အိမ်ကွင်းမှာ ဘာစီလိုနာတစ်ဂိုးအသာလောက်နဲ့ပဲ နောက်တစ်ဆင့်တက်လှမ်းနိုင်အောင် ပြုလုပ်သွားမှာပါ

0
436

 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ နာပိုလီအသင်းတို့ဟာ ဘာစီလိုနာရဲ့ အိမ်ကွင်းပွဲ အဖြစ် ၉-၈-၂၀၂၀ ရက် တနင်္ဂနွေနေ့နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ပထမအကျော့ နာပိုလီကွင်းမှာ ၁-၁ သရေရလဒ် ဖြစ်ထားလို့ ဘာစီလိုနာကအိမ်ကွင်းမှာ အနိုင်ရလဒ်အတွက် ကြိုးစားသွားနိုင်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးငါးကြိမ်

နာပိုလီ ၁ – ၁ ဘာစီလိုနာ(ချန်ပီယံလိဂ်)

ဘာစီလိုနာ ၄ – ၀ နာပိုလီ(ခြေစမ်းပွဲ)

ဘာစီလိုနာ ၂ – ၁ နာပိုလီ(ခြေစမ်းပွဲ)

ဘာစီလိုနာ ၁ – ၁ နာပိုလီ(ခြေစမ်းပွဲ)

ဘာစီလိုနာ ၅ – ၁ နာပိုလီ(ခြေစမ်းပွဲ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဘာစီလိုနာက လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး နာပိုလီက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ ဘာစီလိုနာအသင်းက ချန်ပီယံလိဂ် နောက်ဆုံး ခုနစ်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ နာပိုလီအသင်းကလည်း ချန်ပီယံလိဂ် နောက်ဆုံးခုနစ်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ယခုနှစ် ချန်ပီယံလိဂ် အဝေးကွင်းပွဲ သုံးပွဲကစားအပြီးမှာ နာပိုလီက တစ်ပွဲနိုင် နှစ်ပွဲသရေ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဘာစီလိုနာက ချန်ပီယံလိဂ် အိမ်ကွင်းပွဲ ၃၅ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ၃၁ နိုင် လေးပွဲသရေ ဖြစ်ထားပါတယ်။

ဘာစီလိုနာအသင်းမှာ ဒမ်ဘီလီက ဒဏ်ရာရနေပြီး ဗီဒဲလ်နဲ့ ဘက်ကွက်ဇ်တို့က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ နာပိုလီအသင်းမှာ မန်စီနိုဗစ်က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဘာစီလိုနာက အိမ်ကွင်းမှာ အနိုင်ရဖို့ ၆၅% ရှိနေပြီး သရေဖြစ်ဖို့ ၁၀% နဲ့ နာပိုလီအနိုင်ရဖို့က ၂၅% ရှိနေပါတယ်။

Zawgyi

အိမ္ကြင္းမွာ ဘာစီလိုနာတစ္ဂိုးအသာေလာက္နဲ႔ပဲ ေနာက္တစ္ဆင့္တက္လွမ္းနိုင္ေအာင္ ျပဳလုပ္သြားမွာပါ

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ဘာစီလိုနာအသင္းနဲ႔ နာပိုလီအသင္းတို႔ဟာ ဘာစီလိုနာရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၉-၈-၂၀၂၀ ရက္ တနဂၤေႏြေန႔နံနက္ ၁း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ပထမအေက်ာ့ နာပိုလီကြင္းမွာ ၁-၁ သေရရလဒ္ ျဖစ္ထားလို႔ ဘာစီလိုနာကအိမ္ကြင္းမွာ အနိုင္ရလဒ္အတြက္ ႀကိဳးစားသြားနိုင္ပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးငါးႀကိမ္
နာပိုလီ ၁ – ၁ ဘာစီလိုနာ(ခ်န္ပီယံလိဂ္)
ဘာစီလိုနာ ၄ – ၀ နာပိုလီ(ေျခစမ္းပြဲ)
ဘာစီလိုနာ ၂ – ၁ နာပိုလီ(ေျခစမ္းပြဲ)
ဘာစီလိုနာ ၁ – ၁ နာပိုလီ(ေျခစမ္းပြဲ)
ဘာစီလိုနာ ၅ – ၁ နာပိုလီ(ေျခစမ္းပြဲ)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ဘာစီလိုနာက ေလးပြဲနိုင္ တစ္ပြဲသေရ တစ္ပြဲရႈံးထားၿပီး နာပိုလီက သုံးပြဲနိုင္ တစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားပါတယ္။ ဘာစီလိုနာအသင္းက ခ်န္ပီယံလိဂ္ ေနာက္ဆုံး ခုနစ္ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ နာပိုလီအသင္းကလည္း ခ်န္ပီယံလိဂ္ ေနာက္ဆုံးခုနစ္ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ ယခုႏွစ္ ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲ သုံးပြဲကစားအၿပီးမွာ နာပိုလီက တစ္ပြဲနိုင္ ႏွစ္ပြဲသေရ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ ဘာစီလိုနာက ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲ ၃၅ ပြဲ ရႈံးပြဲမရွိ ျဖစ္ေပၚထားၿပီး ၃၁ နိုင္ ေလးပြဲသေရ ျဖစ္ထားပါတယ္။
ဘာစီလိုနာအသင္းမွာ ဒမ္ဘီလီက ဒဏ္ရာရေနၿပီး ဗီဒဲလ္နဲ႔ ဘက္ကြက္ဇ္တို႔က ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ နာပိုလီအသင္းမွာ မန္စီနိုဗစ္က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဘာစီလိုနာက အိမ္ကြင္းမွာ အနိုင္ရဖို႔ ၆၅% ရွိေနၿပီး သေရျဖစ္ဖို႔ ၁၀% နဲ႔ နာပိုလီအနိုင္ရဖို႔က ၂၅% ရွိေနပါတယ္။