အသက်အပိုင်းအခြားဆိုတာ အမှတ်စဉ်တစ်ခုဖြစ်ပြီး ဂရင်းဝုဒ်က အကောင်းဆုံးခြေစွမ်းကို ရရှိလာလိမ့်မယ်လို့ ဖာနန်ဒက် ပြောကြား

0
237

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ဖာနန်ဒက်က လူငယ်ကစားသမား ဂရင်းဝုဒ်ဟာ ပိုမိုပြီး ကောင်းမွန်တဲ့ ကစားသမားဖြစ်လာမယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။ အသက် ၁၈ နှစ် အရွယ် မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ဂရင်းဝုဒ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ကစားပုံကောင်းမွန် သူဖြစ်လို့ နောက်လာမဲ့ ဘောလုံးရာသီမှာ အခုထက်ပိုပြီး ကောင်းမွန်လာမယ်လို့ ဖာနန်ဒက်က ယုံကြည်ထားပါ တယ်။

ဂရင်းဝုဒ်က ဆိုးရှားရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ရရှိနေသလို ၎င်းက ၁၇ ဂိုး သွင်းယူထားနိုင်ပြီး မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်မှာ တတိယနေရာရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိနေသလို ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။ ဖာနန်ဒက်က ဂရင်းဝုဒ်က နောက်လာမဲ့ ဘောလုံး ရာသီမှာ ပိုမိုကောင်းမွန်မယ်ဆိုတဲ့ အပေါ်မှာ သံသယ ရှိမနေပါဘူး။

ဖာနန်ဒက်က “ ဂရင်းဝုဒ်ရဲ့ ဒီနှစ် ဘောလုံးကစားပုံဟာ ကောင်းမွန်တယ်လို့ ကွျန်တော်ထင်ပါတယ်။ သူက လူငယ်တစ်ယောက်ဖြစ်ပေမဲ့ ဒီနှစ်မှာ သူက အမြင့်ဆုံးမှာ ရှိနေပါတယ်။ အသက်အပိုင်းအခြား ဆိုတာ အမှတ်စဉ်တစ်ခုဖြစ်သလို သူအကောင်းဆုံးပြုလုပ်ပြီးသွားတာတွေကို မင်းမြင်တွေ့ရပါမယ်။ သူက နောက်ထပ် အများကြီး လုပ်နိုင်ဦးမှာပါ။ ဘာကြောင့်လဲဆိုရင် သူ့မှာ အရည်အချင်းတွေရှိသလို ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာ ဖို့လည်း ရှိနေပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ သူဆန်းပြားစွာပြုလုပ်ခဲ့တာရှိသလို ပိုကောင်းတာတွေလည်း သူ ရရှိလာပါလိမ့်မယ်။ သူက ပွဲများများ ကစားခွင့်ရဖို့ လိုအပ်တယ်။ အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့တွေက သူ့ကို ယုံကြည်မှုတွေ ပိုရှိနေဖို့ လိုအပ်တယ်။ သူက ဒီထက်ပိုပြီး ကောင်းလာမယ်လို့ ကွျန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့မှာ အရည်အချင်းတွေ ရှိနေလို့ပါပဲ ” လို့ ပြောပါတယ်။

အသင်းမန်နေဂျာ ဆိုးရှား တိုက်စစ်ပိုင်းမှာ လူငယ်ကစားသမားဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ အသက် ၂၂ နှစ်အရွယ် ရတ်ဖို့ဒ်နဲ့ အသက် ၂၄ နှစ်အရွယ် မာရှယ်တို့ကို ရင်းနှီးမြှုပ်နှံထားပါတယ်။

ဆက်လက်ပြီး အသက် ၂၅ နှစ်အရွယ် ဖာနန်ဒက်က “ ကွျန်တော်တို့မှာ လူငယ်ကစားတွေများစွာ ရှိနေပါတယ်။ ဒါပေမဲ့ ပထမပွဲထွက်ကစားသမားအဖြစ်နဲ့ မင်းရောက်လာမယ်ဆိုရင် အသက်အပိုင်းအခြားဆိုတာ ကိန်းဂဏန်းသတ်မှတ်ချက် တစ်ခုပါပဲ။ ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ဖြစ်တယ်။ ငယ်ရွယ်စဉ်မှာ ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ ဖြတ်သန်းသွားပြီး လူကြီးတစ်ယောက် ဖြစ်လာဖို့ လိုအပ်ပါတယ် ” လို့ ပြောပါတယ်။

Zawgyi

အသက္အပိုင္းအျခားဆိုတာ အမွတ္စဥ္တစ္ခုျဖစ္ၿပီး ဂရင္းဝုဒ္က အေကာင္းဆုံးေျခစြမ္းကို ရရွိလာလိမ့္မယ္လို႔ ဖာနန္ဒက္ ေျပာၾကား

