ေနာက္ႏွစ္ ေဘာလုံးရာသီမစခင္အထိ ကြ်န္ေတာ္တို႔အားလုံး အနားယူသြားၾကမွာပါ ” လို႔ ပြဲအၿပီးမွာ ေျပာပါတယ္။
မန္စီးတီးအတြက္ အဖြင့္ဂိုးကို စတားလင္းက ၉ မိနစ္မွာ စတင္သြင္းယူခဲ့ၿပီး ရီးရဲလ္မက္ဒရစ္အတြက္ ေခ်ပဂိုးကို ၂၈ မိနစ္မွာ ဘမ္ဇီးမားက သြင္းယူခဲ့ၿပီး ပထမပိုင္းမွာ ၁-၁ သေရျဖစ္ခဲ့ပါတယ္။ မန္စီးတီးအတြက္ အနိုင္ဂိုးကို ဒုတိယပိုင္း ၆၈ မိနစ္မွာ ဂ်ီးဆပ္က သြင္းယူခဲ့လို႔ ၂-၁ နဲ႔ အနိုင္ရခဲ့တာ ျဖစ္ပါတယ္။