အသင်းခေါင်းဆောင် ဝက်ပလောက်ကို ဆောက်သမ်တန်အသင်း နောက်ထပ်ငါးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို

0
259

 

ဆောက်သမ်တန်အသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်နိုင်ငံသား ကွင်းလယ်ကစားသမား ဝက်ပလောက်ကို နောက်ထပ်ငါးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်တယ်လို့ သိရပါ တယ်။

ဝက်ပလောက်ဟာ ဆောက်သမ်တန်အသင်းမှာ ရှစ်နှစ်သားအရွယ်ကတည်းက စတင်ရောက်ရှိနေသူ တစ်ဦးဖြစ်ပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆောက်သမ်တန်အသင်း ခေါင်းဆောင်တာဝန်ယူပြီး ပွဲချိန်ပြည့် ပရီးမီးယားလိဂ်ပွဲစဉ်တိုင်း ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်း မန်နေဂျာ ဟာဆန်ဟစ်က “ ဝက်ပလောက်က ဆောက်သမ်တန်ဘောလုံး အသင်းအကြောင်းကို ပြသနေတဲ့ ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကို ကွျန်တော်ပြောခဲ့တာ ရှိပါတယ်။ ဒီမှာ သူရှိနေခြင်းက သူ့ရဲ့ သမိုင်းကြောင်းတစ်ခုထဲအတွက် ရှိနေခြင်း မဟုတ်ပါဘူး။ သူက တိုးတက်ကောင်းမွန်မှုနဲ့ အတူ သူ့ရဲ့ အမူအကျင့်ကောင်းတွေကို အလုပ်လုပ်ရင်း ပြသခဲ့ပါတယ်။ ကွျန်တော်စရောက်စဉ်က ပွဲထွက်ခွင့် များများစားစား ရရှိနေတဲ့ ကစားသမားတစ်ဦးမဟုတ်ပါဘူး။ ဒါပေမဲ့သူက သူကစားရမဲ့ ပြိုင်ပွဲတိုင်းကို လေးစားသမူနဲ့ ပြောတာကို နားထောင်သူပါ။ ဒါက အခုချိန်မှာ ဘာကြောင့် သူဒီအဆင့်ကို ရောက်ရှိခဲ့တာလဲ ဆိုတာပါပဲ ” လို့ ဆိုပါတယ်။

ဝက်ပလောက်က “ ကွျန်တော်က ဒီအသင်းမှာ ရှစ်နှစ်သားအရွယ်ကတည်းက စတင်နေထိုင်ပြီးတော့ ရည်မှန်းချက်က ပထမပွဲထွက်ကစားသမားအဖြစ် အသင်းကြီးမှာ ပါဝင်လိုခြင်းပါပဲ။ ပြီးတော့ ဒီအသင်းက အသင်းကြီးတစ်သင်းဖြစ်တယ်ဆိုတာကိုလည်း နားလည်ခဲ့တယ်။ အသင်းရဲ့ တည်ဆောင်ပုံနဲ့ လူတွေနောက်ကို လိုက်ရင်း ကွျန်တော်ရဲ့ ငယ်ဘဝ်အိပ်မက်တွေက ပိုကြီးမားလာတယ်။ ဘယ်သူမဆို ပရော်ဖက်ရှင်နယ် အသင်းတစ်သင်းမှာ ကစားလိုကြမှာပဲလေ။ သူတို့တွေက ကွျန်တော့်ကို အခွင့်အရေးတွေပေးခဲ့ကြပြီး အကူအညီ လည်းပေးကြတယ်။ ကွျန်တော့်ရဲ့ ရည်မှန်းချက်တွေကိုလည်း ရောက်ရှိအောင် ကူညီပေးကြလို ကွျန်တော့်ရဲ့ ဆောက်သမ်တန်ခရီးစဉ်က ယခုလို ခရီးရောက်ခဲ့တာ ဖြစ်ပါတယ်။ ကွျန်တော်တို့အသင်းအတွက် စိတ်လှုပ်ရှား စရာကာလအပိုင်းအခြားတစ်ခု ဖြစ်နေတယ်လို့ ကွျန်တော်ခံစားမိပါတယ်။ ဆောက်သမ်တန်ဆိုတာ ဘယ်လိုအသင်းမျိုးဖြစ်တယ်ဆိုတာကို နောက်တစ်ဖန်ပြသမဲ့ အချိန်ဖြစ်တယ်လို့ ကွျန်တော်တွေးတောမိပါတယ်။ ကွျန်တော်တို့တွေက မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကို ဦးတည်နေတယ်လို့ ကွျန်တော်ထင်ပါတယ် ” လို့ ပြောပါ တယ်။

