အာစင်ဝင်းဂါးကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း ဦးတည်နေတယ်လို့ သိရ

0
430

 

အာစင်ဝင်းဂါးအနေနဲ့ ဘာစီလိုနာအသင်းမန်နေဂျာ ဖြစ်ဖို့ အခွင့်အရေးရှိနေသလို ဘာစီလိုနာအသင်း ကလည်း ဝင်းဂါးကို ခေါ်ယူဖို့ ဦးတည်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက် ၇၀ နှစ်အရွယ် ဝင်းဂါး ဟာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်က ထွက်ခွာခဲ့ပြီး လက်ရှိအချိန်မှာ ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အရာရှိအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ပြီး တာဝန်ယူထားပါတယ်။

ပြင်သစ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းအနေနဲ့ လက်ရှိမန်နေဂျာ ဆက်တီယမ်ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ရည်ရွယ်ထားသလို အလှည့်အပြောင်းတစ်ခု အနေနဲ့ ဝင်းဂါးကို ခေါ်ယူနိုင်တယ်လို့ ပါရှိပါတယ်။ ဆက်တီယမ်ရဲ့ လက်ထက်မှာ ဘာစီလိုနာအသင်းဟာ ရလဒ်ပိုင်း ကျဆင်းနေပြီး ၎င်းအတွက်လည်း ဖိအားတွေ ရှိနေပါတယ်။

ဝင်းဂါးအနေနဲ့ အာဆင်နယ်အသင်း မန်နေဂျာအဖြစ်နဲ့ ဘာစီလိုနာအသင်းနဲ့တွေ့ဆုံမှု ကိုးကြိမ် ရှိခဲ့ပေမဲ့ ၂၀၁၁ ခုနှစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ တစ်ကြိမ်သာ အနိုင်ရခဲ့ပြီး ခြောက်ကြိမ်ရှုံးနိမ့်ခဲ့သလို ၂၀၀၆ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲမှာ ရှုံးခဲ့ခြင်းက ဝင်းဂါးကို ပိုမိုနာကျင်စေခဲ့ပါတယ်။ ဘာစီလိုနာက ၂၀၁၇ ခုနှစ်ကလည်း ဝင်းဂါးကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အမ်းနရစ်ကို ခန့်အပ်ခဲ့ပြီး ဝင်းဂါးက အာဆင်နယ်မှာပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။

ဘာစီလိုနာရဲ့ လက်ရှိမန်နေဂျာ ဆက်တီယမ်က ဖိအားတွေရှိနေပြီး ၎င်းအတွက် ဖလားတွေ လက်လွှတ်ခဲ့ ရတာတွေနဲ့ ကြုံနေရပါတယ်။ အနီးစပ်ဆုံးအနေနဲ့ လာလီဂါဖလားကို လက်လွှတ်ခဲ့ရပြီး ရီးရဲလ်မက်ဒရစ်အသင်း ကို ခွင့်ပြုပေးလိုက်ရပါတယ်။ သောကြာနေ့မှာတော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ် အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အက်တီယမ်အတွက် ဖိအားတွေကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက လက်ရှိအချိန်မှာ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်သလို ပြည်တွင်းဖလားနှစ်လုံး ကိုလည်း ယခုနှစ်အတွက် ရယူထားနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ပွဲစဉ်မှာ အနိုင်ရခဲ့အသင်းက ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ လိုင်ယွန်အသင်းတို့ထဲက အနိုင်ရတဲ့အသင်းနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

