အိမ်ကွင်းမှာ ရင်ဆိုင်ရမဲ့ ရီးရဲလ်မက်ဒရစ်ဆိုတာ အကောင်းဆုံးအသင်းတစ်သင်းဖြစ်ကြောင်း ရိုဒရီ သတိပေးပြောကြား

0
276

 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် မန်စီးတီးအသင်းက အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ မန်စီးတီးက ပထမအကျော့မှာ ၂-၁ နဲ့ အနိုင်ရခဲ့ပေမဲ့ အိမ်ကွင်းမှာ ဒုတိယအကျော့တွေ့ဆုံချိန်မှာ ရလဒ်ကောင်းဖြစ်ဖို့ လိုအပ်နေသလို ရီးရဲလ်မက်ဒရစ်ဟာ အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာကို မမေ့ဖို့ အသင်းဖော်တွေကို မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက သတိပေးပြောကြားလိုက်ပါတယ်။ ရိုဒရီဟာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်ကနေ မန်စီးတီးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၆၂ သန်းနဲ့ ရောက်ရှိလာတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ရိုဒရီက “ ကွျန်တော်တို့တွေဟာ တချို့သောအရွေ့တွေမှာ နာကျင်ခံစားနေရတာတွေနဲ့ သွားနေရတယ်။ ဒါပေမဲ့ ကွျန်တော်တို့မှာ ဖြတ်ကျော်သွားနိုင်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရရှိထားကြပါတယ်။ ကွျန်တော်တို့တွေ ဒီပွဲစဉ် တစ်ပွဲတစ်ခုထဲမဟုတ်ဘဲ ချန်ပီယံလိဂ်မှာ အနိုင်ရနိုင်ပါတယ် ” လို့ ပြောပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ အဆင့်နှစ်နေရာနဲ့ ကျေနပ်ခဲ့ရပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါချန်ပီယံဖြစ်ထားသလို ချန်ပီယံလိဂ်မှာလည်း ဖလား ၁၃ ကြိမ် ရယူထားနိုင်ပြီး ချန်ပီယံလိဂ် ဖလားအများဆုံး ရယူထားတဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်။

မန်စီးတီးအသင်းမန်နေဂျာ ဂွါဒီယိုလာက “ သုံးသပ်ဖို့ အရမ်းကို ခက်ခဲပါတယ်။ ဒီပွဲက ဘာဖြစ်လို့ ခက်ခဲ တာလဲဆိုရင် မင်းက သူ့ရဲ့ နည်းစနစ် အစီအစဉ်တစ်ခုက ဒီလို ဖြစ်လာနိုင်တယ်လို့ တွေးထင်ထားပေမဲ့ သူက အခြားအစီအစဉ်တစ်ခုနဲ့ မင်းကို ထိုးနှက်သွားပါလိမ့်မယ်။ ကွျန်တော့်တို့တွေက ပြိုင်ပွဲတွေ ရပ်ဆိုင်းထားချိန်မှာ သူတို့အသင်းရဲ့ ကစားပုံတွေကို ကြည့်ခဲ့ကြတယ်။ ကွျန်တော်တို့ ဘယ်လိုတွေးထင်ထားတယ်ဆိုတာတွေ ပြောခဲ့ ကြတယ်။ သူတို့တွေကို ဘယ်လိုမျိုးနာကျင်စရာဖြစ်အောင် လုပ်ကြမယ်ဆိုတာတွေ ပြောခဲ့ကြတယ်။ ဒီအရာတွေ အတွက် ကွျန်တော်တို့တွေက ကစားရမဲ့ ပြိုင်ပွဲအပေါ်မှာ အာရုံစူးစိုက်ပြီး တည်ဆောက်ကြဖို့ပါပဲ ” လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဟာဇက်ဟာ ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာပြီး မန်စီးတီးနဲ့ ပွဲစဉ်မှာ ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။ ဟာဇက်နဲ့ ပတ်သက်ပြီး ရိုဒရီက “ ကွျန်တော်တို့တွေ အဆင်သင့် ပြုလုပ်ထားပါတယ်။ ကွျန်တော်တို့ အသင်းရဲ့ ကစားသမားတွေကလည်း ကစားသမားကောင်းတွေနဲ့ ရင်ဆိုင်နိုင်ပါတယ်။ ဘယ်သူက ထိပ်တန်းကစားသမားဖြစ်တယ်ဆိုတာ ပြောစရာ မလိုပါဘူး။ ဟာဇက်က ကမ္ဘာ့ဘောလုံးလောကမှာ ကစားသမားကောင်းတစ်ဦးအဖြစ် နှစ်ပေါင်းများ ရပ်တည်နေသူ ဖြစ်ပါတယ်။ ဘယ်သူမဆို ပြိုင်ပွဲတစ်ပွဲရဲ့ ရလဒ်ပိုင်းကို ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ သူ ဘောလုံးဆွဲလာပြီး ဆိုရင်တော့ အန္တရာယ်ရှိလို့ ကွျန်တော်တို့တွေက နိုးနိုးကြားကြားရှိနေကြမှာပါ ” လို့ ပြောပါတယ်။