ဝက်ပလောက်ဟာ ဆောက်သမ်တန်အသင်းကြီးမှာ အသက် ၁၆ နှစ်အရွယ် ၂၀၁၁ ခုနှစ် အောက်တိုဘာ က ခရစ္စတယ်ပဲလေ့အသင်းကို လိဂ်ဖလားပွဲမှာ ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ ဆောက်သမ်တန် အသင်းရဲ့ ဘောလုံးကြယ်ပွင့်တွေဟာ အသင်းကနေ ထွက်ခွာခဲ့ကြပေမဲ့ ဝက်ပလောက်ကတော့ ယခုအချိန်အထိ အသင်းမှာ ဆက်လက်ကစားနေသူ ဖြစ်ပါတယ်။ ၎င်းဟာ ဆောက်သမ်တန်အသင်းနဲ့ ၂၇၈ ပွဲကစားအပြီး ၂၄ ဂိုး သွင်းယူထားနိုင်ပါတယ်။

Zawgyi

အသင္းေခါင္းေဆာင္ ဝက္ပေလာက္ကို ေဆာက္သမ္တန္အသင္း ေနာက္ထပ္ငါးႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆို

ေဆာက္သမ္တန္အသင္းရဲ့အသင္းေခါင္းေဆာင္ျဖစ္တဲ့ အသက္ ၂၅ ႏွစ္အရြယ္ အဂၤလန္နိုင္ငံသား ကြင္းလယ္ကစားသမား ဝက္ပေလာက္ကို ေနာက္ထပ္ငါးႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တယ္လို႔ သိရပါ တယ္။
ဝက္ပေလာက္ဟာ ေဆာက္သမ္တန္အသင္းမွာ ရွစ္ႏွစ္သားအရြယ္ကတည္းက စတင္ေရာက္ရွိေနသူ တစ္ဦးျဖစ္ပါတယ္။ ၎ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ေဆာက္သမ္တန္အသင္း ေခါင္းေဆာင္တာဝန္ယူၿပီး ပြဲခ်ိန္ျပည့္ ပရီးမီးယားလိဂ္ပြဲစဥ္တိုင္း ပါဝင္ကစားခဲ့သူ ျဖစ္ပါတယ္။
ေဆာက္သမ္တန္အသင္း မန္ေနဂ်ာ ဟာဆန္ဟစ္က “ ဝက္ပေလာက္က ေဆာက္သမ္တန္ေဘာလုံး အသင္းအေၾကာင္းကို ျပသေနတဲ့ ကစားသမားတစ္ဦးျဖစ္တယ္ဆိုတာကို ကြ်န္ေတာ္ေျပာခဲ့တာ ရွိပါတယ္။ ဒီမွာ သူရွိေနျခင္းက သူ႔ရဲ့ သမိုင္းေၾကာင္းတစ္ခုထဲအတြက္ ရွိေနျခင္း မဟုတ္ပါဘူး။ သူက တိုးတက္ေကာင္းမြန္မႈနဲ႔ အတူ သူ႔ရဲ့ အမူအက်င့္ေကာင္းေတြကို အလုပ္လုပ္ရင္း ျပသခဲ့ပါတယ္။ ကြ်န္ေတာ္စေရာက္စဥ္က ပြဲထြက္ခြင့္ မ်ားမ်ားစားစား ရရွိေနတဲ့ ကစားသမားတစ္ဦးမဟုတ္ပါဘူး။ ဒါေပမဲ့သူက သူကစားရမဲ့ ၿပိဳင္ပြဲတိုင္းကို ေလးစားသမူနဲ႔ ေျပာတာကို နားေထာင္သူပါ။ ဒါက အခုခ်ိန္မွာ ဘာေၾကာင့္ သူဒီအဆင့္ကို ေရာက္ရွိခဲ့တာလဲ ဆိုတာပါပဲ ” လို႔ ဆိုပါတယ္။
