ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ ပရိသတ်မပါပေမဲ့ ပရိသတ်တွေကို သတိရနေကြာင်း မန်ချက်စတာယူနိုက်တက် အဖွဲ့ခေါင်းဆောင် ဆိုးရှားပြော

0
260

 

ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းဟာ ကိုပန်ဟေဂင်အသင်းနဲ့ ဂျာမနီနိုင့် ကိုလုံးမြို့မှာ ဩဂုတ်လ ၁၀ ရက်နေ့မှာ ကစားသွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေဟာ တနင်္ဂနွေနေ့မှာ ဂျာမနီနိုင်ငံကို ကွာတားဖိုင်နယ်ပွဲအတွက် အင်အားအပြည့် ချီတက်လာခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်အဖွဲ့သားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျာမနီနိုင်ငံမှာ အပြင်ထွက်ခွင့် ရမှာ မဟုတ်သလို ပြိုင်ပွဲပြီးဆုံးမဲ့ ဩဂုတ်လ ၂၁ ရက်နေ့အထိ ၁၃ ရက်ကြာ နေထိုင်သွားကြရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္လာနေ့ညမှာ ကိုလုံးမြို့ရဲ့ The Rhein Energie အားကစားကွင်းမှာ ကိုပန်ဟေဂင်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ပြိုင်ပွဲပြီးဆုံးမှ ဂျာမနီ ကနေ ပြန်လာရမှာ ဖြစ်တဲ့အတွက် ယူရိုပါလိဂ်ဖလား ရရှိဖို့ မျှော်လင့်နေကြပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ယူရိုပါလိဂ် ထပ်မံကစားခွင့်ရရှိတာ ဖြစ်ပြီး ဖလားရရှိရေးဟာ လက်တစ်ကမ်းမှာ ရှိနေပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲတွေကိုတော့ ပရိသတ်မပါဝင်ဘဲ ကစားသွားရမှာ ဖြစ်ပါတယ်။

ဆိုးရှားက “ ကွျန်တော်တို့တွေက သူစိမ်းဆန်တဲ့ ကာလအပိုင်းအခြားနဲ့ သူစိမ်းဆန်တဲ့ အချိန်တွေဖြစ်နေ ပါတယ်။ ဒါပေမဲ့ ဒီအရာတွေပေါ်မှာ ကွျန်တော်တို့ ရယူမှုတွေ များစွာပြုလုပ်ခဲ့ကြပြီပါပြီ။ တကယ်လို့ ကွျန်တော် တို့ ဆီမီးဖိုင်နယ်နဲ့ဖိုင်နယ်အဆင့်တွေကို တက်ရောက်ခဲ့ရင်လည်း ကစားသမားတွေ၊ နည်းပြအဖွဲ့တွေ အသင်းက လူတွေနဲ့ ဖြတ်သန်းရမှာဖြစ်ပြီး ခက်ခဲတဲ့ကာလအတွင်း အကောင်းဆုံးဖြစ်အောင်တော့ ပြုလုပ်သွားကြမှာပါ။ လက်ရှိအနေအထားက ဘောလုံးပြိုင်ပွဲလို ဖြစ်မနေသလို အနည်းငယ်ပြောင်းလဲနေပါတယ်။ ပရိသတ်တွေ အဝေးမှာ ကစားနေရပေမဲ့ ပရိသတ်တွေကို သတိရနေသလို ပရိသတ်တွေ ရှိသလို ခံစားနေပါတယ် ” လို့ ပြောပါ တယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၇ ခုနှစ် မော်ရင်ဟိုရဲ့ လက်ထက်မှာ အေဂျက်အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်ဖလားကို နောက်ဆုံးရယူထားပါတယ်။

Zawgyi

ယူရိုပါလိဂ္ ကြာတားဖိုင္နယ္မွာ ပရိသတ္မပါေပမဲ့ ပရိသတ္ေတြကို သတိရေနၾကာင္း မန္ခ်က္စတာယူနိုက္တက္ အဖြဲ႕ေခါင္းေဆာင္ ဆိုးရွားေျပာ