Zawgyi

အိမ္ကြင္းမွာ ရင္ဆိုင္ရမဲ့ ရီးရဲလ္မက္ဒရစ္ဆိုတာ အေကာင္းဆုံးအသင္းတစ္သင္းျဖစ္ေၾကာင္း ရိုဒရီ သတိေပးေျပာၾကား

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ မန္စီးတီးအသင္းက အိမ္ကြင္းမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။ မန္စီးတီးက ပထမအေက်ာ့မွာ ၂-၁ နဲ႔ အနိုင္ရခဲ့ေပမဲ့ အိမ္ကြင္းမွာ ဒုတိယအေက်ာ့ေတြ႕ဆုံခ်ိန္မွာ ရလဒ္ေကာင္းျဖစ္ဖို႔ လိုအပ္ေနသလို ရီးရဲလ္မက္ဒရစ္ဟာ အသင္းေကာင္းတစ္သင္းျဖစ္တယ္ဆိုတာကို မေမ့ဖို႔ အသင္းေဖာ္ေတြကို မန္စီးတီးကြင္းလယ္ကစားသမား ရိုဒရီက သတိေပးေျပာၾကားလိုက္ပါတယ္။ ရိုဒရီဟာ စပိန္ကလပ္ အက္သလက္တီကိုမက္ဒရစ္ကေန မန္စီးတီးကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၆၂ သန္းနဲ႔ ေရာက္ရွိလာတဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။
ရိုဒရီက “ ကြ်န္ေတာ္တို႔ေတြဟာ တခ်ိဳ႕ေသာအေရြ႕ေတြမွာ နာက်င္ခံစားေနရတာေတြနဲ႔ သြားေနရတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔မွာ ျဖတ္ေက်ာ္သြားနိုင္မယ္ဆိုတဲ့ စိတ္ဓာတ္ေတြ ရရွိထားၾကပါတယ္။ ကြ်န္ေတာ္တို႔ေတြ ဒီပြဲစဥ္ တစ္ပြဲတစ္ခုထဲမဟုတ္ဘဲ ခ်န္ပီယံလိဂ္မွာ အနိုင္ရနိုင္ပါတယ္ ” လို႔ ေျပာပါတယ္။
မန္စီးတီးဟာ ပရီးမီးယားလိဂ္မွာ အဆင့္ႏွစ္ေနရာနဲ႔ ေက်နပ္ခဲ့ရေပမဲ့ ရီးရဲလ္မက္ဒရစ္အသင္းက လာလီဂါခ်န္ပီယံျဖစ္ထားသလို ခ်န္ပီယံလိဂ္မွာလည္း ဖလား ၁၃ ႀကိမ္ ရယူထားနိုင္ၿပီး ခ်န္ပီယံလိဂ္ ဖလားအမ်ားဆုံး ရယူထားတဲ့ အသင္းတစ္သင္း ျဖစ္ေနပါတယ္။