Zawgyi

အာစင္ဝင္းဂါးကို ေခၚယူဖို႔ ဘာစီလိုနာအသင္း ဦးတည္ေနတယ္လို႔ သိရ

အာစင္ဝင္းဂါးအေနနဲ႔ ဘာစီလိုနာအသင္းမန္ေနဂ်ာ ျဖစ္ဖို႔ အခြင့္အေရးရွိေနသလို ဘာစီလိုနာအသင္း ကလည္း ဝင္းဂါးကို ေခၚယူဖို႔ ဦးတည္ေနတယ္လို႔ သတင္းေတြအရ သိရပါတယ္။ အသက္ ၇၀ ႏွစ္အရြယ္ ဝင္းဂါး ဟာ အာဆင္နယ္အသင္းကို ၂၂ ႏွစ္ၾကာကိုင္တြယ္ခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္က ထြက္ခြာခဲ့ၿပီး လက္ရွိအခ်ိန္မွာ ဖီဖာရဲ့ ကမၻာလုံးဆိုင္ရာ ေဘာလုံးဖြံ့ၿဖိဳးတိုးတက္မႈဆိုင္ရာ အရာရွိအျဖစ္ ၿပီးခဲ့တဲ့ နိုဝင္ဘာလက စတင္ၿပီး တာဝန္ယူထားပါတယ္။
ျပင္သစ္မီဒီယာေတြရဲ့ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းအေနနဲ႔ လက္ရွိမန္ေနဂ်ာ ဆက္တီယမ္ရဲ့ ေနရာမွာ အစားထိုးနိုင္ဖို႔ ရည္ရြယ္ထားသလို အလွည့္အေျပာင္းတစ္ခု အေနနဲ႔ ဝင္းဂါးကို ေခၚယူနိုင္တယ္လို႔ ပါရွိပါတယ္။ ဆက္တီယမ္ရဲ့ လက္ထက္မွာ ဘာစီလိုနာအသင္းဟာ ရလဒ္ပိုင္း က်ဆင္းေနၿပီး ၎အတြက္လည္း ဖိအားေတြ ရွိေနပါတယ္။
ဝင္းဂါးအေနနဲ႔ အာဆင္နယ္အသင္း မန္ေနဂ်ာအျဖစ္နဲ႔ ဘာစီလိုနာအသင္းနဲ႔ေတြ႕ဆုံမႈ ကိုးႀကိမ္ ရွိခဲ့ေပမဲ့ ၂၀၁၁ ခုႏွစ္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ တစ္ႀကိမ္သာ အနိုင္ရခဲ့ၿပီး ေျခာက္ႀကိမ္ရႈံးနိမ့္ခဲ့သလို ၂၀၀၆ ခုႏွစ္ ခ်န္ပီယံလိဂ္ ဖိုင္နယ္ပြဲမွာ ရႈံးခဲ့ျခင္းက ဝင္းဂါးကို ပိုမိုနာက်င္ေစခဲ့ပါတယ္။ ဘာစီလိုနာက ၂၀၁၇ ခုႏွစ္ကလည္း ဝင္းဂါးကို ေခၚယူနိုင္ဖို႔ ခ်ိတ္ဆက္တာေတြ ရွိခဲ့ပါတယ္။ ဒါေပမဲ့လည္း အမ္းနရစ္ကို ခန႔္အပ္ခဲ့ၿပီး ဝင္းဂါးက အာဆင္နယ္မွာပဲ ဆက္လက္ေနထိုင္ခဲ့ပါတယ္။
ဘာစီလိုနာရဲ့ လက္ရွိမန္ေနဂ်ာ ဆက္တီယမ္က ဖိအားေတြရွိေနၿပီး ၎အတြက္ ဖလားေတြ လက္လႊတ္ခဲ့ ရတာေတြနဲ႔ ၾကဳံေနရပါတယ္။ အနီးစပ္ဆုံးအေနနဲ႔ လာလီဂါဖလားကို လက္လႊတ္ခဲ့ရၿပီး ရီးရဲလ္မက္ဒရစ္အသင္း ကို ခြင့္ျပဳေပးလိုက္ရပါတယ္။ ေသာၾကာေန႔မွာေတာ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ ကစားရမွာ ျဖစ္ၿပီး အက္တီယမ္အတြက္ ဖိအားေတြကို ေက်ာ္ျဖတ္နိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းက လက္ရွိအခ်ိန္မွာ ဘြန္ဒက္စ္လီဂါခ်န္ပီယံျဖစ္သလို ျပည္တြင္းဖလားႏွစ္လုံး ကိုလည္း ယခုႏွစ္အတြက္ ရယူထားနိုင္ပါတယ္။ ဘိုင္ယန္ျမဴးနစ္နဲ႔ ဘာစီလိုနာတို႔ပြဲစဥ္မွာ အနိုင္ရခဲ့အသင္းက ဆီမီးဖိုင္နယ္မွာ မန္စီးတီးနဲ႔ လိုင္ယြန္အသင္းတို႔ထဲက အနိုင္ရတဲ့အသင္းနဲ႔ ေတြ႕ဆုံသြားမွာ ျဖစ္ပါတယ္။