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ကြင္းလယ္ကစားသမားျဖစ္တဲ့ ဖာနန္ဒက္က လူငယ္ကစားသမား ဂရင္းဝုဒ္ဟာ ပိုမိုၿပီး ေကာင္းမြန္တဲ့ ကစားသမားျဖစ္လာမယ္ဆိုၿပီး ေျပာၾကားလိုက္ပါတယ္။ အသက္ ၁၈ ႏွစ္ အရြယ္ မန္ခ်က္စတာယူနိုက္တက္ အကယ္ဒမီထြက္ ဂရင္းဝုဒ္ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ကစားပုံေကာင္းမြန္ သူျဖစ္လို႔ ေနာက္လာမဲ့ ေဘာလုံးရာသီမွာ အခုထက္ပိုၿပီး ေကာင္းမြန္လာမယ္လို႔ ဖာနန္ဒက္က ယုံၾကည္ထားပါ တယ္။
ဂရင္းဝုဒ္က ဆိုးရွားရဲ့ လက္ေအာက္မွာ ပုံမွန္ပြဲထြက္ခြင့္ ရရွိေနသလို ၎က ၁၇ ဂိုး သြင္းယူထားနိုင္ၿပီး မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္မွာ တတိယေနရာရပ္တည္ေနၿပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ရရွိေနသလို ယူရိုပါလိဂ္မွာ ဆီမီးဖိုင္နယ္ပြဲစဥ္ ကစားဖို႔ ရွိေနပါတယ္။ ဖာနန္ဒက္က ဂရင္းဝုဒ္က ေနာက္လာမဲ့ ေဘာလုံး ရာသီမွာ ပိုမိုေကာင္းမြန္မယ္ဆိုတဲ့ အေပၚမွာ သံသယ ရွိမေနပါဘူး။
ဖာနန္ဒက္က “ ဂရင္းဝုဒ္ရဲ့ ဒီႏွစ္ ေဘာလုံးကစားပုံဟာ ေကာင္းမြန္တယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ သူက လူငယ္တစ္ေယာက္ျဖစ္ေပမဲ့ ဒီႏွစ္မွာ သူက အျမင့္ဆုံးမွာ ရွိေနပါတယ္။ အသက္အပိုင္းအျခား ဆိုတာ အမွတ္စဥ္တစ္ခုျဖစ္သလို သူအေကာင္းဆုံးျပဳလုပ္ၿပီးသြားတာေတြကို မင္းျမင္ေတြ႕ရပါမယ္။ သူက ေနာက္ထပ္ အမ်ားႀကီး လုပ္နိုင္ဦးမွာပါ။ ဘာေၾကာင့္လဲဆိုရင္ သူ႔မွာ အရည္အခ်င္းေတြရွိသလို ႐ုပ္ပိုင္းဆိုင္ရာ တိုးတက္လာ ဖို႔လည္း ရွိေနပါတယ္။ ဒီႏွစ္ ေဘာလုံးရာသီမွာ သူဆန္းျပားစြာျပဳလုပ္ခဲ့တာရွိသလို ပိုေကာင္းတာေတြလည္း သူ ရရွိလာပါလိမ့္မယ္။ သူက ပြဲမ်ားမ်ား ကစားခြင့္ရဖို႔ လိုအပ္တယ္။ အသင္းေဖာ္ေတြနဲ႔ နည္းျပအဖြဲ႕ေတြက သူ႔ကို ယုံၾကည္မႈေတြ ပိုရွိေနဖို႔ လိုအပ္တယ္။ သူက ဒီထက္ပိုၿပီး ေကာင္းလာမယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သူ႔မွာ အရည္အခ်င္းေတြ ရွိေနလို႔ပါပဲ ” လို႔ ေျပာပါတယ္။
အသင္းမန္ေနဂ်ာ ဆိုးရွား တိုက္စစ္ပိုင္းမွာ လူငယ္ကစားသမားျဖစ္တဲ့ ဂရင္းဝုဒ္နဲ႔ အသက္ ၂၂ ႏွစ္အရြယ္ ရတ္ဖို႔ဒ္နဲ႔ အသက္ ၂၄ ႏွစ္အရြယ္ မာရွယ္တို႔ကို ရင္းႏွီးျမႇုပ္ႏွံထားပါတယ္။
ဆက္လက္ၿပီး အသက္ ၂၅ ႏွစ္အရြယ္ ဖာနန္ဒက္က “ ကြ်န္ေတာ္တို႔မွာ လူငယ္ကစားေတြမ်ားစြာ ရွိေနပါတယ္။ ဒါေပမဲ့ ပထမပြဲထြက္ကစားသမားအျဖစ္နဲ႔ မင္းေရာက္လာမယ္ဆိုရင္ အသက္အပိုင္းအျခားဆိုတာ ကိန္းဂဏန္းသတ္မွတ္ခ်က္ တစ္ခုပါပဲ။ ဒါက စိတ္ဓာတ္ပိုင္းဆိုင္ရာလည္း ျဖစ္တယ္။ ငယ္ရြယ္စဥ္မွာ ေကာင္းမြန္တဲ့ စိတ္ဓာတ္နဲ႔ ျဖတ္သန္းသြားၿပီး လူႀကီးတစ္ေယာက္ ျဖစ္လာဖို႔ လိုအပ္ပါတယ္ ” လို႔ ေျပာပါတယ္။