ဦးစားပေးဂိုးသမားအဖြစ်ဆက်ရှိနေမယ်လို့ ဒီဂီယာယုံကြည်ထား

0
311

မန်ယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာက သူ့ရဲ့အနာဂတ်အတွက် ထင်ကြေးပေးမှုတွေ ပေါ်ထွက်နေပေမဲ့ အသင်းမှာ နံပါတ်တစ်ဂိုးသမားအဖြစ် ဆက်ရှိနေနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။ ဒီဂီယာဟာ ၂၀၁၉-၂၀ ဘောလုံးရာသီအတွင်းမှာ လက်စွမ်းပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင် ခံရတာတွေရှိခဲ့သလို အထူးသဖြင့် ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အမှားလုပ်ခဲ့တာတွေပါပဲ။

လတ်တလောမှာတော့ မန်ယူနိုက်တက်အသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းကို အငှားချထားတဲ့ ဂိုးသမား ဒင်းဟန်ဒါဆင်ကို ဒီဂီယာနေရာ အစားထိုးဖို့အတွက် ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလား၊ လိဂ်ဖလားနဲ့ ကွန်မြူနတီ ဒိုင်းဖလားတွေ ဆွတ်ခူးထားနိုင်တဲ့ ဒီဂီယာကတော့ သူ့အနေနဲ့ လက်ရှိနေရာကို ဆက်ထိန်းထားနိုင်မယ်လို့ ယုံ ကြည်နေတာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိထားတဲ့ ဒီဂီယာက “ ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်မှုရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအားလုံးမှာ ကျွန်တော့်အရည်အသွေးကို ပြသခဲ့ပြီးပါပြီ။ ဒါကြောင့် ကျွန်တော်ဟာ နည်းပြအတွက် ဆက်ပြီးလုပ်ဆောင်ပေးသွားနိုင်ဦးမှာပါ။ ကျွန်တော်ဟာ ပွဲကစားဖို့နဲ့ အသင်းဖော်တွေကို ကူညီပေးဖို့ အမြဲတမ်းအသင့်ရှိနေပါတယ်။ အမြဲတမ်း ကျွန်တော် အဲလိုပဲလုပ်တာပါ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ဒီရာသီဟာ မန်ယူနိုက်တက်အသင်းအတွက် စိတ်ပျက်စရာ ဘောလုံးရာသီဖြစ်ခဲ့ပြီး မကြာသေးခင်ကလည်း ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ဆီဗီလာကိုရှုံးပြီး ထွက်ခွာခဲ့ရပါတယ်။

(zawgyi)

ဦးစားေပးဂိုးသမားအျဖစ္ဆက္ရွိေနမယ္လို႔ ဒီဂီယာယုံၾကည္ထား

မန္ယူႏုိက္တက္ဂိုးသမား ေဒးဗစ္ဒီဂီယာက သူ႕ရဲ႕အနာဂတ္အတြက္ ထင္ေၾကးေပးမႈေတြ ေပၚထြက္ေနေပမဲ့ အသင္းမွာ နံပါတ္တစ္ဂိုးသမားအျဖစ္ ဆက္ရွိေနႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ထားေၾကာင္း ထုတ္ေဖာ္ေျပာၾကား သြားခဲ့ပါတယ္။ ဒီဂီယာဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီအတြင္းမွာ လက္စြမ္းပိုင္းနဲ႔ပတ္သက္ၿပီး ေ၀ဖန္ျပစ္တင္ ခံရတာေတြရွိခဲ့သလို အထူးသျဖင့္ ၿပီးခဲ့တဲ့လက ကစားခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ အက္ဖ္ေအဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွာ အမွားလုပ္ခဲ့တာေတြပါပဲ။

လတ္တေလာမွာေတာ့ မန္ယူႏုိက္တက္အသင္းဟာ ရွက္ဖီးယူႏုိက္တက္အသင္းကို အငွားခ်ထားတဲ့ ဂိုးသမား ဒင္းဟန္ဒါဆင္ကို ဒီဂီယာေနရာ အစားထိုးဖို႔အတြက္ ျပန္လည္ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ မန္ယူႏုိက္တက္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလား၊ ယူရိုပါလိဂ္ဖလား၊ လိဂ္ဖလားနဲ႔ ကြန္ျမဴနတီ ဒိုင္းဖလားေတြ ဆြတ္ခူးထားႏုိင္တဲ့ ဒီဂီယာကေတာ့ သူ႕အေနနဲ႔ လက္ရွိေနရာကို ဆက္ထိန္းထားႏုိင္မယ္လို႔ ယုံ ၾကည္ေနတာျဖစ္ပါတယ္။

မန္ယူႏုိက္တက္အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ရွိထားတဲ့ ဒီဂီယာက “ ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ ယုံၾကည္မႈရွိပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအားလုံးမွာ ကၽြန္ေတာ့္အရည္အေသြးကို ျပသခဲ့ၿပီးပါၿပီ။ ဒါေၾကာင့္ ကၽြန္ေတာ္ဟာ နည္းျပအတြက္ ဆက္ၿပီးလုပ္ေဆာင္ေပးသြားႏိုင္ဦးမွာပါ။ ကၽြန္ေတာ္ဟာ ပြဲကစားဖို႔နဲ႔ အသင္းေဖာ္ေတြကို ကူညီေပးဖို႔ အၿမဲတမ္းအသင့္ရွိေနပါတယ္။ အၿမဲတမ္း ကၽြန္ေတာ္ အဲလိုပဲလုပ္တာပါ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။ ဒီရာသီဟာ မန္ယူႏုိက္တက္အသင္းအတြက္ စိတ္ပ်က္စရာ ေဘာလုံးရာသီျဖစ္ခဲ့ၿပီး မၾကာေသးခင္ကလည္း ယူရိုပါလိဂ္ဆီမီးဖိုင္နယ္မွာ ဆီဗီလာကိုရႈံးၿပီး ထြက္ခြာခဲ့ရပါတယ္။