ဝက္ပေလာက္က “ ကြ်န္ေတာ္က ဒီအသင္းမွာ ရွစ္ႏွစ္သားအရြယ္ကတည္းက စတင္ေနထိုင္ၿပီးေတာ့ ရည္မွန္းခ်က္က ပထမပြဲထြက္ကစားသမားအျဖစ္ အသင္းႀကီးမွာ ပါဝင္လိုျခင္းပါပဲ။ ၿပီးေတာ့ ဒီအသင္းက အသင္းႀကီးတစ္သင္းျဖစ္တယ္ဆိုတာကိုလည္း နားလည္ခဲ့တယ္။ အသင္းရဲ့ တည္ေဆာင္ပုံနဲ႔ လူေတြေနာက္ကို လိုက္ရင္း ကြ်န္ေတာ္ရဲ့ ငယ္ဘဝ္အိပ္မက္ေတြက ပိုႀကီးမားလာတယ္။ ဘယ္သူမဆို ပေရာ္ဖက္ရွင္နယ္ အသင္းတစ္သင္းမွာ ကစားလိုၾကမွာပဲေလ။ သူတို႔ေတြက ကြ်န္ေတာ့္ကို အခြင့္အေရးေတြေပးခဲ့ၾကၿပီး အကူအညီ လည္းေပးၾကတယ္။ ကြ်န္ေတာ့္ရဲ့ ရည္မွန္းခ်က္ေတြကိုလည္း ေရာက္ရွိေအာင္ ကူညီေပးၾကလို ကြ်န္ေတာ့္ရဲ့ ေဆာက္သမ္တန္ခရီးစဥ္က ယခုလို ခရီးေရာက္ခဲ့တာ ျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔အသင္းအတြက္ စိတ္လႈပ္ရွား စရာကာလအပိုင္းအျခားတစ္ခု ျဖစ္ေနတယ္လို႔ ကြ်န္ေတာ္ခံစားမိပါတယ္။ ေဆာက္သမ္တန္ဆိုတာ ဘယ္လိုအသင္းမ်ိဳးျဖစ္တယ္ဆိုတာကို ေနာက္တစ္ဖန္ျပသမဲ့ အခ်ိန္ျဖစ္တယ္လို႔ ကြ်န္ေတာ္ေတြးေတာမိပါတယ္။ ကြ်န္ေတာ္တို႔ေတြက မွန္ကန္တဲ့လမ္းေၾကာင္းတစ္ခုကို ဦးတည္ေနတယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္ ” လို႔ ေျပာပါ တယ္။
ဝက္ပေလာက္ဟာ ေဆာက္သမ္တန္အသင္းႀကီးမွာ အသက္ ၁၆ ႏွစ္အရြယ္ ၂၀၁၁ ခုႏွစ္ ေအာက္တိုဘာ က ခရစၥတယ္ပဲေလ့အသင္းကို လိဂ္ဖလားပြဲမွာ ၂-၁ နဲ႔ အနိုင္ရခဲ့တဲ့ ပြဲမွာ စတင္ပါဝင္ခဲ့ပါတယ္။ ေဆာက္သမ္တန္ အသင္းရဲ့ ေဘာလုံးၾကယ္ပြင့္ေတြဟာ အသင္းကေန ထြက္ခြာခဲ့ၾကေပမဲ့ ဝက္ပေလာက္ကေတာ့ ယခုအခ်ိန္အထိ အသင္းမွာ ဆက္လက္ကစားေနသူ ျဖစ္ပါတယ္။ ၎ဟာ ေဆာက္သမ္တန္အသင္းနဲ႔ ၂၇၈ ပြဲကစားအၿပီး ၂၄ ဂိုး သြင္းယူထားနိုင္ပါတယ္။