မန္စီးတီးအသင္းမန္ေနဂ်ာ ဂြါဒီယိုလာက “ သုံးသပ္ဖို႔ အရမ္းကို ခက္ခဲပါတယ္။ ဒီပြဲက ဘာျဖစ္လို႔ ခက္ခဲ တာလဲဆိုရင္ မင္းက သူ႔ရဲ့ နည္းစနစ္ အစီအစဥ္တစ္ခုက ဒီလို ျဖစ္လာနိုင္တယ္လို႔ ေတြးထင္ထားေပမဲ့ သူက အျခားအစီအစဥ္တစ္ခုနဲ႔ မင္းကို ထိုးႏွက္သြားပါလိမ့္မယ္။ ကြ်န္ေတာ့္တို႔ေတြက ၿပိဳင္ပြဲေတြ ရပ္ဆိုင္းထားခ်ိန္မွာ သူတို႔အသင္းရဲ့ ကစားပုံေတြကို ၾကည့္ခဲ့ၾကတယ္။ ကြ်န္ေတာ္တို႔ ဘယ္လိုေတြးထင္ထားတယ္ဆိုတာေတြ ေျပာခဲ့ ၾကတယ္။ သူတို႔ေတြကို ဘယ္လိုမ်ိဳးနာက်င္စရာျဖစ္ေအာင္ လုပ္ၾကမယ္ဆိုတာေတြ ေျပာခဲ့ၾကတယ္။ ဒီအရာေတြ အတြက္ ကြ်န္ေတာ္တို႔ေတြက ကစားရမဲ့ ၿပိဳင္ပြဲအေပၚမွာ အာ႐ုံစူးစိုက္ၿပီး တည္ေဆာက္ၾကဖို႔ပါပဲ ” လို႔ ဆိုပါတယ္။
ရီးရဲလ္မက္ဒရစ္အသင္းရဲ့ တိုက္စစ္ကစားသမား ဟာဇက္ဟာ ေျခက်င္းဝတ္ဒဏ္ရာကေန ျပန္လည္ ေကာင္းမြန္လာၿပီး မန္စီးတီးနဲ႔ ပြဲစဥ္မွာ ပါဝင္လာနိုင္ဖို႔ ရွိေနပါတယ္။ ဟာဇက္နဲ႔ ပတ္သက္ၿပီး ရိုဒရီက “ ကြ်န္ေတာ္တို႔ေတြ အဆင္သင့္ ျပဳလုပ္ထားပါတယ္။ ကြ်န္ေတာ္တို႔ အသင္းရဲ့ ကစားသမားေတြကလည္း ကစားသမားေကာင္းေတြနဲ႔ ရင္ဆိုင္နိုင္ပါတယ္။ ဘယ္သူက ထိပ္တန္းကစားသမားျဖစ္တယ္ဆိုတာ ေျပာစရာ မလိုပါဘူး။ ဟာဇက္က ကမၻာ့ေဘာလုံးေလာကမွာ ကစားသမားေကာင္းတစ္ဦးအျဖစ္ ႏွစ္ေပါင္းမ်ား ရပ္တည္ေနသူ ျဖစ္ပါတယ္။ ဘယ္သူမဆို ၿပိဳင္ပြဲတစ္ပြဲရဲ့ ရလဒ္ပိုင္းကို ေျပာင္းလဲနိုင္စြမ္းရွိၾကပါတယ္။ သူ ေဘာလုံးဆြဲလာၿပီး ဆိုရင္ေတာ့ အႏၲရာယ္ရွိလို႔ ကြ်န္ေတာ္တို႔ေတြက နိုးနိုးၾကားၾကားရွိေနၾကမွာပါ ” လို႔ ေျပာပါတယ္။