ယူရိုပါလိဂ္ကြာတားဖိုင္နယ္ပြဲအျဖစ္ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ကိုပန္ေဟဂင္အသင္းနဲ႔ ဂ်ာမနီနိုင့္ ကိုလုံးၿမိဳ႕မွာ ဩဂုတ္လ ၁၀ ရက္ေန႔မွာ ကစားသြားရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းသားေတြဟာ တနဂၤေႏြေန႔မွာ ဂ်ာမနီနိုင္ငံကို ကြာတားဖိုင္နယ္ပြဲအတြက္ အင္အားအျပည့္ ခ်ီတက္လာခဲ့ၾကပါတယ္။
မန္ခ်က္စတာယူနိုက္တက္အဖြဲ႕သားေတြဟာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဂ်ာမနီနိုင္ငံမွာ အျပင္ထြက္ခြင့္ ရမွာ မဟုတ္သလို ၿပိဳင္ပြဲၿပီးဆုံးမဲ့ ဩဂုတ္လ ၂၁ ရက္ေန႔အထိ ၁၃ ရက္ၾကာ ေနထိုင္သြားၾကရမွာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ တနလၤာေန႔ညမွာ ကိုလုံးၿမိဳ႕ရဲ့ The Rhein Energie အားကစားကြင္းမွာ ကိုပန္ေဟဂင္အသင္းနဲ႔ ကစားရမွာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းက ၿပိဳင္ပြဲၿပီးဆုံးမွ ဂ်ာမနီ ကေန ျပန္လာရမွာ ျဖစ္တဲ့အတြက္ ယူရိုပါလိဂ္ဖလား ရရွိဖို႔ ေမၽွာ္လင့္ေနၾကပါတယ္။ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ယူရိုပါလိဂ္ ထပ္မံကစားခြင့္ရရွိတာ ျဖစ္ၿပီး ဖလားရရွိေရးဟာ လက္တစ္ကမ္းမွာ ရွိေနပါတယ္။ ဒါေပမဲ့ ၿပိဳင္ပြဲေတြကိုေတာ့ ပရိသတ္မပါဝင္ဘဲ ကစားသြားရမွာ ျဖစ္ပါတယ္။
ဆိုးရွားက “ ကြ်န္ေတာ္တို႔ေတြက သူစိမ္းဆန္တဲ့ ကာလအပိုင္းအျခားနဲ႔ သူစိမ္းဆန္တဲ့ အခ်ိန္ေတြျဖစ္ေန ပါတယ္။ ဒါေပမဲ့ ဒီအရာေတြေပၚမွာ ကြ်န္ေတာ္တို႔ ရယူမႈေတြ မ်ားစြာျပဳလုပ္ခဲ့ၾကၿပီပါၿပီ။ တကယ္လို႔ ကြ်န္ေတာ္ တို႔ ဆီမီးဖိုင္နယ္နဲ႔ဖိုင္နယ္အဆင့္ေတြကို တက္ေရာက္ခဲ့ရင္လည္း ကစားသမားေတြ၊ နည္းျပအဖြဲ႕ေတြ အသင္းက လူေတြနဲ႔ ျဖတ္သန္းရမွာျဖစ္ၿပီး ခက္ခဲတဲ့ကာလအတြင္း အေကာင္းဆုံးျဖစ္ေအာင္ေတာ့ ျပဳလုပ္သြားၾကမွာပါ။ လက္ရွိအေနအထားက ေဘာလုံးၿပိဳင္ပြဲလို ျဖစ္မေနသလို အနည္းငယ္ေျပာင္းလဲေနပါတယ္။ ပရိသတ္ေတြ အေဝးမွာ ကစားေနရေပမဲ့ ပရိသတ္ေတြကို သတိရေနသလို ပရိသတ္ေတြ ရွိသလို ခံစားေနပါတယ္ ” လို႔ ေျပာပါ တယ္။
မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၂၀၁၇ ခုႏွစ္ ေမာ္ရင္ဟိုရဲ့ လက္ထက္မွာ ေအဂ်က္အသင္းကို ၂-၀ နဲ႔ အနိုင္ရခဲ့ၿပီး ယူရိုပါလိဂ္ဖလားကို ေနာက္ဆုံးရယူထားပါတယ္။