အာဆင်နယ်ကို သုံးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ဝီလ်ယမ် ဆေးစစ်မှုခံယူသွားမည်

0
317

 

တောင်ပံကစားသမား ဝီလ်ယမ်က ချဲလ်ဆီးအသင်းမှာ ခုနစ်ကြာ ကစားခဲ့ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ သုံးနှစ်စာချုပ်နဲ့ ရောက်ရှိလာဖို့ ရှိနေပါတယ်။ ၂၀၂၀-၂၁ ခုနှစ် ဘောလုံးရာသီက စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြန်လည်စတင်သွားမှာဖြစ်တဲ့အတွက် ဝီလ်ယမ်က အာဆင်နယ်ကို ရောက်ရှိဖို့ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဝီလ်ယမ်ဟာ အာဆင်နယ်အသင်းကို အမြန်ဆုံးရောက်ရှိလာနိုင်ဖို့ ပြုလုပ်နေသလို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်း ရရှိမှာ ဖြစ်ပါတယ်။ ဝီလ်ယမ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ချဲလ်ဆီးအသင်းကစားသမားဟောင်း ဖြစ်သူ ခံစစ်ကစားသမား ဒေးဗစ် လုဗ်နဲ့ ချဲလ်ဆီးနဲ့ စာချုပ်ပြည့်အပြီးမှာ ဗီဒီယိုနဲ့ စကားပြောခဲ့ကြပါတယ်။ လုဗ်က သူတို့နှစ်ယောက် စကားပြောနေတာကို ပြန်လည်ဖမ်းယူထားပြီး ၎င်းရဲ့ အင်စတာဂရမ်မှာ တင်ခဲ့သလို အမြဲတမ်း အတူတကွဆိုပြီး ရေးသားခဲ့ပါတယ်။

ဝီလ်ယမ်နဲ့ လုဗ်တို့ဟာ ချဲလ်ဆီးအသင်းကို ၂၀၁၃ ခုနှစ်မှာ အတူရောက်ရှိခဲ့ကြပြီး ဝီလ်ယမ်က မိုချန်ဂရာဘက်ချ်အသင်းကနေ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ ဒါပေမဲ့ လုဗ်က ချဲလ်ဆီးအသင်းကနေ ပီအက်စ်ဂျီ အသင်းမှာ တစ်နှစ် သွားရောက်ကစားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လုဗ်က ချဲလ်ဆီးအသင်းကို ပြန်လည်ရောက်ရှိ လာခဲ့ပြီး ၎င်းတို့နှစ် အတူကစားခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နွေရာသီမှာတော့ လုဗ်က အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက အသက် ၃၂ နှစ်အရွယ် ဝီလ်ယမ်ကို အသင်းမှာ ဆက်လက်ထိန်းထားလိုတဲ့အတွက် အသင်းဒါရိုက်တာ ဂရန်နိုစကီယာက နှစ်နှစ်စာချုပ်သက်တမ်း တိုးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဝီလ်ယမ်က ငြင်းဆန်ခဲ့ပါ တယ်။ ဝီလ်ယမ်က ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းပြီးဆုံးချိန်မှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ရှိနေသလို အက်ဖ်အေဖလား ချန်ပီယံဖြစ်တဲ့ အာဆင်နယ်အသင်းအတွက် နွေရာသီပြောင်းရွှေ့ကာလမှာ ပထမဆုံး ခေါ်ယူလိုက်တဲ့ ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္ကို သုံးႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ဖို႔ ဝီလ္ယမ္ ေဆးစစ္မႈခံယူသြားမည္

ေတာင္ပံကစားသမား ဝီလ္ယမ္က ခ်ဲလ္ဆီးအသင္းမွာ ခုနစ္ၾကာ ကစားခဲ့ၿပီး အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခ်ိန္မွာ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ သုံးႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိလာဖို႔ ရွိေနပါတယ္။ ၂၀၂၀-၂၁ ခုႏွစ္ ေဘာလုံးရာသီက စက္တင္ဘာ ၁၂ ရက္ေန႔မွာ ျပန္လည္စတင္သြားမွာျဖစ္တဲ့အတြက္ ဝီလ္ယမ္က အာဆင္နယ္ကို ေရာက္ရွိဖို႔ ေဆးစစ္မႈေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။
ဝီလ္ယမ္ဟာ အာဆင္နယ္အသင္းကို အျမန္ဆုံးေရာက္ရွိလာနိုင္ဖို႔ ျပဳလုပ္ေနသလို တစ္ပတ္လုပ္ခ ေပါင္တစ္သိန္း ရရွိမွာ ျဖစ္ပါတယ္။ ဝီလ္ယမ္ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ခ်ဲလ္ဆီးအသင္းကစားသမားေဟာင္း ျဖစ္သူ ခံစစ္ကစားသမား ေဒးဗစ္ လုဗ္နဲ႔ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္ျပည့္အၿပီးမွာ ဗီဒီယိုနဲ႔ စကားေျပာခဲ့ၾကပါတယ္။ လုဗ္က သူတို႔ႏွစ္ေယာက္ စကားေျပာေနတာကို ျပန္လည္ဖမ္းယူထားၿပီး ၎ရဲ့ အင္စတာဂရမ္မွာ တင္ခဲ့သလို အျမဲတမ္း အတူတကြဆိုၿပီး ေရးသားခဲ့ပါတယ္။
ဝီလ္ယမ္နဲ႔ လုဗ္တို႔ဟာ ခ်ဲလ္ဆီးအသင္းကို ၂၀၁၃ ခုႏွစ္မွာ အတူေရာက္ရွိခဲ့ၾကၿပီး ဝီလ္ယမ္က မိုခ်န္ဂရာဘက္ခ်္အသင္းကေန ေျပာင္းေရႊ႕လာသူ ျဖစ္ပါတယ္။ ဒါေပမဲ့ လုဗ္က ခ်ဲလ္ဆီးအသင္းကေန ပီအက္စ္ဂ်ီ အသင္းမွာ တစ္ႏွစ္ သြားေရာက္ကစားခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ လုဗ္က ခ်ဲလ္ဆီးအသင္းကို ျပန္လည္ေရာက္ရွိ လာခဲ့ၿပီး ၎တို႔ႏွစ္ အတူကစားခဲ့ၾကပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ေႏြရာသီမွာေတာ့ လုဗ္က အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕လာခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းက အသက္ ၃၂ ႏွစ္အရြယ္ ဝီလ္ယမ္ကို အသင္းမွာ ဆက္လက္ထိန္းထားလိုတဲ့အတြက္ အသင္းဒါရိုက္တာ ဂရန္နိုစကီယာက ႏွစ္ႏွစ္စာခ်ဳပ္သက္တမ္း တိုးဖို႔ ကမ္းလွမ္းခဲ့ေပမဲ့ ဝီလ္ယမ္က ျငင္းဆန္ခဲ့ပါ တယ္။ ဝီလ္ယမ္က ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္းၿပီးဆုံးခ်ိန္မွာ အာဆင္နယ္ကို ေျပာင္းေရႊ႕ဖို႔ ရွိေနသလို အက္ဖ္ေအဖလား ခ်န္ပီယံျဖစ္တဲ့ အာဆင္နယ္အသင္းအတြက္ ေႏြရာသီေျပာင္းေရႊ႕ကာလမွာ ပထမဆုံး ေခၚယူလိုက္တဲ့ ကစားသမားျဖစ္လာမွာ ျဖစ္ပါတယ္။