အသက် ၃၇ နှစ်အရွယ် ဝက်ဖို့ဒ်ဂိုးသမား ဘန်ဖော့စတားကို ချဲလ်ဆီးနဲ့ အဲဗာတန်အသင်းတွေ အပြိုင်စိတ်ဝင်စားနေ

0
255

 

အသက် ၃၇ နှစ်အရွယ် ဝက်ဖို့ဒ်အသင်းရဲ့ ဝါရင့်ဂိုးသမား ဘန်ဖော့စတားကို ချဲလ်ဆီးအသင်းနဲ့ အဲဗာတန် အသင်းတွေက ခေါ်ယူနိုင်ဖို့ အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ချဲလ်ဆီးမန်နေဂျာ လမ်းပတ်က အသင်းရဲ့ ဂိုးသမား အာရီဇာဘာလာဂါရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် ရှာဖွေနေသလို ဖော့စတားကို ခေါ်ယူသွားဖို့ အလားအလာရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ အေဂျက်အသင်းဂိုးသမား အိုနာနာနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း ဂိုးသမား အော့ဘလက်တို့ကိုလည်း ခေါ်ယူနိုင်ဖို့ ချိတ်ဆက်တာတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း ပရီးမီးယားလိဂ် အတွေ့အကြုံရင့်ကြပ်တဲ့ ဖော့စတားက ချဲလ်ဆီးရဲ့ ဂိုးသမားပြဿနာအတွက် အဖြေရှာပေးနိုင်သူဖြစ်လာမယ်လို့ သုံးသပ်ထားတာတွေလည်း ရှိပါတယ်။

ချဲလ်ဆီးအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ အာရီဇာဘာလာဂါက အသင်းမှာ မှန်ကန်တဲ့ အခြေအနေတွေ ရှိမနေလို့ စပိန်အသင်းတွေကို အငှားပို့ဆောင်သွားဖွယ် ရှိနေပါတယ်။ ချဲလ်ဆီးရဲ့ ဒုတိယဂိုးသမားဖြစ်တဲ့ ကာဘယ်လီရိုက တချို့သောပွဲတွေမှာ အသင်းအတွက် ကောင်းစွာလက်စွမ်းပြနိုင် ကစားနိုင်နေပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားကစားသမားဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ကာဘယ်လီရိုက ဖော့စတားထက် အသက်တစ်နှစ်ကြီးနေပါတယ်။

အဲဗာတန်အသင်းအနေနဲ့လည်း တချို့သောပွဲတွေမှာ အသင်းရဲ့ ပထမဂိုးသမား ပစ်ဖို့ဒ်ကို အနားပေးပြီး ဖော့စတားကို ခေါ်ယူအသုံးပြုသွားဖို့ အန်ဆယ်လော့တီက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ရိုမီယိုကိုလည်း အဲဗာတန်ကခေါ်ယူဖို့ ပြုလုပ်နေတာ ရှိနေပေမဲ့ ပစ်ဖို့ဒ်ကတော့ အသင်းမှာ ဆက်လက်ထားရှိသွားမဲ့ အဓိကကစားသမားတစ်ဦး ဖြစ်ပါတယ်။

Zawgyi

အသက္ ၃၇ ႏွစ္အရြယ္ ဝက္ဖို႔ဒ္ဂိုးသမား ဘန္ေဖာ့စတားကို ခ်ဲလ္ဆီးနဲ႔ အဲဗာတန္အသင္းေတြ အၿပိဳင္စိတ္ဝင္စားေန

အသက္ ၃၇ ႏွစ္အရြယ္ ဝက္ဖို႔ဒ္အသင္းရဲ့ ဝါရင့္ဂိုးသမား ဘန္ေဖာ့စတားကို ခ်ဲလ္ဆီးအသင္းနဲ႔ အဲဗာတန္ အသင္းေတြက ေခၚယူနိုင္ဖို႔ အၿပိဳင္စိတ္ဝင္စားေနၾကတယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးမန္ေနဂ်ာ လမ္းပတ္က အသင္းရဲ့ ဂိုးသမား အာရီဇာဘာလာဂါရဲ့ေနရာမွာ အစားထိုးနိုင္ဖို႔အတြက္ ရွာေဖြေနသလို ေဖာ့စတားကို ေခၚယူသြားဖို႔ အလားအလာရွိေနတယ္လို႔ မီဒီယာေတြက ေဖာ္ျပထားပါတယ္။
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေအဂ်က္အသင္းဂိုးသမား အိုနာနာနဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္း ဂိုးသမား ေအာ့ဘလက္တို႔ကိုလည္း ေခၚယူနိုင္ဖို႔ ခ်ိတ္ဆက္တာေတြ ရွိေနပါတယ္။ ဒါေပမဲ့လည္း ပရီးမီးယားလိဂ္ အေတြ႕အၾကဳံရင့္ၾကပ္တဲ့ ေဖာ့စတားက ခ်ဲလ္ဆီးရဲ့ ဂိုးသမားျပႆနာအတြက္ အေျဖရွာေပးနိုင္သူျဖစ္လာမယ္လို႔ သုံးသပ္ထားတာေတြလည္း ရွိပါတယ္။
ခ်ဲလ္ဆီးအသင္းကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာတဲ့ အာရီဇာဘာလာဂါက အသင္းမွာ မွန္ကန္တဲ့ အေျခအေနေတြ ရွိမေနလို႔ စပိန္အသင္းေတြကို အငွားပို႔ေဆာင္သြားဖြယ္ ရွိေနပါတယ္။ ခ်ဲလ္ဆီးရဲ့ ဒုတိယဂိုးသမားျဖစ္တဲ့ ကာဘယ္လီရိုက တခ်ိဳ႕ေသာပြဲေတြမွာ အသင္းအတြက္ ေကာင္းစြာလက္စြမ္းျပနိုင္ ကစားနိုင္ေနပါတယ္။ ဒါေပမဲ့ အာဂ်င္တီးနားကစားသမားျဖစ္တဲ့ အသက္ ၃၈ ႏွစ္အရြယ္ ကာဘယ္လီရိုက ေဖာ့စတားထက္ အသက္တစ္ႏွစ္ႀကီးေနပါတယ္။
အဲဗာတန္အသင္းအေနနဲ႔လည္း တခ်ိဳ႕ေသာပြဲေတြမွာ အသင္းရဲ့ ပထမဂိုးသမား ပစ္ဖို႔ဒ္ကို အနားေပးၿပီး ေဖာ့စတားကို ေခၚယူအသုံးျပဳသြားဖို႔ အန္ဆယ္ေလာ့တီက ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ့ ဂိုးသမား ရိုမီယိုကိုလည္း အဲဗာတန္ကေခၚယူဖို႔ ျပဳလုပ္ေနတာ ရွိေနေပမဲ့ ပစ္ဖို႔ဒ္ကေတာ့ အသင္းမွာ ဆက္လက္ထားရွိသြားမဲ့ အဓိကကစားသမားတစ္ဦး ျဖစ္ပါတယ္။